Thursday, July 23, 2015

ဘ၀တန်းဘိုး


နိုင်ငံတကာစစ်လက်နက်ပစ္စည်းများ


နှစ်ပေါင်း ၃၀ မျှ လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သည့် ရွေ့လျားဒုံးကျည်စနစ်တစ်ခု၏ သရုပ်မှန်ကို အစ္စရေးစစ်တပ်က အများပြည်သူထံ ဖွင့်ချပြလိုက်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်က Perehဟု ခေါ်ဝေါ်သည့် လက်နက်မှာ ရွေ့လျားနိုင်သည့် ဖျက်အားပြင်း ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းလက်နက်သည် တင့်ကားများကို ချေမှုန်းရာတွင် အလွန်ထက်မြက်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်။
သို့သော်လည်း အစ္စရေး စစ်တပ်က Perehကို ထင်ထင်ရှားရှား မဖြစ်အောင် ဖုံးကွယ်ထားပြီး ရှေ့ဘက်တွင် အမြောက်အတု တစ်လက်ကို တပ်ဆင်ထားသည်။ ထို့ကြောင့် Perehသည် အစ္စရေး ကြည်းတပ်သုံး M60 Patton တင့်ကားနှင့် ဆင်တူသွားပြီး ယင်းလက်နက်မျိုး ရှိနေသည်ကို လျှို့ဝှက်ပြီး ဖြစ်နေခဲ့သည်။ ဒုံးကျည်ပစ်စင်မှာ ယာဉ်၏ အနောက်ပိုင်းတွင် ရှိနေပြီး ပစ်မှတ်ကို ချိန်ရွယ်သည့် အခါတွင်မှ ပစ်စင်က ထောင်မတ်လာအောင် စီမံထားခြင်း ဖြစ်သည်။
အစ္စရေး စစ်တပ်သည် Pereh လက်နက်စနစ်ကို ၎င်းတို့၏ အဓိက တိုက်ပွဲဝင် တင့်ကားများနှင့် ရောနှော ချီတက်စေကာ ပုံဖျက် လျှို့ဝှက်ထားသည်မှာ နှစ်ပေါင်း ၃၀ မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ “အစ္စရေးအတွက် အမှုထမ်းခဲ့တဲ့ အထူးလက်နက် စနစ်တစ်ခုကို အခုတော့ ပြည်သူတွေဆီ အသိပေးလိုက်ပါပြီ။ Pereh တင့်ကားရဲ့ လျှို့ဝှက်ချက်ကို နှစ်ပေါင်း ၃၀ လောက် ထိန်းသိမ်းထားခဲ့တာပါ”ဟု အစ္စရေး စစ်တပ်က ကြေညာခဲ့သည်။
“ဒီတင့်ကားဟာ Tamuz တင့်ကားဖျက် ဒုံးကျည်တွေ ပစ်လွှတ်ဖို့အတွက် သေသေချာချာ အထူးပြု စီမံထားတာ ဖြစ်ပါတယ်”ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ Perehသည် အမေရိကန်လုပ် M48နှင့် M60 တင့်ကားများကို အစ္စရေး နည်းပညာဖြင့် အဆင့်မြှင့်တင်ထားသည့် Magachစီးရီး တင့်ကားများပေါ်တွင် အဓိက အခြေခံ တည်ဆောက်လေ့ ရှိသည်။
ဒုံးကျည်ပစ်စင်ကို ရုတ်တရက် မမြင်နိုင်အောင် တည်ဆောက်ထားပြီး Pereh တစ်စီးလျှင် ဒုံးကျည် ၁၂ စင်းထိ တင်ဆောင် ပစ်ခတ်နိုင်အောင် အစ္စရေးက တီထွင်ခဲ့သည်။ “အစ္စရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ပညာရှင်တွေက Perehမှာ အထက်ကို မြှင့်တင်နိုင်တဲ့ ပစ်စင်နဲ့ Tamuz ဒုံးကျည်တွေ ပစ်ခတ်နိုင်ဖို့ ရေဒါစနစ်တွေကို ထည့်သွင်း ပေးနိုင်ခဲ့ပါတယ်”ဟုလည်း အစီရင်ခံစာက ဆိုသည်။ ရှေ့ဘက်တွင် အမြောက်အတု တစ်လက်ကို တပ်ဆင်လိုက်သည့်အခါ သမားရိုးကျ တင့်ကားတစ်စီးသဖွယ် ဖြစ်သွားသည်။
ယာဉ်၏ ရှေ့ဘက်ပိုင်းကို အားဖြည့် သံချပ်ကာများ တပ်ဆင်ကာ တစ်ဖက်မှ ပစ်ခတ်မည့် တင့်ကားဖျက် ဒုံးကျည်များ၏ ဒဏ်ကို ခံနိုင်အောင် ပံ့ပိုးထားသည်။ Pereh တင့်ကား၏ ဓာတ်ပုံကို အများပြည်သူ ရှေ့မှောက်သို့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် စတင် ပြသခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ အစ္စရေး စစ်တပ်က မထုတ်ပြန်ခဲ့ချေ။
Perehသည် ပြီးခဲ့သည့် ၂၅ နှစ်မျှ ကာလအတွင်း အစ္စရေး ကြုံခဲ့သည့် အဓိက စစ်ရေးလှုပ်ရှားမှုတိုင်းတွင် ပါဝင် အမှုထမ်းခဲ့သည့် မဟာဗျူဟာ စစ်လက်နက် တစ်ခုလည်း ဖြစ်ခဲ့ကြောင်း သိရှိရသည်။
Source ; 7day journal

Monday, July 13, 2015

မလေးတွင် တရုတ်နှင့်ကုလား ပြသာနာ ဖြစ်နေ၍ မြန်မာတို့သတိထားနေစေလို။
---------------------------------------------------

မလေးရှားရှိ Low Yat ဟုခေါ်သော ဈေးရုံကြီးတခုတွင် မလေးလူမျိုး မွတ်ဆလင် ဘာသာဝင် လူငယ်ကဖုန်း ဆိုင်မှ Mobile Phone တလုံးခိုးယူမှုကို ဝိုင်းဝန်းဖမ်းဆီးပြီး ကျူးလွန်သူအား ရဲအားလွဲအပ် ပေးခဲ့ခြင်းအပေါ် မလေး လူများစု မွတ်ဆလင်ဘာသာဝင် များမှ မကျေနပ်၍ လူမျိုး ရေးပြသာနာ တရပ်ဖန်တီးသည်ဟုသိ ရသည်။
ယခုဖြစ်ပွားနေသော အခြေအနေ၌ လူမျိုး ခြား၊ဘာသာခြား တရုတ်လူမျိုးဆိုင်များ ကို ဖျက်ဆီးလုယက်နေကြောင်း သတင်းရပါ သည်။ သို့ရာတွင် လုယက်လိုသောအ ခြေ ခံသဘောကြောင့် တခြားဘာသာခြား လူမျိုးခြား မြန်မာများကိုလဲ လုယက်နိုင် သဖြင့် မြန်မာတို့အထူးသတိထား နေထိုင် ရန် မလေးရောက် မြန်မာများကို သတိ ပေးပန်ကြား ပါတယ်ခင်ဗျာ။
မလေးရောက် မြန်မာအားလုံး ဘေးကင်း ရန်ဆုမွန်ကောင်း တောင်းလိုက်ပါ တယ်ခင်ဗျာ။

DF41 CHINA MISSLE


Saturday, July 11, 2015

SR-71 Black Bird (ငှက်မဲ) ၏
ဒုတိယမျိုးဆက်
မောင်းသူမဲ့ SR-72 Son of Black Bird

Manufacture
..... Lockheed Martin

အမေရိကန်လေတပ်အတွက် ထုတ်လုပ်ရန် ရည်ရွယ်ထား
၁၉၆၆ မှ ၁၉၉၈ ထိ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သော SR-71 နေရာတွင် အစားထိုးရန်။ ၁၉၉၈ နောက်ပိုင်း SR-71 အနားပေးပြီး နည်းပညာမြင့် SR-72 ကို တီထွင်ထုတ်လုပ်ရန်ကြိုးပမ်း။
Drone နည်းပညာတိုးတက်လာမှု နှင့်အတူ
မဉ္စမမြောက် မောင်းသူမဲ့ ကိုယ်ပြောက်ဂျက်တိုက်လေယာဉ်
(5th generation stealth jet fighter)

၂၀၀၇ မှာထုတ်လုပ်ခဲ့ပေမယ့် အစီရင်ခံစာအရ အတည်မပြု နိုင်သေး။ ၂၀၁၃ နိုဝင်ဘာ ၁ရက်နေ့ထုတ် Aviation Week and Space Technology မဂ္ဂဇင်းမှာ SR-72 အကြောင်း ပုံနှိပ်ထုတ်ဝေခဲ့။
စွမ်းဆောင်ရည်များ
SR-72 drone ၏ စွမ်းဆောင်ရည်များမှာ အံ့မခန်းထူးခြားပြောင်မြောက်၍ သွက်လက်ထက်မြက်လှသည်။ SR-72 drone သည် အလွန်မြန်ဆန်းသော အရှိန်ဖြင့် ထောက်လှမ်းရေးပြုလုပ်နိုင်ခြင်း၊ ကင်းထောက်စောင့်ကြည့်မှုများ ပြုလုပ်နိုင်ခြင်း၊ လျင်မြန်စွာပျံသန်းနေစဉ် ရန်သူ့ပစ်မှတ်များကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အပြင် ကမ္ဘာပတ်လမ်း အတွင်းရှိ ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေး ဂြိုလ်တုများအား ဆက်သွယ်ရေးကွန်ရက်ဖွဲ့ကာ ပူပေါင်းဆောင်ရွက် နိုင်သည့် စွမ်းဆောင်ရည်များ ရှိသည်။
အမှားအယွင်းများ ပါခဲ့လျှင်
စာရေးသူ၏ အားနည်းချက်သာဖြစ်၏။
……………………………………………………………………

Ref; wiki SR-72
Photos; google

Sitt Phyo Aung

Friday, July 10, 2015

  



















ပြည်တွင်းလေတပ်အတွက်ဝယ်ယူထားသော JF-17အကြောင်း
၁၉၉၉-ခုနှစ်မှာတော့ ချန်ဒူးကုမ္ပဏီဟာ Super-7 Project ကို FC-1/ JF-17အဖြစ် ၎င်းတစ်ဦးတည်းလုပ်ဆောင်ခဲ့ပြီး ၎င်းနှစ်မှပင် တရုတ်နဲ့ ပါကစ္စတန်တို့ဟာ တစ်ဘက်ကို ၅၀% နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါတယ်။ ရုရှား မီကိုယန်ကုမ္ပဏီကလည်း ထောက်ပံ့မှုအချို့ ပြုလုပ်ပေးခဲ့ပါတယ်။
ပထမဆုံး ရှေ့ပြေးပုံစံဖြစ်တဲ့ FC-1 ဟာ ၂၀၀၃-ခုနှစ်မေလမှာ ပွဲထွက်လာခဲ့ပါတယ်။ ၂၀၀၅-ခုနှစ်အထိ စမ်းသပ်မှုအကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးစမ်းသပ်ပုံစံ ၃-စီးထုတ်လုပ်ခဲ့ကာ ၂၀၀၆-ခုနှစ် ဇွန်လမှာတော့ ထုတ်လုပ်ရေးကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ စတင်ထုတ်လုပ်ချိန် (၂၀၀၉)ခုနှစ်တွင် တစ်နှစ်လျှင် (၁၅)စီးနှုန်းဖြင့် ထုတ်လုပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် တစ်နှစ်လျှင် (၃၀)စီးနှုန်းထုတ်လုပ်နိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။ ပါကစ္စတန်လေယာဉ်ထုတ်လုပ်ရေးစက်ရုံ (PAC) က လေယာဉ်ကိုယ်ထည်၏ ၅၈% ကိုထုတ်လုပ်ပေးလျှက်ရှိပြီး၊ လေယာဉ်အင်ဂျင်ကိုတော့ တရုတ်ပြည်မှ ပြုလုပ်တပ်ဆင်ပေးပါတယ်။
၂၀၀၇-ခုနှစ်၊ မတ်လတွင် ပထမဆုံး JF-17 (၂)စီးကို ပါကစ္စတန်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ ၂၀၀၈-ခုနှစ်တွင် နောက်ထပ် (၆)စီး ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။ မူလထုတ်လုပ်သည့် (၅၀)စီးကို Block-I အဖြစ်သတ်မှတ်ပြီး၊ ဒုတိယအသုတ်ဖြစ်သည့် အစီး (၅၀) ကိုမူ အနည်းငယ်အဆင့်မြှင့်တင်ခဲ့ပြီး Block-II အဖြစ်ဆက်လက်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပါကစ္စတန်လေတပ်အနေဖြင့် စုစုပေါင်း (၂၅၀)စီး မှာယူထားပြီး၊ ၂၀၁၂-ခုနှစ်အထိ ပထမအသုတ် Block-I အစီး (၅၀) လက်ခံရရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်ထုတ်လုပ်မည့် Block-II အစီး (၅၀)ကို ၂၀၁၃-ခုနှစ်အတွင်း စတင်ထုတ်လုပ်ပြီး၊ ၂၀၁၄-ခုနှစ် မေလ နှင့် ဇွန်လအတွင်း စတင်လက်ခံရရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ၂၀၁၆-ခုနှစ်တွင်တော့ Block-III ကို စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ FC-1/JF-17 ကို ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ အီဂျစ်နှင့် နိုက်ဂျီးရီးယား နိုင်ငံတို့မှ ၎င်းတို့၏ F-5, Dassault Mirage III-5, Shenyang J-6, MIG-21/F-7, Nanchang Q-5 / A-5 များနေရာတွင် အစားထိုးရန်အတွက် ဝယ်ယူရန် စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါတယ်။
ရေဒါ
-----
တရုတ်နိုင်ငံထုတ် KLJ-7E M-PESA ရေဒါကိုတပ်ဆင်ထားပြီး 3m2 အရွယ်ရှိ ပစ်မှတ်ကို ၇၅-ကီလိုမီတာထိလည်းကောင်း၊ 5m2 အရွယ်ရှိ ပစ်မှတ်ကို ၈၅-ကီလိုမီတာထိလည်းကောင်း ထောက်လှမ်းရှာဖွေနိုင်သည်။ ပစ်မှတ် (၄၀)ကို ထောက်လှမ်းနိုင်ပြီး၊ ၎င်းတို့ထဲမှာ (၁၀)ခုကို ခြေရာခံကာ၊ ပစ်မှတ် (၂)ခုကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ပါတယ်။
လေယာဉ်မောင်ခန်းနှင့် ပျံသန်းရေးစနစ်များ

JF-17 တွင် (MIL-STD-1553B) Multi-Bus System ကိုအခြေခံထားသည့် mission computer (၂)လုံး ပါဝင်ပြီး၊ စနစ်၏အဓိကအပိုင်းဖြစ်သည့် 32-bit Weapon & Mission management Computer (WMMC) ဟာ mission computations, flight management, reconfiguration / redundancy management and in-flight system self-test စသည့် လုပ်ဆောင်ချက်များကို လျှင်မြန်စွာလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
လမ်းညွှန်စနစ်များ (Navigation) -- INS နှင့် GPS လမ်းညွှန်စနစ်များ [Hybrid inertial navigation system (INS) and global positioning system (GPS)]
ဆက်သွယ်ရေးစနစ် (Communications) -- အီလက်ထရွန်နစ်တန်ပြန်နှောက်ယှက်မှုကို ခံနိုင်ရည်ရှိသည့် Data-Link Channel (၂)ခု ပါဝင်ပါတယ် [Independent data link with two Independent wide-band radios with anti-jamming capabilities]
အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ (Electronic warfare (EW)) -- Self production jammer, missile approach
warning system, radar warning receiver (RWR), chaff & flare dispenser
ရန်သူမိတ်ဆွေခွဲခြားစနစ် (Identification of Friend and foe (IFF)) -- မြင်ကွင်းလွန်အခြေအနေတွင်ပင် ရန်သူမိတ်ဆွေခွဲခြားနိုင်သည့်စနစ် (IFF interrogator for target verification at the BVR range)
‘Glass’ cockpit -- (၆" x ၈") Multifunction Colour Displays (MFD) (၃)ခု နှင့်
built-in symbol generation capability ပါဝင်သည့် smart Heads-Up Display (H built-in symbol generation capability ပါဝင်သည့် smart Heads-Up Display (HUD) တပ်ဆင်ထားပါပြီး HOTAS စနစ်လည်း ပါဝင်ပါတယ်။
ပစ်မှတ်လမ်းညွှန်စနစ် (Targeting System) -- Laser Designator and Targeting Pod (LDTP) ကိုချိတ်ဆွဲ၍ နေ့/ည ရာသီမရွေးတိုက်ပွဲဝင်နိုင်ပါတယ်။
လက်နက်တပ်ဆင်နိုင်မှု
-----------------------
လေယာဉ်တွင် လက်နက်ပစ်စင်များအဖြစ် ကိုယ်ထည်အောက်တွင် (၁)နေရာ၊ တောင်ပံနှစ်ဖက်အောက်တွင် (၂)ခုစီ (၄)နေရာ နှင့် တောင်ပံထိပ်နှစ်ဘက်တွင် (၁)ခုစီ (၂)နေရာ၊ စုစုပေါင်း လက်နက်ပစ်စင် (၇)နေရာ ရှိပြီး၊ လက်နက်အလေးချိန် (၃၇၀၀)ကီလိုဂရမ် ထိသယ်ဆောင်နိုင်စွမ်းရှိပါတယ်။ GSh-23 ၂၃-မမ ပြောင်းနှစ်လက်တွဲစက်အမြောက်တစ်လက်တပ်ဆင်ထားပြီး၊ GSh-30 ၃၀-မမ ပြောင်းနှစ်လက်တွဲစက်အမြောက်ကိုလည်း ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။
JF-17 တွင် တရုတ်နိုင်ငံထုတ် PL-12/SD-10 Active Radar Homing တာလတ်မြင်ကွင်းလွန်ဝေဟင်ပစ်ဒုံးပျံ (၄)လုံးထိတပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ တောင်ပံနှစ်ဖက်ထိပ်နဲ့ တောင်ပံအောက်အစွန်(၂)နေရာတွင် တာတိုဝေဟင်ပစ်ဒုံးပျံ (၆)လုံးထိ သယ်ဆောင်နိုင်ပါတယ်။ တာတိုဝေဟင်ပစ်ဒုံးပျံများအဖြစ် AIM-9P, PL-5, PL-7, PL-8, PL-9 တို့ကိုတပ်ဆင်နိုင်စွမ်းရှိပါတယ်။
မြေပြင်တိုက်ခိုက်ရေးအတွက် လေဆာပဲ့ထိန်းဗုံးများကို သယ်ဆောင်ကြဲချနိုင်ပြီး၊ C-802 သင်္ဘောဖျက်ဒုံးပျံ (၃) လုံးကိုလည်း သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ သမားရိုးကျဗုံးများနှင့် ဒုံးပစ်လောင်ချာများလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။
အင်ဂျင်
--------
င်္FC-1/JF-17 တွင် ရုရှားထုတ် MIG-29 တွင်အသုံးပြုလျှက်ရှိသည့် RD-33 အင်ဂျင်မှ ဆင်းသက်လာသည့် Kilmov RD-93 တာဘိုဖန်အင်ဂျင်တစ်လုံး တပ်ဆင်ထားပါတယ်။ နောက်ပိုင်းတွင် RD-93 ကိုအခြေခံတည်ဆောက်ထားသည့် တရုတ်ထုတ် WS-13 အင်ဂျင်ဖြင့် အစားထိုး တပ်ဆင်မယ်လို့ သိရှိရပါတယ်။ JF-17 Block-II
---------------
JF-17 Block-II တွင် datalink communication ပါဝင်လာပြီး၊ မြေပြင်ထိန်းချုပ်စခန်းများ၊ ဝေဟင်ကြိုတင်သတိပေးလေယာဉ်များနှင့် အခြားအမျိုးအစားတူ datalink တပ်ဆင်ထားသည့် လေယာဉ်များနှင့် ချိတ်ဆက်ကာ သတင်းအချက်အလက် ဖလှယ်နိုင်သည့်အတွက် situation awareness ကိုပိုမိုကောင်းမွန်စေပါတယ်။ ထို့ပြင် စွမ်းဆောင်ရည်မြင့် AESA ရေဒါ၊ ဝေဟင်ဆီဖြည့်စနစ်နှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးကိရိယာများ ထပ်မံဖြည့်စွက် ထည့်သွင်းမယ်လို့ သိရှိရပါတယ်။
မူလလေယာဉ်၏ ဦးခေါင်းမှာ AESA ရေဒါအား ထည့်သွင်းရန် နေရာမလုံလောက်သည့်အတွက် လေယာဉ်ဦးခေါင်းကို ပုံစံပြောင်းခြင်း၊ ရေဒါဖြတ်ပိုင်းပုံရိပ် လျော့ချနိုင်ရန် Airframe အားပုံစံပြောင်းခြင်းတို့ကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ရေဒါလှိုင်းစုပ်ဆေး (Radar Absorbing Material) သုတ်လိမ်းခြင်း၊ ရေဒါပုံရိပ်ပြန်မှုနည်းပါသည့် Cockpit Glass ကိုတပ်ဆင်ခြင်းနှင့် လေယာဉ်ကိုယ်ထည်ကို ပေါင်းစပ်သတ္ထု (Composite Material) ဖြင့်တည်ဆောက်ခြင်းတို့ကိုလည်း ထပ်မံပြုလုပ်မှာ ဖြစ်ပါတယ်။
A-Darter Missile နှင့် HMS ကို ဘရာဇီး/တောင်အာဖရိကနိုင်ငံများနှင့် ညှိနှိုင်းလျှက်ရှိပြီး၊ တရုတ်နိုင်ငံထုတ် HMS ကိုလည်း တပ်ဆင်အသုံးပြုမယ်လို့ သိရှိရပါတယ်။ IRST ကိုလည်း တပ်ဆင်မှာဖြစ်ပါတယ်။
ပါကစ္စတန်လေတပ်မှ Air Chief Marshall Rao Qamar Suleiman က အမေရိကန်နှင့် ဥရောပတို့၏ တိုက်လေယာဉ်များကဲ့သို့ ရေဒါ၊ ဝေဟင်စီးချင်းထိုးစွမ်းရည်၊ မြင်ကွင်းလွန်တိုက်ပွဲဝင်စွမ်းရည်များ ပြည့်စုံပြီး အဆိုပါတိုက်လေယာဉ်များ၏ သုံးချိုးတစ်ချိုးမျှသော ဈေးနှုန်းဖြင့်ရရှိနိုင်တာ JF-17 ဖြစ်ပါတယ်လို့ ဆိုပါတယ်။
အသေးစိတ်အချက်အလက်များ
-------------------------------

Block-I/Block-II
လေယာဉ်မှူး - (၁)ဦး
အလျား - ၁၄-မီတာ / ၁၄.၉-မီတာ
တောင်ပံအလျား - ၈.၅-မီတာ / ၉.၄-မီတာ
တောင်ပံဧရိယာ - ၂၄.၄ စတုရန်းမီတာ
အမြင့် - ၅.၁-မီတာ / ၄.၇-မီတာ
လေယာဉ်သက်သက်အလေးချိန် - ၆၄၁၁-ကီလိုဂရမ် / ၆၅၈၆-ကီလိုဂရမ်
ပုံမှန်ပျံတက်အလေးချိန် - ၉၁၀၀-ကီလိုဂရမ် (တောင်ပံနှစ်ဖက်ထိပ်ဒုံးများမပါ)
အများဆုံးပျံတက်နိုင်သည့် အလေးချိန် - ၁၂၇၀၀-ကီလိုဂရမ်

ကိုယ်တွင်းလောင်စာဆီ သယ်ဆောင်နိုင်မှု - ၂၃၀၀-ကီလိုဂရမ်
ဝေဟင်ဆီဖြည့်စနစ် - မပါဝင်
လက်နက်သယ်ဆောင်နိုင်မှု - ၃၇၀၀-ကီလိုဂရမ် / ၃၄၀၀-ကီလိုဂရမ်
အမြန်နှုန်း - အသံထက် (၁.၆)ဆ အမြန်နှုန်း
အမြင့်ဆုံး တက်ရောက်နိုင်သည့်အမြင့်ပေ - ၁၆၇၀၀-မီတာ / ၁၆၉၁၆-မီတာ
အဝေးဆုံးသွားရောက်နိုင်သည့် အကွာအဝေး - ၃၀၀၀-ကီလိုမီတာ / ၃၄၈၁-ကီလိုမီတာ
စစ်ဆင်နိုင်မှုအကွာအဝေး - ၁၃၅၀-ကီလိုမီတာ
လေထဲတွင် အကြာဆုံးနေနိုင်မှု - ၃.၅-နာရီ
G Limit - -3g ~ +8g
လက်နက်ပစ်လွှတ်စင် - ၇-ခု
Thrust - 0.79 / 0.95
ပျံတက်နှုန်း - 249 m/s
ပျံတက်နိုင်ရန် ပြေးလမ်းလိုအပ်ချက် - ၄၅၀-မီတာ
ဆင်းသက်နိုင်ရန် ပြေးလမ်းလိုအပ်ချက် - ၇၅၀-မီတာ
တန်ဖိုး - အမေရိကန်ဒေါ်လာ ၁၅ ~ ၂၀ သန်း / ၂၀
Credit : ko mm.

Thursday, July 9, 2015

RUSSIA S 400 MISSLE


IPO2HYM


HQ-9 ဒုံးပျံစနစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် တစ်ခုတည်းသော တိုက်ချင်းပစ်ဒုံးပျံကာကွယ်ရေး နှင့် ရေဒါပျောက် လေယာဉ်များကို ချေမှုန်းနိုင်သော ဒုံးပျံစနစ်ပါ။ ဒါ့အပြင် အီလက်ထောနစ်နှောက်ယှက်မှု များဖြင့် မတားဆီးနိုင်သော Antjamming & antiradiation စနစ်များအပါအဝင် ကိုယ်ပိုင်ရေဒါလမ်းညွန် စနစ်ပါဝင်သော ဒုံးပျံများ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံက နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့သော တရုတ်နိုင်ငံ ကာကွယ်ရေး စက်ရုံများထံမှ စနစ်၁၂ခုထိ နည်းပညာပူးပေါင်းထုတ်လုပ်ရန် ကမ်းလှမ်းခံခဲ့ပြီး နာမည်ကြီးခဲ့သော စနစ်လဲဖြစ်ပါတယ်။ HQ-9 သို့မဟုတ် မီးလျံနီ လို့ နာမည်တွင်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ရုရှားနိုင်ငံရဲ့ S-300 အမေရိကန်ရဲ့ MIM-104 Patriot တို့ကို လေ့လာကာ ၁၉၉၀ပြည့်လွန်တွင် CPMIEC ကုမ္မနီမှ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၀ပြည့်လွန် နှစ်များဆီက တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ရုရှားနိုင်ငံမှ S-300P နှင့် S-300V အမျိုးအစားများကို ဝယ်ယူအသုံးပြုခဲ့ပြီး၊ စနစ်များတွင် တွဲဖက်ကာ ပြည်တွင်းဖြစ် ဒုံးပျံများအသုံးပြုနိုင်ရေး စတင်ကြိုးပမ်းရာမှ ကိုယ်ပိုင် စနစ်တစ်ခု ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်