Thursday, October 30, 2014

love poem

ရင်မှာတည်သမျှ အချစ် ချည်သမျှ သံယောဇဉ် မယိုင်လဲသော သစ္စာ ကျခဲ့သမျှ မျက်ရည် လွမ်းရသမျှ နေ့စွဲတွေနဲ့ ငါ့နှလုံးသားကို လောင်းကြေးတင်မယ်။ မင်းလည်း… မင်းရင်ထဲက အချစ် ငါနဲ့ပတ်သက်သမျှ ခံစားမှုတွေနဲ့ မင်းနှလုံးသားကို လောင်းကြေးထပ်ခွင့်ရှိတယ်။ မင်းနိုင်ရင်… တောင်းဆိုသမျှ အားလုံးဖြည့်စွက်ပေးမယ်။ ငါ..နိုင်ရင် မင်း..ငါ့တစ်ယောက်ကိုသာ သစ္စာရှိပေးကြေး။ ရှင်းစရာရှိတာ ရှင်းတော့ လင်းစရာရှိတာ လင်းတော့ ပစ်စရာရှိတာ ပစ်တော့ ၀ဲစရာရှိတာ ၀ဲတော့ ကဲ….အခု ပြိုင်ပွဲစပြီ။

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်