Saturday, May 21, 2011

Gtalk နဲ့  မြန်မာနိုင်ငံကို ဖုန်း Message ပို့ဖို့.......

Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။
ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။
ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။
အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။



gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။
လုပ်ကြည့်ကြည့်ပါ။
country code တွေ ခံစရာမလိုပါဘူး။
095217892 ဆိုတာနဲ့ရပါပြီး။
ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

Gtalk chat window ထဲမှာပဲ Youtube Video ကြည့်မယ်....

ကျွန်တော်လဲဘလော့လုပ်ထားပြီးမရေးပဲလိုက်ပဲဖတ်နေဖြစ်တာကြာပြီဆိုတော့
ဘလော့ကိုမျက်စိလည်လမ်းမှားပြီးတစ်ခါတစ်လေရောက်လာတဲ့သူတွေ
လောက်ပဲလာလာဖတ်ကြတယ်...ဟားဟား....အခုတော့မရေးတာလဲကြာပြီဆိုတော့
ပြီးတော့မြန်မာစစ်အဆိုးရ(အစိုးရမဟုတ်)က Ban ထားတဲ့ဗွီဒီယိုဟို့စတင်းဆိုက်
တစ်ခုဖြစ်တဲ့ www.youtube.com ကဗွီဒီယိုတွေ
ကိုမြန်မာပြည်ကသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Gtalk Chat window ထဲမှာပဲတစ်ခါ
ထဲပြလိုက်လို့ရတဲ့ဆော့ဖ်ဝဲလေးကိုတွေ့မိလို့ပို့စ်လေးတစ်ခုလဲဖြစ်အောင်ပြန်ပြီး
မျှလိုက်ပါတယ်ဗျာ...အဲဒီဆော့ဖ်ဝဲကဂျီတော့ရဲ့ဘက်ဂရောင်းပုံတွေဘာတွေကအစ
ကိုယ့်ပုံကိုပြောင်းချင်တာပြောင်းလို့ရပါတယ်...တစ်ချို့သူတွေလက်ရှိသုံးနေတဲ့
Mytheme လိုဆော့ဖ်ဝဲမျိုးပါပဲ...ဒါပေမယ့်အဲဒီ Mytheme ကတော့ဘက်ဂရောင်းပုံ
တွေကိုကိုယ်ပြောင်းချင်တဲ့ပုံပြောင်းဖို့အတွက်အဆင်သင့်မပေးထားဘူး...
Advance level မှပဲရမယ်...လိုအပ်တဲ့ကုဒ်တွေကိုကွန်ပျူတာထဲမှာ
အဆင့်ဆင့်သွားရှာပြီးပြင်မှရတယ်ဆိုတော့သိတ်အလုပ်မဖြစ်ဘူး....
ဒါပေမယ့်အခုတော့ smileys,radio channels,TV news channel,
google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲ
မှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ....
၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာ
winrar ဆော့ဖ်ဝဲရှိဖို့တော့လိုအပ်ပါတယ်။
မရှိခဲ့လျှင်တော့ဒီမှာဒေါင်းလုပ်အရင်
လုပ်ဖို့လိုအပ်ပါမယ်...ပြီးလျှင်တော့
ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကိုဒီမှာအရင်ဒေါင်းလုပ်လုပ်ရပါမယ်။ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်
၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်....ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်...
ဒါဆိုရင်တော့အင်စတောလုပ်သည့်ဖြစ်စဉ်ပြီးဆုံးပြီဖြစ်ပါတယ်။
ပြီးလျှင်တတိယအဆင့်အနေနှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအား
အရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်
appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကို
ရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။
Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ....
ှStart--->Program-->Gtheme--->change background သို့သွား၍လိုချင်သည့်ပုံကို
ရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။

မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။

Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင်
google video အား sravi:gvideo: < Google Video Link Here in this Bracket>
Utube video ဆိုလျှင် sravi:utube:
ဟုမိမိပြချင်သည့်သူအား၎င်းနှင့်ချက်နေသည့်ဝင်းဒိုးလေးထဲတွင်ရေးထည့်ပေးလိုက်လျှင်
ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထား
လျှင်ကြည့်လို့ရပြီဖြစ်ပါတယ်။အထက်က youtube video link နေရာမှာ
ဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brown ရဲ့ with you
ဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်...လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်....
ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်....




Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့
အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အား
ဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်
လမ်းညွှန်ပြထားပါတယ်။
ပုံတွေဘာတွေတော့မဖော်ပြနိုင်တော့တာနားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်..
အဲဒီအတွက်တော့မူရင်းဝဘ်ဆိုက်မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်...
ပို့စ်အောက်ခြေအဆုံးနားတွင်မူရင်းဝဘ်ဆိုက်အား Credit ပေးဖော်ပြထားပါတယ်...

Credit = Mr Ravi Sharma
အထက်ပါပို့စ်အားMr Ravi Sharma's weblog မှသင့်တော်သလိုကြိုးစား၍လက်တွေ့နှင့်ယှဉ်ပြီးရေးသားထားပါသည်။

Thank you so much for your Gtheme version 2.0 , Mr Ravi Sharma
ဒုက္ခအမျိုးမျိုးပေးတဲ့စစ်အစိုးရဗျာ...ပို့စ်တွေရေးပြီးမှပဲကျွန်တော်
ပြန် Share ထားတဲ့ Gtheme version 2.0 ကိုတင်ထားတဲ့ File hosting site (www.fileden.com)ကို
...ဒီအတွက်တော့အဲဒီဆော့ဖ်ဝဲကိုမူရင်း
Mr Ravi Sharma ရဲ့ weblog မှာပဲသွားဒေါင်းလုပ်ဆွဲယူလိုက်ကြပါ...။ @kozaw

Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……






လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalkထဲကို Add လိုက်ပါ ….
ကိုယ်နဲ့ ပြောချင်တဲ့ သူတွေလဲ
service@gtalk2voip.com ကို အကုန်လိုက် Add ပါ … ပြီးရင် …Master
လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက …
service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး
ပြီးရင် Service ကနေ Master လုပ်တဲ့ သူဆီကို Misscall ၀င်လာမယ် …
Answer လိုက်ပါ … ။
ပြီးရင်. ..Service ကနေ cookies code ပေးလာလိမ့်မယ် …..
အဲဒီ Code ကို ကိုယ်နဲ့ တူတူပြောချင်တဲ့ သူတွေကို ပေးရလိမ့်မယ် …..
ပေးတဲ့ နေရာမှာ ထပ်ဖြည့်ပေးစရာရှိတယ် ..ဘာလဲဆိုတော့ … code ရဲ့
ရှေ့မှာ …. join/ ဆိုတာလေး ထည့်ပေးရမယ် …. ။ အပေါ်က ပုံထဲက code ကို
ဥပမာပြမယ် …ဒီလိုလေး … join/ FPDMJCD0IC19YAD2 အထူးသတိပြုရမှာက join/
ပြီးရင် Spacebar တစ်ချက်ကို ခြားပေးရမယ် … မခြားလို့ မရဘူးနော် ….
ခြားပြီးမှာ code ကို ဆက်ရေး ….. အဲဒါကို တစ်ဖက် ကိုယ်နဲ့
ပြောမည့်သူကိုပေးလိုက် …. တစ်ဖက်လူက ဘာလုပ်ရမလဲဆို ….(
အရမ်းပင်ပန်းတယ် … လျှာထုတ်ပြလိုက်မယ် လျှာထုတ်ပြလိုက်မယ်
လျှာထုတ်ပြလိုက်မယ်) Master လုပ်တဲ့ သူက ပေးတဲ့ code လေးကို
service@gtalk2voip.com ချက်ဘောက်မှာ ထည့်ပြီး ( copy , paste )
ပေးပြီး Enter ခေါက်လိုက် ….
အားလုံးအိုကေ သွားပြီ ……ကြိုက်သလောက် လူစုပြီး ပွားလို့ ရသည်…။ @kozaw

Thursday, May 19, 2011

How to find Run Box

ဒီလ ဒီရက်တွေက ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတာနဲ့ ဘလော့ကို လှည့်မကြည့်နိုင်ခဲ့ဘူး။ စာဖတ်သူများကိုလဲ အားနာပါရဲ့။ Window 7 မှာ Run Box မတွေ့ဘူးဆိုတဲ့ User များအတွက် ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ကြည့်ပါ။

၁) Start မှ All Program မှ Accessories ကို ဖွင့်ပါ။
၂) Run ဆိုတာကို တွေ့ရပါလိမ့်မယ်။

နောက်တစ်နည်းကတော့ Start ကို နှိပ်လိုက်ရင် All Program အောက်က Search box ရှိပါတယ်။ အဲဒီမှာ Run လို့ ရိုက်လိုက်ရင် ဖွင့်ပါတယ်။ အဆင်ပြေပါစေ။


မောင်စေတနာ

Gtalk တွင် Music Name ဖော်နည်း

မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်ချင်တယ်လို့ မေးလာတဲ့ စာဖတ်သူအတွက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ သီချင်းကို Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ Window Media Player ဘယ် Version နဲ့ အဆင်ပြေမလဲတော့ သေချာမသိပါဘူး။

မိမိ အသုံးပြုနေတဲ့ Window Media Player က Version 11 ပါ။ ကျန်တဲ့ Version တွေမှာ လုပ်လို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကြိုတင်ပြောကြားထားခြင်း ဖြစ်ပါတယ်။ လုပ်နည်းကတော့

(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။

မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာပါလိမ့်မည်။ အဆင်ပြေပါစေ။


မောင်စေတနာ

Priority Inbox from Gmail

Priority Inbox ဆိုပြီး Gmail ရဲ့ ၀န်ဆောင်မှု အသစ်ကို စတင်ပေးထားတာ တစ်ပတ်ပင် ပြည့်ပါပြီ။ အသုံးဝင်ကတော့ မိမိတို့ဆီ ရောက်ရှိလာတဲ့ မေးလ်တွေ အပေါ် ခွဲခြမ်း စိတ်ဖြာပေးတာပါ။ အရေးကြီး၊ အရေးမကြီးနဲ့ မဖတ်ရသေး စတာတွေကို မြင်သာ ထင်သာအောင် ခွဲခြားပေးထားပါတယ်။


မိမိရဲ့ မေးလ်တွေမှာပဲ အရေးကြီးတယ်ဆိုပြီး Star လုပ်ထားတာတွေကိုလည်း တစ်ခါတည်း ခွဲခြားပေးထားပါတယ်။ ခွဲခြားပေးထားလို့ အချိန်မရွေး လွယ်ကူစွာ ပြန်လည် ဖွင့်ကြည့်နိုင်ပါတယ်။ အကောင်းဆုံး မဟုတ်တောင် သုံးစွဲဖို့ သင့်လျော်ပါတယ်။ အပန်းမကြီးတဲ့ အရာလေး တစ်ခုပါ။ သုံးချင်သူများက Setting ဘယ်ဘက်မှာ New Priority Inbox ဆိုတဲ့ စာတန်းလေးကိုသာ ကလစ်လိုက်ရုံပါ။ Google Cheer !

မောင်စေတနာ

Change Folder Background

Window XP ရဲ့ Folder နောက်ခံတွေ ပြောင်းချင်တဲ့ စာဖတ်သူရဲ့ မေးမြန်းချက်မှာ မိမိသိတဲ့အတွက် ဖြေကြားပေးလိုက်ပါတယ်။ အရင်ဦး မိမိသုံးချင်တဲ့ Folder ကို ဖွင့်ထားပါ။ ဥပမာ- All Data အမည်ရှိ folder တစ်ခုကို ဖွင့်ထားတယ် ဆိုပါတော့။

၁) Control Panel ထဲက folder option ကို ဖွင့်ပါ။ View tab ကို သွားပါ။
၂) show hidden files and folders ကို ရွေးပေးပါ။ apply ။ Ok လုပ်ပါ။
၃) Notepad ကို ဖွင့်ပြီး အောက်က ကုဒ်တွေကို Copy ကူးယူပြီး ထည့်လိုက်ပါ။

[ExtShellFolderViews]
{BE098140-A513-11D0-A3A4-00C04FD706EC}={BE098140-A513-11D0-A3A4-00C04FD706EC}
[{BE098140-A513-11D0-A3A4-00C04FD706EC}]
IconArea_Image=C:\Windows\Greenstone.bmp

၎) desktop.ini အမည်နဲ့ Save လုပ်ပါ။
(အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိသုံးချင်တဲ့ ပုံလမ်းကြောင်းကို ပြောင်းလဲရမှာပါ)
၅) ပုံက .bmp အမျိုးအစား ဖြစ်ရပါမယ်။
၆) ခုနက ပြောထားတဲ့ folder ထဲမှာ မိမိနောက်ခံပြောင်းချင်တဲ့ desktop.ini ဖိုင်ရော ဓာတ်ပုံပါ ရှိနေရမှာပါ။
၇) ပိတ်ပြီး ပြန်ဖွင့်ရင် folder Background ပြောင်းနေပါလိမ့်မယ်။

နောက်တစ်ခုကတော့ software ကို အသုံးပြုပြီး Change တာပါ။ Download လုပ်ယူပါ။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ရင်း။

မောင်စေတနာ

Window 7 အတွက် Zawgyi


Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

Picasa 3.6 အသုံးဝင်မှု


Google ပေး ဆော့ဝဲလ်ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်လေးတစ်ခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။

၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ပို့ချင်သည့် ပုံများကို Upload လုပ်စရာမလိုသည့်အတွက် လျင်မြန်မှုက ပြောမပြနိုင်အောင်ပင်)
၃) Print ထုတ်ရာတွင် အထူးကောင်းမွန်ခြင်း၊
၎) Export လုပ်နိုင်ခြင်း၊
၅) Blog ကို တန်းတင်နိုင်ခြင်း၊
၆) Collage ခေါ် ပုံများကို ဖြတ်ညှပ်ကပ်လုပ်နိုခြင်း၊
၇) Movie လုပ်နိုင်ခြင်းနှင့် Youtube ကို တင်နိုင်ခြင်း၊
၈) Goolge Earth တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊

မိမိ အကြိုက်ဆုံးကတော့ စက်ထဲမှာ ရှိသမျှ ပုံများကို တစ်စုတစ်စည်းတည်း ရှာဖွေ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါတယ်။ ပုံကိုလဲ အကြီးချဲ့ ကြည့်စရာ မလိုပဲ ကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် အရေးတယူ ရေးသားလိုက်ရပါတယ်။ သုံးရင်း သုံးရင်း သုံးရမည့် နည်းလမ်းများကို သိလာပါလိမ့်မယ်။ စိတ်ဝင်စားရင် Picasa 3.6 ဒေါင်းယူပါ။

မောင်စေတနာ

System Care

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။


Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

Flag Animation


အလံတွေ လေထဲလွှင့်နေသလို လုပ်တဲ့ ဆော့ဝဲလ်ကို လိုချင်လို့ ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ အင်တာနက်ကလဲ ကောင်းကောင်း မရတာနဲ့ Photoshop မှာ လုပ်ကြည့်သေးတယ်။ ထင်သလောက် ကောင်းမွန်စွာ မရရှိဘူး။ adobe premiere တို့နဲ့ လုပ်နည်းတွေတော့ တွေ့တယ်။ ဒီထက် ကောင်းကောင်း မွန်မွန် ဖြစ်ပေမယ့် ကိုယ့်က မလုပ်တတ်တော့ ခက်ပြန်။

ဒါပေမယ့် သည်းကြီးမဲကြီး ရှာလိုက်တာ တွေ့တယ်။ Trail Version ဖြစ်နေလို့ ဒုက္ခရောက်ရပြန်တယ်။ အခုတော့ အဆင်ပြေသွားပြီ။ Crack ဖိုင်ကို သီးခြားရှာပြီး သုံးလိုက်တယ်။ စာဖတ်သူများလဲ လိုအပ်လို့ရှိရင် သုံးစွဲနိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Install လုပ်ပြီး မသုံးပဲ အရင်ဦးစွာ ပိတ်ထားပါ။ Folder ထဲမှာ ပါတဲ့ Patch file လေးကို C: အောက်က Program Files ထဲက Pegtop ဆိုတဲ့ ဖိုင်ထဲကို Past ချပြီး Run လိုက်ပါ။ ပြီးရင် Patch Bottom ကို Click လိုက်ရင် အမြဲတမ်းသုံးစွဲနိုင်ပါတယ်။

မောင်စေတနာ

Secure for Your PC


Local Disk , Folder, File တွေကို Lock ချတာ၊ Password ပေးပြီး Secure လုပ်တဲ့နေရာမှာ သုံးတဲ့ ဆော့ဝဲလ် လေးပါ။ Cbox က လာအော်ထားတာရယ်၊ www.mmitd.com မှာ တွေ့ရှိတာရယ်၊ မိမိ ဘလော့မှာ သိမ်းဆည်းထားချင်တာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Download လုပ်ယူရာတွင် အခက်အခဲ မရှိစေရန်အတွက် ဆောင်ရွက်ပေးထားပါတယ်။ Crack file ဖိုင် ပါပါတယ်။ သုံးနည်းကို အားလုံး သိလိမ့်မယ် ထင်ပါတယ်။ လိုအပ်သူများ Download လုပ်ယူပါ။

gtalk account ဖျက်လိုပါက

၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

CINEMA 4D(nyinaymin)

The eleventh generation of CINEMA 4D is another milestone in the development of professional 3D software and a testament to two decades of excellence by MAXON's programming team. Professional 3D animation tools have never been easier to use.

Download rapidshare
http://rapidshare.com/files/146856682/MCDRSB.part01.rar
http://rapidshare.com/files/146857575/MCDRSB.part02.rar
http://rapidshare.com/files/146858324/MCDRSB.part03.rar
http://rapidshare.com/files/146859237/MCDRSB.part04.rar
http://rapidshare.com/files/146860244/MCDRSB.part05.rar
http://rapidshare.com/files/146861059/MCDRSB.part06.rar
http://rapidshare.com/files/146861930/MCDRSB.part07.rar
http://rapidshare.com/files/146862999/MCDRSB.part08.rar
http://rapidshare.com/files/146855759/MCDRSB.part09.rar

Download keygen for cinema 4D

Quick-PDF PDF To Word Converter 2.0 portable

ဒါကတော့ pdf ကနေ word ကို ပြောင်းတဲ့ pdf converting software တစ်ခုပါ . ဘယ် pdf အမျိုးအစားပဲဖြစ်နေ ဖြစ်နေ ပြောင်းလဲပေးနိုင်ပါတယ် . MS 2007 မှ 2003 မှ မရွေးပါဘူး . ကြိုက်တဲ့ Microsoft office နဲ့ဖွင့်ပါ ဖွင့်လို့အဆင်ပြေပါတယ် . အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .

PDF Image Extraction Wizard v3.5


ကဲ ဒါကတော့ ကျွန်တော်တို့ Pdf ebooks တွေမှာ ပါတဲ့ပုံတွေကို ပြန်ပြီးတော့ မူရင်းပုံအတိုင်း ပြန်ယူတာပါ . တနည်းအားဖြင့် pdf creator နဲ့ ပေါင်းစပ်ထားတဲ့ စာတွေနဲ့ ပုံတွေကို ပြန်ပြီးတော့ ဖြေချလိုက်တဲ့ သဘောပါပဲ . ကဲ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

Download ifile.itDownload mediafireDownload multiupload

PDF to PowerPoint Converter v1.0.0.8 Portable

ဒါကတော့ pdf ကနေ powerpoint ကို ပြောင်းတဲ့ converter ပါ . Powerpoint သမားများ အတွက် တင်ပေးလိုက် ပါတယ် . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ် . text ကော photo ကော နှစ်ခုစလုံး အတွက် powerpoint ကို ပြောင်းလို့ ရပါတယ် . စမ်းကြည့်လိုက်ပါ .


Excel to PDF converter with any pdf converter keygen

ဒါလေး ကတော့ Excel ကနေ PDF ကို ပြောင်းတဲ့ Converter လေးပါ . pdf သုံးတဲ့ သူတိုင်း ရှိသင့်တဲ့ program ပါ . ဘာလို့လဲဆိုရင် အထဲမှာ ကျွန်တော် Pdf converter အားလုံးအတွက် keygen ထည့်ပေးထားလို့ပါ . pdf converter တော်တော် များများအတွက် version စုံစုံလင်လင် အတွက် keygen လေး ပါတဲ့အတွက် ယူထားသင့်ပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

novaPDF Lite Desktop v7.0

သူကတော့ DOC, XLS, PPT, PUB, DOCX, XLSX, PPTX, PUBX, HTML, TXT နှင့် အခြား DTP program တော်တော်များများ ကနေ pdf ကို convert လုပ်ပေးနိုင်ပါတယ် . အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .


novaPDF 7.0 Build 320

ဒါကတော့ Nova Pdf Converter ရဲ့ product များ ဖြစ်ကြတဲ့
novaPDF Professional (Desktop)
novaPDF Standard (Desktop)
novaPDF Lite (Desktop)
novaPDF Professional (Server)
novaPDF Standard (Server)
novaPDF Lite (Server) အားလုံးကို ပေါင်းထည့်ထား ပါတယ် . အထဲမှာ လိုင်စင်အတွက် ပါပြီးသားပါ . နောက်ဆုံးထွက် တဲ့ version ဖြစ်တဲ့အတွက် window 7 ကို support လုပ်ပါတယ် . သူ့ရဲ့ အားသာချက်ကတော့

(၁) pdf security အတွက် password ဖြင့် အဆိုပါ pdf ဖိုင်အား ပိတ်ထားနိုင်ခြင်း
(၂)
တစ်ခြား pdf converter မှာ မပါတဲ့ "http://", "www", "mailto:", "ftp://" or "file://" အစရှိသော Link များအား ကလစ်နှိပ်နိုင်ရင် PDF links အဖြစ် ဖန်တီးပေးခြင်းနှင့် အခြားသော feature များစွာ ပါဝင်ပါတယ် .

အသေးစိတ်ကိုတော့ ဒီမှာ ဖတ်လို့ရပါတယ် .


@nyinaymin

Dream Aquarium Screen Saver (nyinaymin)



အောက်မှာတင်ပေးလိုက်ပါပြီဗျာ .

Download mediafire

Saturday, May 14, 2011

Windows xp မြန်မြန်သုံးမယ် - (၂)

Original writer ~ သံလုံငယ်

လက်ရှိအသုံးပြုနေတဲ့ ၀င်းဒိုးကို (အခုမှ တင်လိုက်တာပဲဖြစ်ဖြစ်၊ သုံးတာကြာနေပြီပဲဖြစ်ဖြစ်) မလိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဖြုတ်ပစ်ပြီး မိမိကွန်မျူတာကို performance တိုးလာအောင် လုပ်ကြည့်တာပါ။ တကယ်မြန်လား မမြန်လား ကိုယ်တိုင်စမ်းသပ်ကြည့်ပေးပါဦး။ အခုလုပ်မှာက မလိုအပ်တဲ့ လုပ်ဆောင်မှု တွေ ကို disable လုပ်ထားပြီး RAM စားသက်သာအောင် လုပ်တာဖြစ်လို့ အန္တရာယ်ကင်းပါတယ်။










၁။  အောက်က registry ဖိုင်နှစ်ခုကို run ပေးပါ။ windows ရဲ့ ပုံမှန်လုပ်နေတဲ့ အလုပ်တွေကို safe ဖြစ်တဲ့ အမြန်ဆုံး Value ပြောင်းပေးဖို့ပါ။ (rar ဖိုင်နဲ့ ချုံ့ထားတာပါ။ ဖြည်လိုက်ရင် reg ဖိုင်ရလိမ့်မယ်။ Double-click နှိပ်ပေးလိုက်ပါ)


Download link ~  Tweak Windows XP 
Download link ~  Restore Default Settings

၂။  Desktop ပေါ်မှာ Right-click လုပ်ပြီး Properties ကို နှိပ်ပေးပါ။ ပြီးရင် Appearance tab ထဲက Effects uncheck လုပ်ပေးပါ။ (uncheck လုပ်ရမှာတွေကို အနီနဲ့ပြပြီး check လုပ်ရမှာတွေကို အပြာနဲ့ပြပါ့မယ်)


a.) Use the following transition effect for menus & tooltips.
b.) Show shadows under menus.
ကိုနှိပ်ပါ။ အောက်မှာ ရေးပေးထားတဲ့ functions နှစ်ခုကို












၃။ My Computer မှာ Right-click လုပ်ပြီး Properties ကိုနှိပ်ပါ။ (Shortcut key ... Win+Pause/Break )
Advanced tab ထဲမှာ Performance section အောက်က Settings ကိုနှိပ်လိုက်ပါ။
Visual Effects tab ထဲက မလိုအပ်တာတွေ Disable လုပ်ပစ်မှာဖြစ်ပါတယ်။ Custom ကိုနှိပ်ပြီး အောက်က ငါးခု ထားခဲ့ပါ။ ကျန်တာ disable ပေးလိုက်ပါ။

a.) Show window contents while dragging
b.) Smooth edges of screen fonts
c.) Use common tasks in folders
d.) Use drop shadows on icon labels on the desktop
e.) Use visual styles on windows and buttons




၎။ Tools - Folder Options က View tab click ပါ။ အောက်ပါ Options များကို ဖြုတ်ပေးပါ။

a.) Automatically search for network folders & printers.
b.) Display file size information in folder tips.
c.) Display simple folder view in Explorer's Folders list.
d.) Show encrypted or compressed NTFS files in color.
e.) Show pop-up description for folder and desktop icons.
f.) Use simple file sharing.

























၅။  RUN ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး။ Start up ထဲက မလိုအပ်တာတွေ Disable ပေးလိုက်ပါ။ ကျနော်ကတော့ Disable All ပဲ ပေးလိုက်တယ်။ Kaspersky လို Anti တွေက သူ့ဘာ သာ ပြန် check လုပ်ပေးပေမယ့် NOD 32 လိုကောင်တွေက ကိုယ်ပြန်ဖွင့်ပေးမှ Start up ပြန်ဖြစ်ပါ တယ်။ VGA driver တွေကိုလည်း disable ပေးလိုက်တာ ပိုကောင်းပါတယ်။ (၀င်းဒိုးအတွက် လိုအပ် တဲ့ driver က System 32 ထဲရောက်ပြီးသားပါ။ Start up ထဲပါနေတာက သူ့ရဲ့ အခြား performance တွေဖြစ်ပါတယ် ) Disable All ပေးလိုက်လို့ ပြဿနာ တက်သွားမှာ မရှိပါဘူး။


၆။ Control Panel ထဲက Sound & Audio Devices ကိုဖွင့်ပါ(or type mmsys.cpl in RUN)။ Sounds tab ထဲမှာ No Sounds ပေးလိုက်ပါ .. Sound Scheme section ထဲမှာ ရှိပါတယ်။ အားလုံးမဖြုတ်ချင်ဘူး အသံလေးတွေ Alert လေးတွေ ကြိုက်တယ်ဆိုရင်တော့ ထားနိုင်ပါတယ်။ ဒါပေမယ့် အောက်က လေးခုကိုတော့ No sound ပေးထားသင့်တယ်။
Exit Windows, Start Windows, Windows Logoff, Windows Logon
(ကျနော်ပြောခဲ့သလိုပေါ့ ... အသံပါမှ ကြိုက်တယ်ဆိုရင်တော့ ထားနိုင်ပါတယ်။ မိမိအဆင်ပြေဖို့က အဓိကပါ။ အရမ်းကြီး လေးသွားတာမှ မဟုတ်တာလေ)





အားလုံးအဆင်ပြေလွယ်ကူမယ်ထင်ပါတယ်။ အခုမှ စဖတ်တဲ့လူတွေလည်း ကျနော်ပြောတဲ့နေရာတွေ ရှာတွေ့ကြမယ်ထင်ပါတယ်။ အဆင်ပြေကြပါစေ ..

ဆရာဦးဇော်လင်းရေးတဲ့ ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details)

စာရေးသူ :>> ဆရာဦးဇော်လင်း (Youth Computer)စာအုပ်အမည် :>> ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ ဆိုတဲ့ စာအုပ်လေးပါ ..

ကွန်ပျူတာအကြောင်း အသေးစိတ်သိလိုသူများအတွက်ပါ .. ဘယ်စာအုပ်ပဲဖြစ်ဖြစ် ကိုက သိသလိုလိုရှိပေမယ့် တစ်ကယ်ဖတ်ကြည့်မှ မသိသေးတဲ့ အကြောင်းတွေ ဖြစ်နေတတ်ပါတယ် . အောက်မှာ အဆင်ပြေတဲ့ Link ကနေ Download လုပ်ယူလိုက်ပါ ...
Download megauploadDownload ifile.itDownload rapidshareDownload mediafireDownload 4 sharedDownload nyinaymin.net

PHPBB (ဖိုရမ်တစ်ခု တည်ဆောက်ခြင်း)

php: php အကြောင်းမြန်မာလို့ရေးထာတာများမရှိဘူလားခင်ဗျား ဒါမှမဟုတ် အသုံးပြုပုံပြောပြပါလားခင်ဗျား
ကိုယ်ပိုင် ဖိုရမ် တစ်ခုတည်ဆောက်ခြင်းကို ကိုဖိုးလပြည့်ရေးပေးထားတဲ့ မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ် .. မြန်မာလိုရေးထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . စိတ်ဝင်စားသူများအတွက်ပါ ..
Download ifile.itDownload megauploadDownload rapidshareDownload 4shared Download nyinaymin.netDownload mediafire

မျိုးသူရေရေးသည့် ကွန်ပျူတာမှ ကွန်ယက်ဆီသို့ (မြန်မာလို)

မျိုးသူရေရေးသည့် ကွန်ပျူတာမှ ကွန်ယက်ဆီသို့ စာအုပ်ပဲဖြစ်ပါတယ် . အင်တာနက် ချိတ်ဆက်ပုံ ချိတ်ဆက်နည်းကို အသေးစိတ် ရေးထားတာဖြစ်လို့ လေ့လာသင့်တဲ့ စာအုပ်လေးပါ . နိုင်ငံခြားရောက်နေတဲ့ သူတွေအဖို့တော့ အရမ်းကို လိုချင်နေတဲ့ စာအုပ်တစ်အုပ်ပါပဲ ..

Download ifile.itDownload mediafireDownload megaupload ၊ Download rapidshare ၊ Download nyinaymin.netDownload 4

Advanced Digital Photography (မြန်မာလို)

အဆင့်မြင့် ဒစ်ဂျစ်တယ် ဓါတ်ပုံရိုက်နည်း စာအုပ်လေးကို မြန်မာလို တွေ့တာနဲ့ ပြန်တင်ပေးလိုက်ပါတယ် . ဓါတ်ပုံပညာ ဆိုတာဟာလည်း သိပ်တော့ မလွယ်ကူပါဘူး . သူ့မှာလဲ သဘောတရားတွေ အများကြီးရှိပါတယ် . သိချင်ရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်လိုက်ပါ .. အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ် ..@nyinaymin

အောက်မှာ Download လုပ်လိုက်ကြပါဦး .

Download ifile.itDownload mediafireDownload multiupload

window မတင်တတ်သူများအတွက် (မြန်မာလို)

ကျွန်တော် window မတင် တတ်သူများအတွက် ရည်ရွယ်ပြီး စာအုပ်လေး တစ်အုပ် တင်ပေးလိုက်ပါတယ် . ကျွန်တော် လုပ်ထားတာတော့ မဟုတ်ပါဘူး . ညီလေး တစ်ယောက် မေးလ်နဲ့ ပို့ပေးလိုက်လို့ပါ .

Download ifile.itDownload mediafireDownload multiupload

A+ pc hardware (မြန်မာလို)

ဒါက ဆရာ မျိုးသူရ ရဲ့ A+ စာအုပ်ပါ ။ အဓိက ရေးထားတာက အခြေခံရယ်၊
hardware ထိန်းသိမ်း နည်း ရယ်ပါ ။ အဆင်ပြေတဲ့ Link ကနေ download ဆွဲ ကြပါ ... ကျွန်တော်လည်း လေ့လာဆဲပါ ခင်ဗျာ ... ဒီ blog မှာ ရေးသားခွင့်ပြုတဲ့  ကိုညီနေမင်း ကိုလည်း အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ...

Download mediafire

video တည်းဖြတ်ရေးအတွက် Ulead Video Studio 6 (မြန်မာလို)

ဒါကတော့ video editing စာအုပ်လေးပါ . ဟိုတစ်လောက တောင်းဆိုထားတဲ့ ညီလေးအတွက် တင်ပေးလိုက်ပါတယ် . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . မြန်မာလို ရေးထားတာ လေးပါ. video editing သမားများအတွက် အတော်လေး ကောင်းမွန်ပါတယ် . လေ့လာကြည့်လိုက်ပါ . လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ .@nyinaymin


up4vn.com | Rapidshare | Megaupload | Depositfiles | Mediafire | Ifile.it | Hotfi

အင်္ဂလိပ်စာလေ့လာချင်သူများအတွက်

ဒီပို့ကတော့ အင်္ဂလိပ်စာလေ့လာချင်သူများအတွက် သီးသန့်ပါ ...
ဒီစာအုပ်ကလေးကတော့ အတော်လေးကိုကောင်းပါတယ်...
Author: Bergen Evans, Cor.Nelia Evans
Publisher: Random House. New York
Pages: 574
Excerpt: When we speak or write we want to be understood and respected. We want to convey our meaning and we want to do it in a way that will command admiration. To accomplish these ends we must know the meanings of words, their specific meanings and their connotations, implications and overtones, and we must know how to combine words effectively into sentences. A dictionary can help us to understand the meaning of a word. But the only way to understand a word fully is to see it in use in as many contexts as possible. This means that anyone who wants to improve his vocabulary must read a great deal and must make sure that he understands what he reads. There is no short cut to this kind of knowledge. If a man thinks that noisome and noisy are synonyms, if he uses focus and nexus interchangeably, if he sees no difference between refute and deny and if he assumes that disinterested means uninterested, he will not say what he means. Indeed, he may even say the exact opposite of what he means. Respectable English is a much simpler matter. It means the kind of English that is used by the most respected people, the sort of English that will make readers or listeners regard you as an educated person.

ကျွန်တော်တို့ အင်္ဂလိပ်စကားပြောဆိုရာတွင်လည်ကောင်း၊ ရေးသားရာတွင်လည်းကောင်း၊ ဆိုလိုရင်းကို သူတစ်ပါး နားလည်အောင်နှင့်အဓိပ္ပယ်မလွဲအောင်ရေးသားရပါတယ်။ ထိုသို့ရေးသားရာတွင်စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပယ်နှင့်ဆိုလိုရင်း၊ အသုံးအနှူုံးကိုသိထားရပါမယ်။ ဥပမာ၊ uninterested သည် "စိတ်မ၀င်စားသော" ဟုဆိုလိုသော်လည်း၊ disinterested သည် "ဘက်မလိုက်သော၊တရားမျှတသော" လို့ဆိုလိုပါတယ်။ ဤစာအုပ်တွင်စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပယ်နှင့်ဆိုလိုရင်း၊ အသုံးအနှူုံးစသည်တို့ကိုသေချာစွာရှင်းလင်းပြထားပါတယ်။

download လုပ်ချင်ရင်တော့ ဒီမှာ လုပ်နိုင်ပါတယ် ...@nyinaymin


Basic HTML မြန်မာလိုစာအုပ်


Basic HTML မြန်မာလိုစာအုပ် 1.06 MB









SATURNGOG ရေးသားထားတဲ့ HTML အကြောင်းမြန်မာလိုစာအုပ်ပါ။
စီဘောက်မှာလာအော်နေလို့ ရှာပြီးတင်ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေ။









autocad 2005 မြန်မာလိုစာအုပ်



24.23 MB
ဆရာဦးအောင်မြင့်ရေးသားထားတဲ့ autocad 2005 အသုံးပြုနည်းမြန်မာလို
ဘာသာပြန်စာအုပ်ပါ။


Microsoft Excel book မြန်မာလို

hanmyolin>>>>ကျနော်ကို microsoft Excel book မြန်မာလို ရေးထားတဲ့ စာအုပ် လေးလိုချင်လို့ပါခင်ဗျာ။ ကျေးဇူးပြုပြီးတင်ပေးလို့ရမလားမသိဘူးဆိုလို့ 

ရှိတာလေးတင်ပေးလိုက်ပါတယ်ဗျာ။

Microsoft Excel မြန်မာလိုရေးထားတဲ့စာအုပ်လေးပါ
အဆင်ပြေကြပါစေဗျာ။ @komyat

ှSize...1.62 MB





Making Blog

စေတန်ဂေါ့ဆိုတဲ့မြန်မာဘလော့ဂ်ဂါရေးသားတဲ့
ဘလော့ဂ်ရေးနည်းမြန်မာလိုစာအုပ်ပါ
ဒီစာအုပ်နဲ့ ဘဲဒီဘလော့ဂ်လေးကိုပြုလုပ်ထားတာပါ
ဖတ်ပြီးအဆင်ပြေကြပါစေဗျာ
ကဲလာပြီးပူဇာတဲ့သူငယ်ချင်းတွေကျေနပ်ပါနော်
နောက်ရှိလည်းတင်ပေးပါ့မယ်





CRACKER လမ်းညွှန် (မြန်မာလိုစာအုပ်)





CRACKER လမ်းညွှန် (မြန်မာလိုစာအုပ်) 13.47Mb



CRACKER နည်းပညာကိုလေ့လာချင်တဲ့သူတွေအတွက် ကိုမျိုးမြင့်ထိုက် ရေးသားထားတဲ့
CRACKER လမ်းညွှန် (မြန်မာလိုစာအုပ်)ပါ။
အဆင်ပြေကြပါစေဗျာ။



Gmail အသုံးပြုနည်းလျှိုဝှက်ချက်များ (မြန်မာလိုစာအုပ်)




Gmail အသုံးပြုနည်းနှင့် လျှိုဝှက်ချက်များ (မြန်မာလိုစာအုပ်) 503 Kd



Gmail ရဲ့လျှို့ ဝှက်ချက်များအကြောင်းရေးထားတဲ့မြန်မာလိုစာအုပ်အသစ်လေးပါ။
အဆင်ပြေကြပါစေ။
@komyat




Google ဆိုတာဘာလဲ။ဘယ်လဲ

ဂူဂဲလ်ဆိုတာဘာလည်း။ဘယ်လိုအလုပ်လုပ်ပေးနိုင်လည်း။
ဘယ်လိုသေချာအသုံးချရမလဲဆိုတာကိုမြန်မာလိုရှင်းပြထားတဲ့
စာအုပ်ကလေးပါ။
လိုအပ်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။အဆင်ပြေကြပါစေ။@komyat






NET WORK စာအုပ် (မြန်မာလို)






တောင်းဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်။အရင်လင့်ခ်ကပျက်သွားလို့ ပါ။

ကျွှန်တော့်ဘ၀မှာ NET WORKING ပိုင်းကိုစတင်လေ့လာတုန်းကအNET WORK ပိုင်းဆိုင်ရာ
ဗဟုသုတတွေကော။အတတ်ပညာတွေပါရရှိစေခဲ့တဲ့။သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
ဆိုတဲ့မြန်မာလိုရေးသားထားတဲ့။ NET WORK စာအုပ်လေးပါ။
အဆင်ပြေကြပါစေဗျာ။ @komyat


Size.... 550Kb


Photoshop CS မြန်မာလိုစာအုပ်












Photoshop CS အသုံးပြုပုံကိုမြန်မာလိုရှင်းပြပေးထားတဲ့စာအုပ်လေးပါ။
လိုအပ်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။



အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်