Tuesday, February 9, 2016
"အရပ်စာချုပ်ဖြင့် ဆောက်လုပ်ခွင့်လျှောက်ခြင်း မြို့တော်စည်ပင် လက်ခံ"
"အရပ်စာချုပ်ဖြင့် ဆောက်လုပ်ခွင့်လျှောက်ခြင်း
မြို့တော်စည်ပင် လက်ခံ"
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကန်ထရိုက်တိုက်များ
ဆောက်လုပ် ရာတွင် အရပ်စာချုပ် အသုံးပြု၍ ဆောက်လုပ်ခွင့်
လျှောက်ထားခြင်း များ ရှိလာပြီး ရန်ကုန်မြို့တော်
စည် ပင်သာယာရေး ကော်မတီကလည်း အရပ်စာချုပ်ဖြင့်
လျှောက်ထားသည့် အဆောက်အအုံ ဆောက်လုပ်ခွင့်ကို
သုံးထပ်အမြင့်အထိ ဆောက်လုပ် ခွင့်ပြုထားကြောင်း သိရသည်။
"အရင်ကတော့ ခွင့်မပြုဘူး။ ဒါပေမယ့် အခု နောက်ပိုင်း
သုံးထပ် အထိတော့ ခွင့်ပြုပေးထားတယ်။
ဒါကလည်း အိမ်ခြေမဲ့တွေ၊ ဆင်းရဲ နွမ်းပါးမှုတွေကို
လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖြေလျှော့ပေးခဲ့တာ
ဖြစ် ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ
အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ
တာဝန် ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အရပ်စာချုပ်ဖြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကို
လျှောက်ထားကာ ဆောက်လုပ် သည့် ကန်ထရိုက်တိုက်များမှာ
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပိုမို များပြားကြောင်း သိရသည်။
ယခင် က ကန်ထရိုက်တိုက် ဆောက်လုပ် ခွင့် တောင်းခံလျှင်
နှစ် ၆ဝ ဂရန် ရှိမှ သာ ခွင့်ပြုသော်လည်း
ယခုအခါ ရပ်ကွက်အတွင်း ပိုင်ရှင်မဲ့ ဂရန် မရှိ သည့် မြေများ၌
အဆောက်အအုံ ဆောက်လုပ်လိုပါက အရပ်စာချုပ် တွင်
သက်ဆိုင်ရာ ရပ်ကွက်လူကြီး ၏ ထောက်ခံချက်ဖြင့်
ကန်ထရိုက် တိုက်ဆောက်လုပ်ခွင့်ကို ၂ဝ၁၄ ခုနှစ် မှ
စတင် ခွင့်ပြုထားကြောင်း သိရ သည်။
ယင်းခွင့်ပြုချက်မှာ အိမ်ခြေမဲ့ ပြည်သူများအတွက် အကျိုးရှိသည့်
အခြေအနေတစ်ခု ဖြစ်မလာဘဲ ရပ်ကွက်အတွင်း
မိမိအကျိုး စီးပွား အတွက် ကြည့်ကာ ရပ်ကွက်အတွင်း ရှိ
စာကြည့်တိုက်များ၊ မီးသတ်ရေ ကန်များအား
ရပ်ကွက်လူကြီးများနှင့် ပေါင်းကာ အရပ်စာချုပ်ချုပ်ဆို၍
စီးပွားဖြစ်ဆောက်လုပ်နေခြင်းများ ရှိနေကြောင်း
သင်္ဃန်းကျွန်းမြို့နယ် အတွင်းနေထိုင်သူ အချို့ထံမှ သိရ သည်။
"ဒီရပ်ကွက်ထဲမှာ နေစရာ တကယ်မရှိတဲ့ သူတွေဆိုရင်
မပြော ပါဘူး။
အခုဟာက ကန်ထရိုက်နဲ့ ရပ်ကွက်လူကြီးနဲ့ ပေါင်းပြီး လုပ်နေ တာ၊
နေရာအလွတ်မကျန်ကို လုပ်နေ တာ။
သုံးထပ်လည်း မကဘူး။ လေးထပ်ခွဲတွေဆောက်ပြီး ဂရန်ရှိတဲ့
တိုက်ခန်းတွေထက် ဈေးနှိမ့်ပြီး ရောင်းတယ်။
သူတို့အတွက်က အမြတ်ချည်းပဲ။
စိုက်ငွေ တစ်ပြားမှ မရှိဘဲ လုပ်နေတာဆိုတော့
ကျွန် တော်တို့အနေနဲ့ သည်းမခံနိုင်ဘူး” ဟု
သ င်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်နိုင်က
ပြောသည်။
ယခင်က ဂရန်ပိုင် မဟုတ်ဘဲ အရပ်စာချုပ်ဖြင့်သာ ခွင့်ပြုချက်
တောင်းခံဆောက်လုပ်သည့် ကန် ထရိုက်တိုက်ခန်းများအား
ဝယ်သူတို့ အနေဖြင့် မဝယ်ရဲကြသော်လည်း
ယခုအခါ ဆောက်လုပ်ထားသည့် နေရာ၊
တိုက်ခန်းပုံစံ တို့ကို ကြည့်ကာ ဝယ်ယူမှုများလည်း ရှိကြကြောင်း
အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ယခုနောက်ပိုင်း ကန်ထရိုက် တိုက်ဆောက်လုပ်သည့်
ဆောက် လုပ်ရေးကုမ္ပဏီများက ၎င်းတို့၏ တိုက်ခန်းများအား
အရစ်ကျစနစ် ဖြင့် ရောင်းချကြပြီး ဝယ်သူများ ကလည်း
အရစ်ကျစနစ်ဖြင့် ဝယ်ရ သည်ဖြစ်ခြင်းကြောင့်
ဂရန်မြေပေါ် တွင် ဆောက်ထားသည် ဖြစ်စေ၊
အရပ်စာချုပ်ဖြင့် ဆောက်လုပ်ခွင့် တောင်းကာ
ဆောက်ထားသည်ဖြစ် စေ ဝယ်ယူကြကြောင်း သိရသည်။
"စည်ပင်က အရင်ကတော့ ဖျက်မယ်ဆိုတော့
အရပ်စာချုပ်နဲ့ တိုက်ခန်းတွေကို မဝယ်ရဲကြဘူး။
အခုက တရားဝင် သုံးထပ်အထိ ဆောက်လုပ်ခွင့်ပြုထားတော့
သတ် မှတ်ထားတဲ့အတိုင်း ဆောက်လုပ် ထားတဲ့
တိုက်ခန်းတွေဆို ဝယ်ကြ တယ်”ဟု
သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ
အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
ယခု နောက်ပိုင်းတွင်
နာမည်ရ ကန်ထရိုက်တာများကလည်း အရပ် စာချုပ်ဖြင့်
ဆောက်လုပ်ခွင့်လျှောက် ကာ တိုက်ခန်းများ
ဆောက်လုပ် လာကြရာ
ယင်းတို့အနေဖြင့် အချက် အလက် စုံလင်စွာအသုံးပြု၍
ဝယ်သူ စိတ်လုံခြုံမှု ရှိစေရန် ဆောင်ရွက်လာ ကြသဖြင့်
အချက်အချာကျသည့် နေရာများ၌ ရှိသောတိုက်ခန်းများ၏ ဈေးမှာ
ဂရန်ရှိသော မြေကွက်၌ ဆောက်လုပ်ထားသည့် တိုက်ခန်း များနှင့်
တန်ဖိုးညီစွာ ရောင်းချနိုင်လာ ကြောင်း သိရသည်။
လက်ရှိတွင် ကန်ထရိုက်တိုက်
အများဆုံး ဆောက်လုပ်သည့်မြို့နယ် များမှာ
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊
ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြောက်ဥက္ကလာပ၊
တာမွေ၊ ရန်ကင်း အစရှိသည့် နေရာများဖြစ်ပြီး
ဂရန်မရှိဘဲ ဆောက် လုပ်ခွင့်ကို အရပ်စာချုပ်ဖြင့် လျှောက် ထား၍
ဆောက်လုပ်သည့် တိုက်ခန်း များမှာ
သင်္ဃန်းကျွန်းနှင့် ဒေါပုံ မြို့နယ်တွင် အများဆုံးဖြစ်ကြောင်း
ကန်ထရိုက်တာများထံမှသိရသည်။
(ကြူကြူးကို)
“အဆောက်အဦနှင့်ဆိုင်ရာ အမေးများသော မေးခွန်းနှင့် အဖြေများ”
“အဆောက်အဦနှင့်ဆိုင်ရာ အမေးများသော
မေးခွန်းနှင့် အဖြေများ”
Q - ခွင့်ပြုချက်မဲ့ အဆောက်အဉီများအား
တရားစွဲဆိုသည့် အခါ အထပ်နိမ့်နှင့်အထပ်မြင့်
တူညီမှုရှိပါသလား။
A - ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အဆောက် အဉီမှ
ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်းမပြုရပါ။
ပြုလုပ်ပါက တရားစွဲအရေးယူ ပါသည်။
Q - ပိုင်ဆိုင်မှုဂရန်တင်ပြနိုင်ခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့်
ခွင့်ပြု မိန့်လျှောက်ထားလာပါက ခွင့်ပြုပါသလား။
A - အရပ်စာချုပ်ဖြင့်ဆောက်လုပ်ခွင့်လျှောက်ထားပါက
မြေရာဇဝင်ကို စိစစ်ပါသည်။
မြေရာဇဝင် စိစစ်ချက် အရနိုင်ငံသားအမည်ပေါက်မြေဖြစ်ပါက
(၃)ထပ်ထိ ဆောက်လုပ်ခွင့်ပြုပါသည်။
Q - ခွင့်ပြုချက်မဲ့အဆောက်အဉီများ ဆောက်လုပ်ပြီးစီးမှသာ
ဘာကြောင့်တရားစွဲပါသလဲ၊ မဆောက်လုပ်မီဘာကြောင့်
တရားမစွဲပါသလဲ။
A - ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေ့ရှိပါက
Foundation အဆင့်တွင်ပင် တားမြစ်ပါသည်။
လိုက်နာခြင်းမရှိပါ ကတရားစွဲဆိုမှုကို စတင်ပြုလုပ်ပါသည်။
Q - အဆောက်အဉီ ဆောက်လုပ်သည့်အခါ
ကားပါကင်ကို ဘယ်လိုအထပ်မြင့်တွေမှာ ခွင့်ပြုပါသလဲ၊
ကားပါကင် ထည့်သွင်းမှုကို ဘယ်အချိန်က
စတင်ညွှန်ကြားခဲ့ပါသလဲ။
A - မြေကွက်အကျယ် (၅၀' x ၅၀') သို့မဟုတ်
၂၅၀၀ စတုရန်းပေနှင့် အထက် ကျယ်သော မြေကွက်များတွင်
အဆောက်အဉီ ဆောက်လုပ်ပါက
ကားပါကင် ထည့်သွင်းရန်လိုအပ်ပါသည်။
(၁၃.၈.၂၀၁၂) ရက် နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
Q - အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်သည့်အခါ
ခွင့်မပြုသည့်နေရာတွေက မည်သည့်နေရာများဖြစ်ပါသ လဲ။
A - ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့်
ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်း၊ အင်းယားလမ်း၊
တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေဝမ်း လမ်း
အစရှိသည့် အလားတူနေရာများဖြစ်ပါသည်။
Q - နိုင်ငံခြားသားအမည်ပေါက်နှင့် အဆောက်အဉီ
ဆောက်မည်ဆိုပါက ခွင့်ပြုမိန့်မည်သို့လျှောက်ရမည်နည်း။
A - လိုင်စင်အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်
အဆိုပြုပုံစံ(၃)စုံ၊
မြေပိုင်ဆိုင်မှု အထောက်အထား၊
သတ်မှတ်ထားသည့် လျှောက်လွှာများနှင့် အတူ
လျှောက်ထားရပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ
ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြရ ပါသည်။
Q - ခြံစည်ရိုးနယ်နိမိတ်တိုင်းတာ မည်ဆိုပါက
အရပ်စာချုပ် နှင့် တင်ပြလျှင် ခွင့်ပြုနိုင်ပါသလား။
A - အရပ်စာချုပ်ဖြင့် ခြံစည်းရိုးနယ်နိမိတ်တိုင်းတာ၍ မရပါ။
Q - အဆောက်အဉီ ခိုင်ခံ့မှု စစ်ဆေးရေးအား
မည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ။
A - အဆောက်အဉီ ခိုင်ခံ့မှုနှင့် ပတ်သက်၍
လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာမှ
တွက်ချက်တင်ပြလာ သည့် Structure Calculation ကို
ဌာနမှ စိစစ်ပေး ပါသည်။
ခိုင်ခံ့မှုရှိပါက ခွင့်ပြုပေးပါသည်။
ခွင့်ပြု ပေးပြီးပါက မြေပြင်တွင်လည်း
တွက်ချက် တင်ပြ ထားသည့်အတိုင်း ဆောက်လုပ်စေရန်အတွက်
စစ်ဆေးကြပ်မတ်ပေးပါသည်။
အင်ဂျင်နီယာဌာန (အဆောက်အအုံ)
"ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ"
"ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား
သတိထားစရာများ"
"နည်း(၂)မျိုး"
=======
အဆောက်အဦးများကို ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့သည်
အောက်ပါနည်း(၂)မျိုးဖြင့် ဆောင်ရွက်တတ်ကြပါသည်။
၁။မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ
အခန်းပေးအခန်းယူဆောက်လုပ်ခြင်း။
၂။မြေပိုင်ရှင်ကမိမိပိုင်မြေပေါ်တွင်မိမိပိုင်အဆောက်အဦးအား
မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအားငှားရမ်းဆောင်ရွက်ခြင်း၊
(တနည်းအားဖြင့်)
P.A.E စနစ်(Per Area Estimation )
အဆောက်အဦး၏တစ်ယူနစ်ဧရိယာခန့်မှန်းတွက်ချက်ပြီး
စိစစ်လက်ခံသည့်စနစ်တို့ဖြစ်ပါသည်။
"ခံစားခွင့်များ"
========
* မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ
အခန်းပေးအခန်းယူဆောက်လုပ်ကြရာတွင်
အဆောက်အဦးတစ်လုံးအတွက်ကုန်ကျစရိတ်ကို
ကန်ထရိုက်တာကအကုန်အကျခံဆောက်လုပ်ရပြီး
မိမိခံစားပိုင်ခွင့်ရသည့်အခန်းများကို
- ကြိုတင်အရစ်ကျရောင်းချခြင်း၊
- အခန်းဆောက်လုပ်ပြီးမှရောင်းချခြင်းများဖြစ်ပါသည်။
* P.A.E စနစ်မှာထိုသို့မဟုတ်ပါ၊မြေပိုင်ရှင်မှ
မိမိပိုင်မြေပေါ်တွင်
မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအား အဆောက်အဦး၏
တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးကို
ကန်ထရိုက်တာမှတွက်ချက်၍အဆောက်အဦးတစ်ခုလုံး
အပြီးအစီးငွေကျပ်မည်၍မည်မျှကုန်ကျမည်၊
ရယူမည်ဆိုသည်ကိုမြေပိုင်ရှင်ဘက်မှလက်ခံပြီး
- အဆောက်ဦးဆောက်လုပ်ခွင့်ပါမစ်ရ၍
စတင်မြေတူးသည့်နေ့တွင်
%မည်၍မည်မျှကိုလည်းကောင်း၊
- ပထမထပ်ကြမ်းခင်းပြီးလျှင်
%မည်၍မည်မျှကိုလည်းကောင်း၊
- အဆောက်အဦးအမိုးမိုးပြီးလျှင်
%မည်၍မည်မျှကိုလည်းကောင်း၊
- အဆောက်အဦးအားသတ်မှတ်စံချိန်စံညွှန်း၊
သတ်မှတ်ခွင့်ပြုသည့်ပုံစံအတိုင်း
အဆောက်အဦးပြီးဆုံးကြောင်း
သက်သေခံလက်မှတ်
(ဘီစီစီ)(Building complicate Certificate )
ရလျှင်%မည်၍မည်မျှကို
မြေပိုင်ရှင်ကကန်ထရိုက်တာအား
ငွေပေးချေရသည့်စံနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်း
ဖြစ်ပါသည်။
ကန်ထရိုက်တာအနေဖြင့်အဆောက်အဦးနှင့်
ပတ်သက်၍ခံစားခွင့်မရှိပါ။
"သတိပြုစရာများ"
==========
* အခန်းပေးအခန်းယူစနစ်ဖြင့်ဆောက်လုပ်ရာတွင်
ကန်ထရိုက်တာများသည်ကြိုတင်ငွေပေးချေမှုစနစ်ဖြင့်
မိမိရပိုင်ခွင့်ရှိသည့်တိုက်ခန်းများအားလုံးကိုဖြစ်စေ၊
အားလုံးနီးပါးကိုဖြစ်စေ၊ရောင်းချနေပြီဆိုလျှင်
မြေပိုင်ရှင်များဘက်မှစာချုပ်များတွင်
အသိအမှတ်ပြုလက်မှတ်
မထိုးပေးရန်သတိပြုဘို့အထူးလိုအပ်ပါသည်။
*** ကန်ထရိုက်တာအနေဖြင့်အရောင်းစာချုပ်၊
စရန်ပေးစာချုပ်တို့ချုပ်ပေး၍အတိုးဖြင့်ငွေချေးယူတတ်ခြင်း၊
အမှန်ရောင်းချလျှင်လည်းရပိုင်ခွင့်ဆက်လက်မကျန်ရှိ၍
အဆောက်အဦးအားပဋိညာဉ်ပါအတိုင်းပြီးဆုံးအောင်
မဆောင်ရွက်ဘဲရှောင်တိန်းထွက်ပြေးနိင်ပါသည်။
မြေပိုင်ရှင်အနေဖြင့်လက်မှတ်ရေးထိုးပေးမိလျှင်
ကန်ထရိုက်တာထံမှအခန်းကြိုဝယ်သူများမှ
ကန်ထရိုက်တာနှင့်အတူပူးတွဲတရားစွဲဆိုခြင်းခံရမည်
ဖြစ်ပါသည်။***
* ထို့အပြင်ကန်ထရိုက်တာသည်အခန်းတစ်ခန်းတည်းကို
နှစ်ဦးသို့မဟုတ်သုံး/လေးဦးတို့ကိုဆင့်ကဲဆင့်ကဲ
ရောင်းချတတ်၍မြေပိုင်ရှင်အနေဖြင့်
ကန်ထရိုက်တာအားအားနာမှု၊ယုံကြည်မှုတို့ဖြင့်
လက်မှတ်ထိုးပေးမိပါကကန်ထရိုက်တာ၏အရှုပ်ထဲ
ကိုယ်ပါ "ပဲလှော်ကြားဆားညပ်တတ်ပါသည်"။
*** သက်ဆိုင်ရာYCDC မှဆောက်လုပ်ခွင့်ပါမစ်ကျပြီးနောက်
အဆောက်အဦးမဆောက်သေးဘဲအခန်းများကိုကြိုတင်၍
အောက်ဈေးဖြင့်ရောင်းချနေသည့်ကန်ထရိုက်တာများဆိုလျှင်
သတိနှင့်ကြပ်မှတ်သင့်ပါသည်။
ထွက်ပြေးတိန်းရှောင်နိင်ပါသည်။ ***
တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ
လိုင်စင်အငှားဖြင့်ဆောက်လုပ်သည့်ကန်ထရိုက်တာများလည်း
ရှိပါသည်။
ထိုသို့
*** လိုင်စင်အငှားနှင့်ဆောက်မည့်ကန်ထရိုက်တာနှင့်ဆိုလျှင်
လိုင်စင်ပိုင်ရှင်ကန်ထရိုက်တာကိုပါစာချုပ်တွင်
ထည့်သွင်းချုပ်ဆိုထားရန်လိုအပ်ပါသည်။***
*** PAE စနစ်ဖြင့်ဆောက်လုပ်သောမြေပိုင်ရှင်များအဖို့
လိုင်စင်ရအင်ဂျင်နီယာတစ်ဦးနှင့်စံချိန်စံညွှန်းများကို
အမြဲမပြတ်စစ်ဆေးသင့်ပါသည်။***
* ကန်ထရိုက်တာအနေဖြင့်အဆောက်အဦး၏
တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးတွက်ချက်ရယူ
ဆောက်လုပ်ခြင်း၊(တနည်းအားဖြင့်)
ပုတ်ပြတ်စနစ် ဖြစ်ခြင်း၊(တစ်နည်းအားဖြင့်)
မြန်မာအခေါ်တန်စား၊ပေစားစနစ်ဖြစ်သည့်အတွက်
ကန်ထရိုက်တာတို့အနေဖြင့်မိမိတို့အတွက်
ပိုမိုအကျိုးအမြတ်ရစေရန်အဆောက်အဦးတွင်
အသုံးပြုမည့်ပစ္စည်းများ၏အရည်အသွေးအပေါ်ခို၍
ဆောက်လုပ်တတ်ကြပါသည်။
(မကြာခဏကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား
အထက်ပါအချက်များအပေါ်သတိမထားမိကြဘဲ
အမှုများဖြစ်ပွားတတ်သောကြောင့်
ဆောင်ရန်၊ရှောင်ရန်တင်ပြရခြင်းဖြစ်ပါသည်။)
"သစ်နှင့် ရေ၀င်ဆန့်တွက်နည်း"
"သစ်နှင့် ရေ၀င်ဆန့်တွက်နည်း"
"သစ်တွက်နည်း"
။။။။။။။။။။။။။။။။။။။။
မြန်မာလက်သမားတို၏သစ်တွက်နည်းဝေမျှပါသည်။
"သစ်တစ်တန် = ၄၀၀လက္မ သတ်မှတ်ပါသည်။"
ဥပမာ ၂"x ၁" (အရှည်၁၈ ပေ) = ၂" ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀
ထို့ကြောင့် ၂"x ၁" (အရှည်၁၈ပေ)
၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
(အောက်ပါတို့ကို အားလုံးပေရှည် ၁၈ပေ မှတ်ယူရပါမည်။)
၃"x ၁" = ၃" (၁၃၃.၃ ချောင်း) 
၎"x ၁" = ၄" (၁၀၀ချောင်း)
၅"x ၁" = ၅" (၈၀ချောင်း)
၆"x ၁" = ၆"(၆၆.၆ ချောင်း)
၃"x ၀.၅"= ၁.၅"(၂၆၆.၆ ချောင်း)
၎"x ၀.၅"= ၂"(၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x ၅"=၂၅ လက္မ(၁၆ ချောင်း)
"တန်ဖိုးတွက်မည်ဆိုလျှင်"
ဥပမာ -
သစ် တစ်တန် = ၄၀၀,၀၀၀ကျပ်
၄၀၀,၀၀၀ ÷ ၄၀၀ = ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်။)
၂"x ၁၀၀၀ = ၂၀၀၀ကျပ်
(၂"x ၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစ်သည်။)
၃"x၁၀၀၀=၃၀၀၀ကျပ်
(၃"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစ်သည်။)
၂"x ၁" -  ၅ပေတစ်ချောင်း၏တန်ဘိုးဆိုလျှင်
၂၀၀၀ကျပ် ÷ ၁၈ပေ x ၅ပေ = ၅၅၅.၅၅ ကျပ်
"နောက်တစ်နည်း"
။။။။။။။။။။။။။။။။။။။။။
ဥပမာ-
၅"× ၁"ဆိုရင်
၅ × ၁ = ၅
၃" × ၂" ဆိုရင်
၃ × ၂ = ၆ စသည်ဖြင့်ရလာမယ်။
(သစ်တစ်တန်ဟာ
၁လက်မပတ်လည် ( 1" X 1") မှာ ၇၂၀၀ ပေ အရှည်ရှိ
တဲ့ အတွက် - )
မြှောက်လို့ရတဲ့ အဖြေနဲ့
၇၂၀၀ ကိုစားလိုက်ပါ။
ရလာတဲ့ အဖြေက တစ်တန်မှာရှိတဲ့ ပေအရှည်ပဲ။
ဥပမာ -
၇၂၀၀ ÷ ၅ = ၁၄၄၀ ပေ
၇၂၀၀ ÷ ၆ = ၁၂၀၀ ပေ စသည်ဖြင့်
ရလာတဲ့ပေကို တချောင်းချင်းပေတိုင်းပြီး ဝယ်ပေါ့ ... ။
"ရေ၀င်ဆန့်တွက်နည်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။
ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်
၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ
ရေ ၆.၂၄ ဂါလံဆန့် ပါတယ်။
ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့
ရေကန်ဟာ
6 X 4 X 3 X 6.24 = 449.28
ရေ ၄၅၀ ဂါလံဆန့် ပါတယ်။
ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့  ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင် ၁ တန်လေးလို့  ၂ တန်လောက် အလေးချိန်ရှိပါမယ်။
ရေကန်ကို အပေါ်မှာ ထားရင်
dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင်
သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။
အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့  ပြထားတတ်လို့ 
ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။
Htin Kyaw &  KOPAUK
Thursday, December 24, 2015
Upload ​တင်​နည်း ​နှင့် Downlaod Link ​ချ​ပေး​နည်း
မ​င်္ဂ​လာ​ပါ  ​ကျွန်​တော် ​သည်​နေ့ ​တော့ Upload  ​တင်​နည်း  ​တင်​ထား​သော ​ဒေါင်း​လင့်​အား ​ဘ​လော့​မှာ Downlaod  Link  ​ချ​ပေး​နည်း  ​လေး​ကို ​ရေး​ဖြစ်​ပါ​တယ်.. ​ဒါ​လေး​က​လည်း ​ကျွန်​တော် ​ရဲ့ ​ညီ​လေး ​အ​ဆို​တော်    ​နောင်​ရဲ​ထွဋ်    ​အ​တွက် ​တောင်း​ဆို​ထား​လို့  ​ခု​လို​အ​သေး​စိတ် ​ရေး​သား​တင်​ပေး​လို​က​တာ​ပါ..
ဘ​လော့​ကာ​တွေ​အ​တွက်​တော့  ​အား​လုံး​သိ​ထား​သော​နည်း​ပ​ညာ​ဖြစ်​တဲ့​အ​တွက်  ​ကျော်​သွား​လိုက်​ပါ​နော်..
 ပ​ထ​မ​ဆုံး  ​မိ​မိ​တို့  Upload  ​တင်​လို​သော ​ဆိုဒ်​မှာ ​အ​ကောင့်​တ​ခု ​လုပ်​ထား​ဖို့​လို​ပါ​လိမ့်​မယ်  ​အဲ​တာ​က​တော့ ​ပြော​မ​ပြ​တော့​ပါ​ဘူး​နော် ​ဆိုဒ်​တ​ခု​မှာ Singup  ​လုပ်​တာ​တော့ ​အဲ​လောက် ​ခက်​ခဲ​မယ်​မ​ထင်​လို့​ပါ... ​တင်​နိုင်​သော​ဆိုဒ်း​တွေ ​က​တော့ ​များ​ပါ​တယ်  ​ဒါ​ပေ​မယ့် ​ကျွန်​တော် ​က​တော့  
ယ​ခု ​န​မူ​နာ​အ​နေ​နဲ့  Mediafire.com  ​နဲ့​ဘဲ ​န​မူ​နာ​ပြ​လိုက်​ပါ​တယ်​နော်...
ပ​ထ​မ​ဆုံး www.mediafire.com  ​ကို​သွား​ပြီး ​အ​ကောင့်​တ​ခု​လုပ်​လိုက်​ပါ​နော်။ ​အ​ကောင့်​တ​ခု​ရ​တာ​နဲ့ ​စ​လို့​ရ​ပါ​ပြီ..​နော် ​အောက်​မှာ ​ပုံ​လေး​တွေ​နဲ့ ​ပြ​ထား​ပါ​တယ်..​စ​မယ်​နော်..
အ​ကောင့်​ဝင်​လိုက်​တာ​နဲ့....
Upload   ​တင်​နိုင်​သော ​ဆိုဒ်​များ
================
စ​တဲ့ ​ဆိုဒ်​တွေ ​မ​က​ဘဲ ​များ​ကြီး​ရှိ​ပါ​တယ် ​နှစ်​သက်​ရာ​က​နေ ​တင်​နိုင်​ပါ​တယ်..
ပ​ထ​မ​ဆုံး​အ​နေ​နဲ့  ​တွေ့​ကြ​ရ​မှာ​က​တော့...
 အ​ပေါ်​က​ပုံ​တိုင်း​ကျ​လာ​မယ် ​က​လစ်​လိုက်​ပါ..​ဒါ​ဆို ​မိ​မိ​တို့ ​ကွန်​ပျူ ​တာ​ဖိုင် ​ကျ​လာ​မယ်​နော်  ​မိ​မိ​တို့ ​တင်​လို​တဲ့  ​အ​ကြောင်း​ရာ​ရှိ​တဲ့ ​သိမ်း​ထား​တဲ့  ​ဖိုင်​ကို ​အ​ရောက်​သွား​လိုက်​ပါ​နော်...
ရောက်​တာ​နဲ့ ​တင်​လို​သော ​အ​ကြောင်း​အ​ရာ​ကို ​တ​ချက်​က​လစ်​ပါ  ​နောက် ​အောက်​က Open  ​ဆို​တာ​ဆက်​ကလ်​စ​လိုက်​ပါ.. ​အ​ကြောင်း​အ​ရာ​ကို  Double  ​က​လစ်​လိုက်​လည်း​ရ​ပါ​တယ်​နော်..
အ​ပေါ်​က​ပုံ​မှာ​လို  Upload  ​ပေး​ဖို့ ​အ​သင့်​အ​နေ​ထား​ဖြစ်​နေ​ပါ​ပြီ ​အဲ​လို​ဖြစ်​တာ​နဲ့ ​အောက်​နား​က Begin Uplaod  ​ဆို​တာ​က​လစ်​ပေး​လိုက်​ရုံ​ပါ​ဘဲ​နော်...
 သည်​အ​ဆင့်​မှာ​တော့ ​မိ​မိ​တို့ ​တင်​တဲ့ ​အ​ကြောင်း​အ​ရာ​ပေါ်​မူ​တည်​ပြီး ​အ​ချိန်​စောင့်​ရ​ပါ​မယ်  ​ဥ​ပ​မာ ​ဆော့​ဝဲလ် ​ဆိုဒ်​ကြီး​တာ​တွေ​ဆို ​အ​ချိန်​ကြာ​ပါ​မယ်  mp3..ebook  ​တွေ​က​တော့ ​ခ​ဏ​တာ​နဲ့ ​ပြီး​ပါ​မယ်..​ပြီး​တာ​နဲ့ ​နောက်​က Copy Link ​ဆို​တာ​က​လစ်​ပြီး ​ဒေါင်း​လင့်​ကို ​ယူ​နိုင်​ပါ​တယ်..
နောက်​တ​ဆင့် ​ယူ​နည်း​လည်း​ပြ​လိုက်​ပါ​မယ်...​နော်
 နောက်​ထပ်  ​မိ​မိ​တို့​တင်​ထား​တဲ့ ​အ​ကြောင်း​ရာ​ကို  ​မိ​မိ​တို့ ​ဘ​လော့​မှာ  ​သူ​များ​အ​သုံး​ပြု​နိုင်​အောင် ​တင်​ပေး​နည်း​လေး​ကို​ဆက်​ပြ​ပါ​မယ်...
ဘ​လော့​မှာ  Downlaod Link  ​ချ​ပေး​နည်း ( ​ဘ​လော့​ကာ​ဆိုင်​ရာ )
ပ​ထ​မ​ဆုံး ​မိ​မိ​တို့​ဘ​လော့​ရဲ့  post ​တင်​ဖို့ ​အ​နေ​ထား​ကို ​သွား​လိုက်​ပါ​နော်..
 အ​ပေါ်​က​တိုင်း ​ရောက်​တာ​နဲ့  ​မိ​မိ​တို့  ​ဒေါင်း​လင့် ​ချ​ပေး​လို​သော ​အ​ကြောင်း​ရာ ​ရဲ့ ​လင့်​ကို ​တင်​ပေး​ကြ​မယ်​ဗျာ... ​တင်​တာ​က​လည်း ၂  ​နည်း​ရှိ​ပါ​တယ်.. 
နံ​ပါတ်(၁)  ​စာ​သား ​နဲ့ ​ဒေါင်း​လင့်​ပေး​နည်း
နံ​ပါတ် (၂)  ​ပုံ​လေး​တွေ​နဲ့ ​ဒေါင်း​လင့်​ပေး​နည်း
 ဆို​ပြီး​ပေါ့..​ကြိုက်​တာ​နဲ့  ​ပေး​ပါ...​လုပ်​ဆောင်​ချက်​က​တော့ ​တူ​တူ​ဘဲ​ဖြစ်​ပါ​တယ်...​နော်  ​ကျ​နော် ​စာ​သား​လေး​နဲ့ ​ပြ​သ​ထား​ပါ​တယ်.... ​ပုံ​မှာ​ပြ​ထား​သ​လို​ပေါ့   ​သည်​မှာ    ​ဒေါင်း​ရန်  ​ဆို​တာ​လေး​မှာ
သည်​မှာ   ​ဆို​တာ​လေး​ထဲ​ကို ​မိ​မိ​တို့  ​ဒေါင်း​လင့်​ကို ​ဖွက်​ထား​ရ​မှာ​ဖြစ်​ပါ​တယ်..​အဲ​အ​တွ့်
သည်​မှာ   ​ဆို​တာ​လေး​ကို  Select  ​ လုပ်​ပေး​လိုက်​ပါ  ​ပြီး​တာ​နဲ့ ​အ​ပေါ်​ဘား​က  link   ​ဆို​တာ​ကို ​က​လစ်​လိုက်​ပါ​နော်... ​ဘော်​က​လေး​တ​ခု​ကျ​လာ​မှာ​ဖြစ်​ပါ​တယ်...
 ခု​လို ​ကျ​လာ​တဲ့ ​ဘော်​က​လေး​မှာ ​အ​ကွက်​လေး  ၂​ခု ​ရှိ​ပါ​တယ်..​အ​ပေါ်​က​တော့ ​မိ​မိ​တို့ ​စော​စော​က​ရေး​သား​ခဲ့​တဲ့  ​သည်​မှာ   ​ဆို​တာ​လေး​ရဲ့ ​နေ​ရာ​ဖြစ်​ပါ​တယ်...  ​သည်​နေ​ရာ​မှာ ​ပုံ​နဲ့ ​တင်​တဲ့ ​သူ​တွေ​အ​တွက်  ​အ​ပေါ်​အ​ကွက်​လေး​က ​ဘာ​မှ ​မ​ပေါ်​ဘဲ ​ဖြစ်​နေ​မယ်  ​ပုံ​နဲ့​မို့​ပေါ့...
အို​ကေ  ​အောက်​က Web Adress ​ဆို​တာ​ထဲ​မှာ​ဘဲ  ​မိ​မိ​တို့  ​ဒေါင်း​စေ​ခြင်​သော  ​လင့်​အ​မှန်​ကို
 ထည့်​ပေး​လိုက်​ပါ​နော်.. ​စော​စော​က  Upload  ​တင်​တုန်း​က ​နေ​ရာ​မှာ  ​လင့်​ကို ​ကော်​ပီ ​သွား​ယူ​လိုက်​ပါ ​သည်​မှာ ​ထည့်​ပေး​လိုက်​ပါ... ​အဲ​လို​နဲ့  ​ပို့စ်​ထဲ​က ​သည်​မှာ   ​ဆို​တာ​လေး​က ​ပုံ​မှန်​စာ​သား​မ​ဟုတ်​တော့​ဘဲ
လင့်​အ​ဖြစ် ​ပြောင်း​လည်း​နေ​ပါ​ပြီ...​နော်....​ဒါ​ဆို ​သ​ဘော​ပေါက်​ရော​ပေါ့....​ဟူးး​မော​ထာာေိေိ
 မှတ်​ချက်   ။      ။  ​ပုံ​နဲ့ ​ဒေါင်း​လင့်​ပေး ​တာ​လည်း ​တူ​တူ​ပါ​ဘဲ ​ကြိုက်​တဲ့ ​ပုံ​ထည့်​ပါ... ​ပြီး​တာ​နဲ့  ​အဲ​ပုံ​ကို ​က​လစ်​ပါ.. ​နောက် ​အ​ပေါ်​က link ​က​လစ်​ပါ..​တူ​တူ​ပါ​ဘဲ​ဗျာ..
အ​စ​စ​အ​ဆင်​ပြေ​ပါ​စေ​လို့  ​ဆု​တောင်း​လို​က​ပါ​တယ် ​မ​ရှင်း​တာ​များ​ရှိ​ပါ​က  ​ချက်​ဘောက်​မှာ ​အော်​ခဲ့​ပါ​နော်...
စာ​အုပ်​အ​ဖြစ် ​ဒေါင်း​ယူ​လို​ပါ​က
( OR )
ဘ​လော့​ခ​ရီး​သည်
Wednesday, December 23, 2015
သမ္မတ၏အမျိုးသမီးကိုယ်ရံတော်
-------------------
ရေးသားသူ- အေးသူစံ
(မျိုးချစ်တို့ရေ....2013ခုနှစ်ကသတင်းလေးကိုဖတ်ပြီးဒေါ်ဇာဇာအောင်ကိုချီးမွမ်းလိုက်ကြပါအုံး)
ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။
ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတအနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။
နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအစဉ်အဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။
ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်းကပင် အသစ်အဆန်းဖြစ်နေသည်။
အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေးအရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ လုံခြုံရေးအရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလိုလို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။
ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်နိုင်သည့် ဒေါ်ဇာဇာအောင်၏အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသော နားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ ၀ါသနာပါသည်။ မိဘများက မပြည့်စုံသော်လည်း သူတို့မောင်နှမခုနစ်ယောက်လုံးကို ပညာကြိုးစားသင်ယူစေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သားများ ပြန်လည်ခေါ်ယူသည့်အခါ ၀င်လျှောက်ဖြစ်သည်။
ဝါသနာနှင့်အလုပ် တစ်ထပ်တည်းကျသည့်အတွက် သင်တန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည်။ တပ်ဖွဲ့ဝင်တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။
ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု ၄င်းကယုံကြည်သည်။
“မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာရင်တော့ သေဖို့အဆင်သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။
နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀ ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။
“နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ်ရမယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”
ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ်လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။
“သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်းတက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်းလည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြောကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။
အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက်လာသော သတင်းထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။
“ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီးမားမား အသက်အန္တရာယ်ဘေး နီးကပ်တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည် အနီးကပ်အန္တရာယ်ပြုမည့်သူများ ပေါ်ပေါက်နိုင်ခြေနည်းသော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။
“မသင်္ကာစရာဆိုလည်း ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသဖွယ် နွေးထွေးစွာ ဆက်ဆံခံရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်ကပြောသည်။
လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်းထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။
“သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်းမ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။
လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ်တဲ့နှလုံးသား ၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသလောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။
လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့်အတွက် ပျော်ရာမှာမနေရ တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင်ထားသည်။
အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင်ကိုမူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများမှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်သက်ပါသည်။
သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင် ဖြေကြားပါသည်။
“သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”
ဓာတ်ပုံ- အေးသူစံ
Thursday, September 24, 2015
PAW OOO
ခေါတ်သစ် ပေါ်ဦး အမေး၊ အဖြေ
**********************
မင်းကြီး ။ ဟဲ့… ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ
ပေါ်ဦး ။ ပုပ္ပါးက မယ်တော်ရုပ်ကြီးပါဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ ဒေါင်းမြှီးလေးပါ ပါတယ်ဘုရား
-----------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး နိုဗယ်ဆုရှင် ဥရောပသွား
ဘာပြော သတုန်းဟဲ့
ပေါ်ဦး ။ ဘားမား ပဲခေါ်ဆို အမြဲပြောတယ်ဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ စီးပွားရေး ပိတ်ဆို့ထားဖို့လေးနဲ့ပါဘုရား
-------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး… အသားထဲ ဘာအသားအ
ကောင်းဆုံးလဲ
ပေါ်ဦး ။ မဲနေတဲ့ အမဲသားပါဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ၅၉(စ) ပယ်ဖျက်ရေး ကလေး နဲ့ပါဘုရား
------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး… ရိုးရိုးမဲ မနိုင်ရင် ဘာကောင်း
သလဲ
ပေါ်ဦး ။ လမ်းပေါ်ထွက်တာ ကောင်းတယ်ဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ၈၈ တွေနဲ့ ပေါင်းတာပေါ့ဘုရား
-------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး… အတိုက်အခံ အရည်အချင်း
ဆိုတာဘာလဲ
ပေါ်ဦး ။ ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်ရပါမယ်ဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ အနောက်အားကိုးရပါမယ်ဘုရား
--------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး ဒီခေါတ် ဘာအလုပ်ကောင်း
သလဲ
ပေါ်ဦး ။ ဒေါင်းအမတ်ပါ ဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ထောက်ပံ့ကြေးတွေနဲ့ပါဘုရား
---------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး လက်ရှိပေါ်ပြူလာ အဖြစ်ဆုံးက
ဘာသတင်းတုန်းဟဲ့
ပေါ်ဦး ။ ခေါင်းလောင်း ဆယ်တာပါဘုရား
မင်းကြီး ။ ဟဲ့… သူချည်းသာလော
ပေါ်ဦး ။ အစိုးရက အာရုံလွှဲတာနဲ့ပါ ဘုရား
------------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး လက်ရှိ အကောင်းဆုံးကြွေး
ကြော်သံတွေ ဘာတွေလဲဟဲ့
ပေါ်ဦး ။ လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်ပါဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ သံဃာတွေကိုဆဲဆိုရင်း၊ အစိုးရကိုအပုပ်ချရင်း
နဲ့ပါဘုရား
--------------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး အကောင်းဆုံး စားပေါက်က
ဘာရှိတုန်းဟဲ့
ပေါ်ဦး ။ မြို့သစ်တည်တာပါဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ဆွေမျိုးပေါက်ဖေါ် တွေနဲ့ပါဘုရား
-----------------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး ပြောစမတ်ပြုရတဲ့ လူထုထောက်
ခံပွဲကြီးက ဘာတုန်း
ပေါ်ဦး ။ ၄၃၆ ပြင်ဆင်ရေး ပွဲကြီးပါဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ၁၀ နှစ်အောက်ကလေးတွေနဲ့ ကုလားတွေနဲ့ပါ
ဘုရား
မင်းကြီး။ ။ ဟဲ့ ပေါ်ဦး အခု သမ္မတဖြစ်ချင်နေတာ မိန်းမလား ယောက်ျားလား
ပေါ်ဦး။ ။ မိန်းမပါဘုရား
မင်းကြီး။ ။ ဟဲ့ သူ့ချည်သာလော
ပေါ်ဦး။ ။ ခိုးဝင်ကုလားတွေကို တရားဝင်နိုင်ငံသားဖြစ်ရေး မျိုးစောင့်ဥပဒေ ဖျက်သိမ်းရေး ပုဒ်မ၅၉ စ ကို ဖျက်သိမ်းရေးတို့နဲ့ ပါ ဘုရား
ကိုအေးချမ်းမင်း
Wednesday, August 26, 2015
MIG 35
MYANMAR NAVY
Supernyi Soe added 5 new photos from August 24.
မြန်မာ့တပ်မတော်ရဲ့ Blue water navy တည်ဆောက်နေမှုနဲ့ UMS Kyansitther ( F-12 )
2014 နှစ်လယ်ပိုင်းအရောက်မှာ F 12 ဆိုတဲ့ stealth နည်းပညာသုံး UMS ကျန်စစ်သား Frigate တစ်စင်း myanmar navy မှာတပ်တော်ဝင်နိုင်ခဲ့တယ်. ပုံမှန်အားဖြင့်တော့ Frigate စစ်သင်းဘောတစင်း ဝင်ရောက်လာတာ မထူးဆန်းပေမယ့် Stealth နည်းပညာနဲ့ အဆင့်မြင့် frigate တစင်းဆိုတဲ့ အချက်ကတော့ ကိုယ်ပိုင် frigate တွေ တည်ဆောက်နိုင်ခြင်းမရှိကြတဲ့ ယိုးဒယား ဘင်းဂလား အပါဝင် ဒေသတွင်းပြိုင်ဘက်များ အတွက်တော့ အထူးတလည် စိတ်ဝင်တစားသတိထား စောင့်ကြည့်ရတော့မယ့် အခြေနေတခု ဖြစ်လာခဲ့ပါတယ်.
နှစ်ပေါင်း ၂၀ ကျော်ရင်းနှီးလာခဲ့တဲ့ project ကြီးဟာ 2008 ခုနှစ်မှာ UMS အောင်ဇေယျ( F11)ဆိုတဲ့ Frigate တစင်းစတင်တပ်တော်ဝင်လာပြီးနောက်ပိုင်း အာရှမှာ လက်တဆုပ်စာသာရှိတဲ့ frigate တည်ဆောက်နိုင်တဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာပြီး နောက် ၄ နှစ်အကြာ 2012 ခုနှစ်အရောက်မှာတော့ F12 ကိုစတင်အသက်သွင်းနိုင်ခဲ့တယ် . အရှိန်ရလာတဲ့ myanmar navy ဟာ F12 ကိုရေချပြီးမကြာခင် 491 လို stealth နည်းပညာသုံး FAC ( fast attack missile craft )တွေ 773 တပင်ရွှေထီးလို light frigate တွေအပြင် UMS ဆင်ဖြူရှင် ( F 14 ) တွေကိုပါ တလဆက် ရေချပြနိုင်ခဲ့တယ်.
( Kyansitther Class Frigate ) F12 ကျန်စစ်သား ဟာ ရေဒါပုံရိပ်ဖမ်းယူနိုင်မှု RCS ( radar cross section ) ကို များစွာလျော့ချပေးနိုင်တဲ့ stealth နည်းပညာသုံး frigate အမျိုးစားဖြစ်ကာ 108m ရှည်လျားပြီး တန်ချိန် 3000 ခန့်ရှိတယ်. ရေမိုင် တနာရီကို ၃၀ ထိ ခုတ်မောင်းနိုင်ကာ မိုင်ပေါင်း ၃၈၀၀ ကျော်ထိခြေဆန့်နိုင်ပြီး ရေပြင်ပိုင်နက်ကို အပြည့်ဝအကာကွယ်ပေးနိုင်မှာဖြစ်တယ်. ရေပြင် ဝေဟင်တွေကို ထောက်လှမ်းနိုင်ဖို့ ဦးပိုင်းမှာ Hull mounted sonar ( HMS ) နဲ့ MK3 L band 2D search radar ကိုတပ်ဆင်ထားပြီး electronic suit နဲ့ weaponry system ပိုင်းတွေမှာ india russia နဲ့ china နည်းပညာတွေပူးတွဲအသုံးပြုထားတယ်.
Air defence အတွက်ကတော့ 30mm AK 630 gun ကိုတပ်ဆင်ထားပြီး အဆင့်မြင့် CIWS system ဖြစ်ကာ ရေယာဉ်ရဲ့ 3 mile အတွင်းဝင်ရောက်လာမယ့် antiship missile တွေ aircraft တွေနဲ့ မည်သည့်အရာမဆို တမိနစ်ကို ကျည်ချက်ပေါင်း ၅၀၀ ကျော်နဲ့ ပစ်ခက်ဖျက်ဆီးနိုင်တယ်. F 12 မှာ AK 630 CIWS ကို 4 နေရာတပ်ဆင်ထားတဲ့အတွက် လုံလောက်တဲ့ defence ရှိတယ်လို့ပြောရမယ် . Counter aircraft အတွက်ကတော့ တာတိုပစ် missile MANPAD 6 စင်းကိုသာတင်ဆောင်ထားတဲ့အတွက် အားရစရာ သိပ်မကောင်းပေမယ့်  Fleet Air Defence Role အတွက်တည်ဆောက်ထားတဲ့ F14 ဆင်ဖြူရှင်မှာတော့ တာလတ်ဝေဟင်ကာကွယ်ရေး missile ဖြစ်တဲ့ China ရဲ့ HQ 7 system ကိုထည့်သွင်းထားနိုင်တယ်လို့ သိရတဲ့အတွက် အားရစရာပဲဖြစ်တယ်.
Main gun အနေနဲ့ကတော့ ပြင်သစ်ရဲ့ super rapid gun ဖြစ်တဲ့ Oto Melara 76mm canon ကိုတပ်ဆင်ထားတယ်. Antishipping missile အနေနဲ့တော့ km 120 ထိ ပစ်ခတ်နိုင်မယ့် C802A 8 စင်းကိုတပ်ဆင်ထားပြီး F14 ဆင်ဖြူရှင်မှာတော့ km 280 လောက်ထိ ပစ်ခတ်ချေမှုန်းနိုင်တဲ့ C 602 အမျိုးစားကို တပ်ဆင်ထားမယ်လို့သိရတယ် .
ရေငုတ်သင်းဘောတိုက်ဖျက်ရေး ASW( antisubmarine warefare ) အတွက်ကတော့ torpedoes ပြွန်တွေ ASW rockets တွေ ASW decoy rockets တွေအပြင် ASW ကိုပြုလုပ်နိုင်မယ့်chopperအဖြစ် china Z9 တွေနဲ့ ရုရှားရဲ့ Kamov 27 ကို တင်ဆောင်တိုက်ပွဲဝင်နိုင်မှာဖြစ်တဲ့အတွက် enemy sub တွေကို ကောင်းမွန်စွာချိန်းခြောက်တုန့်ပြန်နိုင်မှာဖြစ်တယ်.
ယခုလို F12 F14 ကဲ့သို့ Kyansitther class frigate တွေကို ၅ စင်းထုတ်လုပ်ဖို့လျာထားကာ light frigate တွေဖြစ်တဲ့ 771 အနော်ရထာ 772 ဘုရင့်နောင် နဲ့ 773 တပင်ရွှေင်္ထီးအတန်းစား တွေကို 774 775 ထိထုတ်လုပ်နေပီဖြစ်ပြီး 491လို stealth FAC များ5 series အမြန်သွားဒုံးတပ်ယာဉ် FAC များကိုလည်း အသုတ်လိုက်ထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့ myanmar navy ကတော့ ဒေသတွင်းသာမက အာရှအဆင့်ကပါ စောင့်ကြည့်နေရတော့မယ့် အင်အားကြီးရေတပ်ကြီးတခု ဖြစ်လာတော့မှာသေချာနေပါကြောင်း ...
Monday, August 24, 2015
JF 17 BLOCK 2
ပါကစ္စတန်လေတပ်မှ ၂၀၁၅ခုနှစ် ဇွန်လထဲတွင် စတင်ထုတ်ဖော် ပြသခဲ့သော JF-17 Block ll တိုက်လေယာဉ်အား တွေ့မြင်ရစဉ်။
(တပ်ဆင်ထားသည့် လက်နက်များမှာ C-802A သဘောင်္ဖျက်ဒုံး နှစ်လုံး SD-10A မြင်တာလွန်ဒုံး နှစ်လုံး PL-5E ll တာတိုပစ်ဒုံး နှစ်လုံးနှင့် လီတာ ၈၀၀ဆန့် အပိုဆီတိုင်ကီတို့ ဖြစ်သည်)
Thursday, August 20, 2015
တောင်နှင့် မြောက် ကိုရီးယားနိုင်ငံ စစ်တပ်များ တဖက်နှင်တဖက် ဒုံကျည်များ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်
news update 20August 2015
ယနေ့ မနက်ပိုင်းမှ စ၍ တောင်နှင့် မြောက်ကိုရီးယား နိုင်ငံ နယ်စပ် တလျှောက် တားဝေးပစ် ဒုံကျည်များ အဝေးပစ် အမြောက်ကြီး များဖြင့် တဖက်နှင့်တဖက် ပစ်ခတ်နေကြပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖေါ်ပြထားပါသည်။
မြောက်ကိုရီးယား နိုင်ငံဘက်က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄၈နာရီအတွင် မြောက်ကိုရီးယား နိုင်ငံဘက်သို့  ထုတ်လွှင့်နေသည့် အသံချဲစက်များ ပိတ်ပေးရမည်၊ အမေရိကန်တို့ နှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဆိုပါက မြောက်ကိုရီးယား စစ်တပ်များက စစ်ကြေငြာ၍ ဆိုးမြို့  (တောင်ကိုးရီးယားမြို့ တော်) ချီတက် သိမ်းပိုက်မည်ဟု ရာဇသံပေးထားပါသည်။
ယခုအချိန်တွင် နှစ်နိုင်ငံ စစ်တပ်များအား အမြင့်ဆုံး တပ်လှန့် ထားပြီး နိုင်ငံပိုင် မီဒီယာများမှ စစ်ပွဲဖြစ်ပွားနေသည်ကို တိုက်ရိုက် ပြသနေပါသည်။
လက်နက်ကြီး ကျည်ဆံများ တာဝေးပစ်ဒုံကျည်များ နှစ်နိုင်ငံ နယ်စပ်တွင် ဆက်တိုက် ပေါက်ကွဲနေပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ မသိရသေးကြောင်း သတင်းများတွင် ဖော်ပြနေကြပါသည်။
ကိုကား APS. Korea shells North after rocket attack
Social Action for Women - SAW
Friday, August 14, 2015
ချစ်သူတမ်းတ
 ကင်​ဆာ​ဖြစ်​စေ​နိုင်​တဲ့ ​အ​န္တ​ရာယ်​ရှိ ​ဟင်း​တ​ခွက်
ဒေ​သ​ခံ​တွေ​ရဲ့ ​အ​နှစ်​ခြိုက်​ဆုံး ​ရိုး​ရာ​အ​စာ​တစ်​ခု​ဖြစ်​တဲ့ koi plaa ​ငါး​စင်း​ကော
 ထိုင်း​နိုင်​ငံ ​အ​ရှေ့​မြောက်​ပိုင်း​ဒေ​သ​မှာ ​ငါး​စိမ်း​နဲ့​လုပ်​တဲ့ ​ရိုး​ရာ​အ​စာ​တစ်​မျိုး​ကြောင့် ​ဒေ​သ​တွင်း​မှာ ​အ​သည်း​ကင်​ဆာ ​ဖြစ်​ပွား​မှု ​များ​လာ​တာ​ကို ​တွေ့​ရှိ​ရ​ပြီး​တဲ့​နောက်​မှာ ​ဆ​ရာ​ဝန်​တွေ​က ​ဒီ​ဘေး​အ​န္တ​ရယ်​အ​တွက် ​အ​သိ​ပ​ညာ​ပေး​မှု​တွေ ​ကြိုး​စား​ဆောင်​ရွက်​နေ​ကြ​ပါ​တယ်။
ထိုင်း​နိုင်​ငံ​လူ​ဦး​ရေ​ရဲ့ ​သုံး​ပုံ​တစ်​ပုံ​လောက် ​နေ​ထိုင်​ကြ​တဲ့ ​ထိုင်း​နိုင်​ငံ​အ​ရှေ့​မြောက်​ပိုင်း ​ပင်​လယ်​နဲ့​ဝေး​တဲ့ Isaan (​အီ​စံ) ​ကုန်း​ပြင်​မြင့်​ဟာ ​ခြောက်​သွေ့​ပြီး ​အဲ​ဒီ​ဒေ​သ​မှာ​နေ​ထိုင်​သူ ​အ​များ​စု​ဟာ ​လာ​အို​မျိုး​နွယ်​စု​တွေ ​ဖြစ်​ကြ​သ​လို ​ဆင်း​ရဲ​နွမ်း​ပါး​သူ​တွေ​လည်း ​ဖြစ်​ကြ​ပါ​တယ်။ ​လာ​အို​နိုင်​ငံ​က​တော့ ​ရ​ရာ ​အ​ဆင်​ပြေ​တဲ့ ​ဟင်း​ခတ်​အ​မွှေး​အ​ကြိုင်​တွေ​ကို ​ထည့်​သုံး​ပြီး ​ခပ်​စပ်​စပ် ​ချက်​တဲ့ ​ဟင်း​ချက်​နည်း​အ​ဆန်း​တွေ​ကြောင့် ​လူ​သိ​များ​ကြ​ပါ​တယ်။
Isaan ​ဒေ​သ​က ​မြစ်​တွေ ​ကန်​တွေ ​ရှိ​တဲ့​နေ​ရာ​မှာ​ဆို ​ဖမ်း​မိ​တဲ့ ​ငါး​သေး​လေး​တွေ​ကို ​အ​စိမ်း​လိုက်​နုပ်​နုပ်​စင်း၊ ​ဒေ​သ​ထွက် ​ဟင်း​ခတ်​အ​မွှေး​အ​ကြိုင်​တွေ၊ ​သံ​ပု​ရာ​ရည်​နဲ့ ​ခါ​ချဉ်​ကောင်​အ​ရှင်​တွေ​ထည့်​ပြီး ​လက်​နဲ့​ရော​နယ်​ထား​တဲ့ koi plaa ​ခေါ် ​အ​နံ့​စူး​တဲ့ ​ငါး​စင်း​ကော​သုတ် ​တစ်​မျိုး​ဟာ ​ဒေ​သ​ခံ​တွေ​ရဲ့ ​အ​နှစ်​ခြိုက်​ဆုံး ​ရိုး​ရာ​အ​စား​အ​စာ​တစ်​ခု ​ဖြစ်​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ဒီ​ဟင်း​လျာ​ဟာ ​အ​သက်​အ​န္တ​ရာယ် ​ကြီး​မား​လှ​ပါ​တယ်။
ထိုင်း​အ​ရှေ့​မြောက်​ပိုင်း​ဒေ​သ​က ​ဒေ​သ​ခံ​တွေ​အ​ကြား ​အ​သဲ​ကင်​ဆာ​ဖြစ်​ပွား​မှု​နှုန်း ​သိ​သိ​သာ​သာ​မြင့်​တက်​နေ​တာ ​နှစ်​ပေါင်း ​ဆယ်​နှစ်​ကျော်​ကြာ​နေ​ပြီ​ဖြစ်​ပြီး ​အ​မျိုး​သား​တွေ​မှာ​ဆို ​ကင်​ဆာ​ရော​ဂါ ​ဖြစ်​ပွား​သူ​တွေ​ရဲ့ ​တ​ဝက်​ကျော်​က ​အ​သဲ​ကင်​ဆာ ​ဖြစ်​နေ​ကြ​သူ​တွေ​ပါ။
ဒီ​လို ​အ​သဲ​ကင်​ဆာ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ဖြစ်​ပွား​နေ​တာ​ဟာ ​ငါး​စိမ်း​ရဲ့ ​အ​သား​မှာ​ပါ​တဲ့ liver fluke ​လို့​ခေါ်​တဲ့ ​သန်​ကောင်​ပြား ​ကပ်​ပါး​အ​မျိုး​အ​စား​တစ်​ခု​နဲ့ ​ဆက်​နွယ်​နေ​တယ်​ဆို​တာ​ကို ​သိ​ရှိ​နေ​တာ ​အ​ချိန်​အ​တော်​ကြာ​ပြီ ​ဖြစ်​ပါ​တယ်။
ဒါ​ပေ​မယ့် ​အဲ​ဒီ​လို ​ဒေ​သ​ခံ​တွေ​ရဲ့ ​စား​သောက်​ပုံ ​ပြောင်း​လဲ​အောင် ​ငါး​စင်း​ကောkoi plaa ​ကို ​စား​ခါ​နီး​မှာ ​ပိုး​သေ​အောင် ​မီး​နဲ့​ချက်​စား​ဖို့ ​တိုက်​တွန်း​နှိုး​ဆော်​မှု​တွေ​ကို ​ပြီး​ခဲ့​တဲ့ ၁၀ ​နှစ်​လောက်​က​ပဲ ​ကြိုး​စား​လုပ်​ဆောင်​နိုင်​ခဲ့​ကြ​ပါ​တယ်။
အ​ညစ်​အ​ကြေး​စွန့်​ရာ​က​နေ ​ကပ်​ပါး​ပိုး ​ဥ​တွေ ​ရေ​ထဲ​ကို ​ကျ​ရောက်
ကပ်​ပါး​ပိုး ​ပျံ့​ပွား​မှု
ငါး​စား​ရာ​က​နေ ​တ​ဆင့် ​ခ​န္ဓာ​ကိုယ်​ထဲ​ကို ​ကပ်​ပါး​ပိုး​တွယ်​ကပ်​ခံ​ရ​သူ​တွေ ​အ​ညစ်​အ​ကြေး​စွန့်​ရာ​က​နေ ​အဲ​ဒီ​ပိုး​တွေ​ရဲ့ ​ဥ​တွေ​ဟာ ​ရေ​ထဲ​ကို ​ပြန်​လည်​ကျ​ရောက် ​သံ​သ​ရာ​လည်​ကြ​တာ ​ဖြစ်​ပါ​တယ်။
Khon Kaen ​တ​က္က​သိုလ်​ရှိ ​အ​ပူ​ပိုင်း​ဒေ​သ​ရော​ဂါ​ဆိုင်​ရာ ​သု​တေ​သ​န ​ဓာတ်​ခွဲ​ခန်း​က Dr. Banchob Sripa ​က​တော့ ​ဒီ​ကပ်​ပါး​တွေ ​လူ​ခ​န္ဓာ​ကိုယ်​တွင်း ​ကျ​ရောက်​တဲ့ ​ဆက်​စပ်​မှု​ကို ​လေ့​လာ​နေ​တာ ​နှစ်​ပေါင်း ၃၀ ​ကျော်​ရှိ​နေ​ပြီ​လို့ ​ဆို​ပါ​တယ်။
ဒီ​ကပ်​ပါး​ဟာ ​ကြား​ခံ​သက်​ရှိ​ရဲ့ ​ခ​န္ဓာ​ကိုယ်​တွင်း ​တစ်​ရှူး​ကို ​ယောင်​ယမ်း​စေ​တဲ့ ​ဓါ​တု​ပ​စ္စည်း​တ​မျိုး​ကို ​ထုတ်​ပေး​ပါ​တယ်။ ​အဲ​ဒီ ​ယောင်​ယမ်း​ဒဏ်​ရာ​ဟာ ​နှစ်​ပေါင်း​များ​စွာ ​ကြာ​လာ​တဲ့​အ​ခါ ​နာ​တာ​ရှည် ​ဒဏ်​ရာ​ဖြစ်​လာ​ပြီး ​ကင်​ဆာ​ရော​ဂါ​ကို ​ဖြစ်​ပွား​စေ​တာ​လို့​လည်း ​ဆို​ပါ​တယ်။
တ​ချို့​ဒေ​သ​တွေ​မှာ​ဆို ​လူ ၈၀ ​ရာ​ခိုင်​နှုန်း​လောက်​ဟာ ​ဒီ​ကပ်​ပါး​ကြောင့် ​အ​သည်း​ကင်​ဆာ​ဖြစ်​တာ​ကို ​သူ​တို့​အ​ဖွဲ့​က ​လေ့​လာ​တွေ့​ရှိ​ရ​ပြီး ​တ​ချို့​ဆို ၄ ​နှစ်​အ​ရွယ်​အ​ထိ ​ငယ်​ရွယ်​သူ​တွေ​ပင် ​ပါ​ဝင်​ကြ​ကြောင်း၊ ​ဒါ​ပေ​မယ့် ​အ​သက် ၅၀ ​မ​တိုင်​ခင် ​အ​သဲ​ကင်​ဆာ​ဖြစ်​ပွား​သူ ​ရှား​ပါး​ပြီး ​ဖြစ်​လာ​ရင်​လည်း ​လူ​နာ​တွေ​အ​တွက် ​မျှော်​လင့်​ချက် ​အ​နည်း​ငယ်​သာ ​ရှိ​နိုင်​တယ်​လို့ Dr. Banchob Sripa ​က​ပြော​ပါ​တယ်။
သူ​တို့​လေ့​လာ​မှု​တွေ​လုပ်​နေ​တဲ့ ​တ​က္က​သိုလ်​က ​ဆေး​ရုံ​မှာ​တော့ cholangiocarcinoma ​လို့​ခေါ်​တဲ့ ​သည်း​ခြေ​ကင်​ဆာ ​တစ်​မျိုး ​ဖြစ်​ပွား​သူ​ပေါင်း​ဟာ ​တ​နှစ်​ကို ၂ ​ထောင်​လောက် ​ရှိ​ပြီး ​လူ​နာ ၂၀၀ ​ဝန်း​ကျင်​လောက်​ကို​သာ ​ကု​သ​နိုင်​တယ်​လို့ ​ဆို​ပါ​တယ်။ ​သူ​တို့​ရဲ့ ​အ​သည်း​တွင်း​မှာ​ဖြစ်​နေ​တဲ့ ​ကင်​ဆာ​ကျိတ်​ကို ​ဖြတ်​ထုတ် ​ခွဲ​စိတ်​ကု​သ​တဲ့​နည်း​နဲ့ ​ကု​ပေး​နေ​တာ​လို့​လည်း Dr. Sripa ​က​ပြော​ပါ​တယ်။
ကျန်​တဲ့​လူ​နာ​တွေ​ကို​တော့ ​ရော​ဂါ​သက်​သာ​စေ​တဲ့​ဆေး​ပေး ​ကု​သ​နည်း​နဲ့ ​သည်း​ခြေ​ရည်​ပွှန်​ကို ​စစ်​ထုတ်​ပေး​တဲ့ ​နည်း​တွေ​နဲ့ ​ကု​ပေး​တယ်​လို့ ​ဆို​ပါ​တယ်။
အ​ကောင်း​ဆုံး ​ထိ​ရောက်​တဲ့ ​ကု​သ​မှု​က​တော့ ​ကြို​တင်​ကာ​ကွယ်​မှု​ပဲ ​ဖြစ်​ပါ​တယ်။
Dr. Sripa ​နဲ့​အ​ဖွဲ့​ဟာ liver fluke ​သန်​ကောင်​ပြား ​ကပ်​ပါး ​သက်​ရောက်​မှု ​အ​များ​ဆုံး​ဖြစ်​ပွား​ရာ ​ဒေ​သ​ဖြစ်​တဲ့ Khon Kaen ​တောင်​ပိုင်း​က Lawa Lake ​လို့​ခေါ်​တဲ့ ​စို​စွတ်​တဲ့​ဒေ​သ​တ​လျှောက်​ရှိ ​ရွာ​တွေ​အ​တွက် ​ဒေ​သ​အ​ခြေ​စိုက် ​ကျန်း​မာ​ရေး ​ပ​ညာ​ပေး ​သင်​တန်း​တ​ခု​ကို ​ဖွင့်​လှစ်​ထား​တာ​ဖြစ်​ပါ​တယ်။
ပ​ညာ​ပေး ​ဟော​ပြော​တာ​ဟာ ​နောက်​မျိုး​ဆက်​တွေ​ကို ​အ​ထောက်​အ​ကူ ​ဖြစ်​စေ​ပါ​တယ်
ပ​ညာ​ပေး​ခြင်း
ငါး​စိမ်း​စား​တဲ့ ​ဘေး​အ​န္တ​ရာယ်​ကို ​သိ​နိုင်​ဖို့ ​ပ​ညာ​ပေး​ဟော​ပြော​တာ​ဟာ ​နောက်​မျိုး​ဆက်​တွေ​ကို ​အ​ထောက်​အ​ကူ ​ဖြစ်​စေ​ပါ​တယ်။
ဒေ​သ​တွင်း​မှာ ​အ​ဓိ​ရောက်​ဆုံး​ဖြစ်​မယ့် ​နည်း​လမ်း​တွေ​ကို ​သုံး​ပြီး ​ပ​ညာ​ပေး​မှု​တွေ ​စ​တင်​လုပ်​ဆောင်​ခဲ့​ကြ​ပါ​တယ်။ ​ဒေ​သ​တွင်း​က ​အ​များ​ရို​သေ​လေး​စား​တဲ့ ​ရပ်​ရွာ​ခေါင်း​ဆောင်​တွေ​ကို ​စု​ဆောင်း​ပြီး ​ဆွေး​နွေး​ပြော​ဆို​တာ​တွေ​ရှိ​သ​လို ​အ​ရှေ့​မြောက်​ပိုင်း ​ဂီ​တ​နဲ့​ဟာ​သ​နှော ​ပြော​ဆို​တာ​မျိုး​တွေ​နဲ့​လည်း ​အား​ဖြည့် ​ဆောင်​ရွက်​ခဲ့​ကြ​ပါ​တယ်။
ဒါ့​အ​ပြင် ​ကိုယ်​တွင်း​ကပ်​ပါး​ကောင်​တွေ​ရဲ့ ​ဘ​ဝ​စက်​ဝန်း​လည်​ပတ်​ပုံ​နဲ့ ​ပတ်​သက်​တဲ့ ​အ​လွယ်​တ​ကူ​နား​လည်​နိုင်​မယ့် ​အ​ချက်​အ​လက်​တွေ​ကို​လည်း ​သီ​ချင်း​တွေ​အ​ဖြစ် ​ရေး​ဖွဲ့​စပ်​ဆို​ခဲ့​ကြ​ပါ​တယ်။
ကပ်​ပါး ​သား​လောင်း​ကောင်​တွေ​ဟာ ​ငါး​အ​သား​ထဲ​မှာ ​နစ်​မြုပ်​နေ​တာ​ဖြစ်​ပြီး ​စား​သုံး​လိုက်​ပါ​က ​လူ့​အ​သည်း​ထဲ​မှာ ​သက်​ကြီး​ကောင်​တွေ​အ​ဖြစ် ​ကြီး​ထွား​လာ​ပါ​တယ်။
ဒိ​နောက် ​ခ​န္ဓာ​ကိုယ်​တွင်း​ရောက်​တဲ့ ​သက်​ကြီး​ကောင်​တွေ​က ​အု​တဲ့ ​ဥ​တွေ​ဟာ ​ခ​န္ဓ​ကိုယ်​က ​စွန့်​ပစ်​လိုက်​တဲ့ ​အ​ညစ်​အ​ကြေး​တွေ​နဲ့​အ​တူ ​ရေ​ထဲ​ပြန်​လည် ​ရောက်​သွား​ပြီး ​အဲ​ဒီ​ဥ​က ​သား​ပေါက်​တွေ​ကို​စား​တဲ့ ​ခ​ရု​တစ်​မျိုး​ရဲ့ ​ခ​န္ဓာ​ကိုယ်​က​တ​ဆင့် ​ငါး​တွေ​ရဲ့​ကိုယ်​ထဲ ​ဝင်​ရောက်​ကြ​တာ​ဖြစ်​ပါ​တယ်။
Dr. Sripa ​နဲ့​အ​ဖွဲ့​ဟာ ​ဒေ​သ​တွင်း​ရှိ ​ရွာ​က​လူ​တွေ​ကို ​အ​သည်း​ထဲ​မှာ ​ကပ်​ပါး​ပိုး ​ရှိ​မ​ရှိ ​သိ​နိုင်​ဖို့ ​သယ်​ရ​လွယ်​တဲ့ ultrasound ​စက်​အ​သေး​စား​နဲ့ ​ရွာ​တွေ​ကို ​လိုက်​လံ ​စစ်​ဆေး​ပေး​ပါ​တယ်။
အ​သက်​ကြီး​သူ​အ​တော်​များ​များ​မှာ ​ကပ်​ပါး​ပိုး​သက်​ရောက်​မှု​ရှိ​နေ​တာ ​အံ့​ဩ​စ​ရာ​ကောင်း​လောက်​အောင် ​တွေ့​ရှိ​ရ​ပြီး ​ဒီ​အ​ချက်​က ​ဒေ​သ​ခံ​တွေ​ဟာ ​ငါး​စိမ်း​ဆက်​စား​နေ​သေး​တယ်​ဆို​တာ​ကို ​ပြ​သ​နေ​ပါ​တယ်။
တ​ခါ​တ​လေ​တော့ ​ချက်​စား​တယ်၊ ​ဒါ​ပေ​မယ့် ​တ​ခါ​တ​လေ​တော့ ​မေ့​သွား​တယ် ​ဆို​ပြီး ​အ​သက် ၆၁ ​နှစ်​အ​ရွယ် Jongluck Laonongkwa ​ဆို​သူ ​အ​မျိုး​သား​ကြီး​က ​ပြော​ပါ​တယ်။ ​သူ​ရဲ့ ​အ​သည်း​မှာ​တော့ ​ကပ်​ပါး​ကောင်​တွေ​က ​ဖိ​စီး​နေ​ပြီ ​ဖြစ်​ပါ​တယ်။
အ​သည်း​ကင်​ဆာ​က ​အ​သက်​ကြီး​ပိုင်း​ကျ​မှ ​ဖြစ်​ပေါ်​တာ​များ
ကပ်​ပါး ​တွယ်​ကပ်​မှု​ဟာ ​အ​သက်​ငယ်​ချိန်​မှာ ​စ​တင်​ပြန့်​ပွား​ပေ​မယ့် ​အ​သည်း​ကင်​ဆာ​က ​အ​သက်​ကြီး​ပိုင်း​ကျ​မှ ​ဖြစ်​ပေါ်​တာ ​များ​ပါ​တယ်။
အ​သည်း​ကင်​ဆာ​ဖြစ်​ရ​တဲ့ ​အ​ကြောင်း​ရင်း​တွေ​ကို ​ဒေ​သ​ခံ ၆၀ ​ရာ​ခိုင်​နှုန်း​လောက်​က​တော့ ​နား​လည်​ပြီ​လို့ ​ထင်​ပါ​တယ်၊ ​အ​သည်း​ကပ်​ပါး​ကို​လည်း ​သ​တိ​ထား​မိ​ကြ​ပါ​ပြီ ​ဆို​ပြီး Dr. Sripa ​က ​ပြော​ပါ​တယ်။
ဒါ​ပေ​မယ့် ၁၀ ​ရာ​ခိုင်​နှုန်း​လောက်​က​တော့ ​ငါး​စိမ်း​ကို ​ဆက်​စား​နေ​ကြ​ဆဲ​ဖြစ်​ပြီး ​သူ​တို့​တွေ​ဟာ ​မ​ပြောင်း​လဲ​နိုင်​ကြ​ဘူး၊ ​ဒါ​ကြောင့် ​ကျ​နော်​တို့​အ​နေ​နဲ့ ​ပတ်​ဝန်း​ကျင်​ကို ​ပြောင်း​လဲ​ပေး​သင့်​တယ်၊ ​ငါး​တွေ​ကို ​ရော​ဂါ​ကူး​စက်​မှု​နည်း​အောင်၊ ​ပို​မို​သန့်​ရှင်း​အောင် ​လုပ်​ရ​မယ်​လို့​လည်း ​ဆို​ပါ​တယ်။
ဒါ့​အ​ပြင် ​ကပ်​ပါး​ပိုး ​ဥ​အ​ရေ​အ​တွက်​လျော့​နည်း​သွား​စေ​ဖို့ ​လူ​တွေ ​အိမ်​သာ​သုံး​ကြ​ဖို့​နဲ့ ​ရေ​ကန်​ထဲ​ကို ​အ​ညစ်​အ​ကြေး​မ​စွန့်​ကြ​ဖို့ ​ပ​ညာ​ပေး​အ​စီ​အ​စဉ်​ရဲ့ ​အ​ခန်း​က​ဏ္ဍ​တစ်​ခု​အ​နေ​နဲ့ ​အ​လေး​ထား ​လုပ်​ဆောင်​နေ​ကြ​ပါ​တယ်။
အ​ခု​လို ​စည်း​ရုံး​လှုံ​ဆော်​မှု​တွေ ​လုပ်​နေ​တဲ့​ရွာ​တွေ​မှာ ​ကပ်​ပါး​ကြောင့် ​ရော​ဂါ​ဖြစ်​ပွား​မှု​နှုန်း ​အ​တော်​ကျ​ဆင်း​လာ​ပြီး ​တ​ချို့​နေ​ရာ​မှာ​ဆို ၁၀ ​ရာ​ခိုင်​နှုန်း​အောက်​ထိ ​ကျ​ဆင်း​လာ​ပါ​တယ်။
အ​သည်း​ကင်​ဆာ​ဖြစ်​ပွား​မှု​နှုန်း ​ကျ​ဆင်း​အောင် ​ပို​မို​အ​ချိန်​ပေး​လုပ်​ဆောင်​ရ​မှာ​ဖြစ်​ပေ​မယ့် ​လူ​ငယ်​တွေ​ရဲ့ ​စိတ်​နေ​သ​ဘော​ထား ​ပြောင်း​လဲ​လာ​မှု​က ​အား​တက်​ဖို့​ကောင်း​လာ​ပါ​တယ်။
အ​သက် ၇၁ ​နှစ်​အ​ရွယ် Kamphan Sapsombat ​ဆို​သူ ​အ​ဖိုး​အို​ဟာ ​ခွဲ​စိတ်​လို့​မ​ရ​နိုင်​တော့​တဲ့ ​ကင်​ဆာ​ကျိတ်​ကြောင့် ​ဆေး​ရုံ​မှာ ​တက်​ရောက်​ကု​သ​နေ​ရ​ပါ​တယ်။ ​သည်း​ခြေ​ရည်​ပွှန် ​ပိတ်​တဲ့​လ​က္ခ​ဏာ​အ​ဖြစ် ​သူ့​ရဲ့​အ​သား​အ​ရောင်​နဲ့ ​မျက်​လုံး​တွေ​ဟာ ​အ​ဝါ​ရောင်​အ​ဖြစ် ​ပြောင်း​လဲ​နေ​ပါ​ပြီ။
သူ့​ရဲ့​သ​မီး​ဖြစ်​သူ Rattana ​က ​သူ့​အ​ဖေ​ဟာ ​ငါး​ကို ​အ​စိမ်း​စား​လာ​တာ ​တ​သက်​လုံး​ပါ​ပဲ​လို့ ​ပြော​ဆို​ခဲ့​ပြီး ​ကျန်​တဲ့​သူ​တို့​မိ​သား​စု​တွေ​က​တော့ ​မ​ကြာ​သေး​ခင် ​နှစ်​တွေ​အ​တွင်း​က​ပဲ ​ငါး​စိမ်း​စား​တာ ​ရပ်​လိုက်​ပြီ​လို့ ​ပြော​ပါ​တယ်။
သူ့​အ​ဖေ​ရဲ့​ဘ​ဝ​လို ​အ​ဆုံး​သတ်​ရ​မယ့် ​အ​သက်​ဘေး​အ​န္တ​ရာယ်​ကို ​သူ​တို့ ​ကောင်း​ကောင်း​ကြီး ​နား​လည်​ခဲ့​ကြ​ဖြစ်​ပါ​တယ်။
(​အ​ရှေ့​တောင်​အာ​ရှ ​သ​တင်း​ထောက် Jonathan Head ​ရေး​သား​တဲ့ Deadly dish: the dinner that can give you cancer ​ဆောင်း​ပါး​ကို ​ဆီ​လျှော်​အောင် ​ပြန်​ဆို​တင်​ပြ​ထား​တာ ​ဖြစ်​ပါ​တယ်။)
BBC Burmese
တီယန်ကျင်းပေါက်ကွဲမှုအပြီး လူထောင်ပေါင်းများစွာ ယာယီတဲတွေမှာ အိပ်စက်ခဲ့ရ
ပေါက်​ကွဲ​မှု ​ဖြစ်​ပေါ်​ရာ ​ကုန်​လှောင်​ရုံ​ကို ​ဓာ​တု ​ကျွမ်း​ကျင်​သူ ​အ​ဖွဲ့​တွေ ​ကို ​စေ​လွှတ်​ထား။ 
 တရုတ် နိုင်ငံ ဆိပ်ကမ်းမြို့ တိယန်ကျင်း ရဲ့ စက်မှုဇုံ ဝင်း ကြီး တစ်ခုလုံး ပျက်စီး သွားစေခဲ့တဲ့ မှာ ကြီးမားတဲ့ ပေါက်ကွဲမှု ကြီး ၂ ခု ဖြစ်ပေါ် ခဲ့အပြီး မှာ အခုဆိုရင် လူပေါင်း သုံးထောင့် ငါးရာကျော် ဟာ ယာယီ ကယ်ဆယ်ရေး တဲတွေ မှာ ည အချိန် ကို ဖြတ်သန်း ကျော်လွန် ခဲ့ရပါတယ်။
ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေနဲ့ ဓာတ်ငွေ့တွေ သိုလှောင်ရာ ကုန်လှောင်ရုံ မှာ မီးသတ်သမားတွေ ဟာဆက်လက် မီး ငြိမ်းသတ် နေရဆဲ ဖြစ်ပြီး၊ အဲဒီ့ နေရာ ကို ဓာတု ကျွမ်းကျင်သူ အဖွဲ့တွေ ကိုလည်း စေလွှတ် ထားပါတယ်။
ပေါက်ကွဲ မှုတွေ ကြောင့် အနည်းဆုံး လူ ငါးဆယ် သေဆုံး ခဲ့ရပြီး ဒဏ်ရာရသူတွေ လည်း ရာနဲ့ ချီပြီး ရှိ နေတဲ့ အတွက် အနီးအနား က ဆေးရုံတွေ မှာ လူနာ တွေ အားလုံးကို နိုင်နင်း အောင် ကုသ ပေးဖို့ အခက်တွေ့ နေရပါတယ်။
ဘာ့ကြောင့် အခုလို ပေါက်ကွဲ ခဲ့ရ သလဲ ဆိုတဲ့ အကြောင်းရင်းခံ ကို ဖော်ထုတ် မယ် ဆိုပြီး တရုတ် သမ္မတ ရှီကျင်းပင် က ပြောထားပါတယ်။
BBC Burmese
Thursday, July 23, 2015
ဘ၀တန်းဘိုး
နိုင်ငံတကာစစ်လက်နက်ပစ္စည်းများ
နှစ်ပေါင်း ၃၀ မျှ လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သည့် ရွေ့လျားဒုံးကျည်စနစ်တစ်ခု၏ သရုပ်မှန်ကို အစ္စရေးစစ်တပ်က အများပြည်သူထံ ဖွင့်ချပြလိုက်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်က Perehဟု ခေါ်ဝေါ်သည့် လက်နက်မှာ ရွေ့လျားနိုင်သည့် ဖျက်အားပြင်း ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းလက်နက်သည် တင့်ကားများကို ချေမှုန်းရာတွင် အလွန်ထက်မြက်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်။
သို့သော်လည်း အစ္စရေး စစ်တပ်က Perehကို ထင်ထင်ရှားရှား မဖြစ်အောင် ဖုံးကွယ်ထားပြီး ရှေ့ဘက်တွင် အမြောက်အတု တစ်လက်ကို တပ်ဆင်ထားသည်။ ထို့ကြောင့် Perehသည် အစ္စရေး ကြည်းတပ်သုံး M60 Patton တင့်ကားနှင့် ဆင်တူသွားပြီး ယင်းလက်နက်မျိုး ရှိနေသည်ကို လျှို့ဝှက်ပြီး ဖြစ်နေခဲ့သည်။ ဒုံးကျည်ပစ်စင်မှာ ယာဉ်၏ အနောက်ပိုင်းတွင် ရှိနေပြီး ပစ်မှတ်ကို ချိန်ရွယ်သည့် အခါတွင်မှ ပစ်စင်က ထောင်မတ်လာအောင် စီမံထားခြင်း ဖြစ်သည်။
အစ္စရေး စစ်တပ်သည် Pereh လက်နက်စနစ်ကို ၎င်းတို့၏ အဓိက တိုက်ပွဲဝင် တင့်ကားများနှင့် ရောနှော ချီတက်စေကာ ပုံဖျက် လျှို့ဝှက်ထားသည်မှာ နှစ်ပေါင်း ၃၀ မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ “အစ္စရေးအတွက် အမှုထမ်းခဲ့တဲ့ အထူးလက်နက် စနစ်တစ်ခုကို အခုတော့ ပြည်သူတွေဆီ အသိပေးလိုက်ပါပြီ။ Pereh တင့်ကားရဲ့ လျှို့ဝှက်ချက်ကို နှစ်ပေါင်း ၃၀ လောက် ထိန်းသိမ်းထားခဲ့တာပါ”ဟု အစ္စရေး စစ်တပ်က ကြေညာခဲ့သည်။
“ဒီတင့်ကားဟာ Tamuz တင့်ကားဖျက် ဒုံးကျည်တွေ ပစ်လွှတ်ဖို့အတွက် သေသေချာချာ အထူးပြု စီမံထားတာ ဖြစ်ပါတယ်”ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ Perehသည် အမေရိကန်လုပ် M48နှင့် M60 တင့်ကားများကို အစ္စရေး နည်းပညာဖြင့် အဆင့်မြှင့်တင်ထားသည့် Magachစီးရီး တင့်ကားများပေါ်တွင် အဓိက အခြေခံ တည်ဆောက်လေ့ ရှိသည်။
ဒုံးကျည်ပစ်စင်ကို ရုတ်တရက် မမြင်နိုင်အောင် တည်ဆောက်ထားပြီး Pereh တစ်စီးလျှင် ဒုံးကျည် ၁၂ စင်းထိ တင်ဆောင် ပစ်ခတ်နိုင်အောင် အစ္စရေးက တီထွင်ခဲ့သည်။ “အစ္စရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ပညာရှင်တွေက Perehမှာ အထက်ကို မြှင့်တင်နိုင်တဲ့ ပစ်စင်နဲ့ Tamuz ဒုံးကျည်တွေ ပစ်ခတ်နိုင်ဖို့ ရေဒါစနစ်တွေကို ထည့်သွင်း ပေးနိုင်ခဲ့ပါတယ်”ဟုလည်း အစီရင်ခံစာက ဆိုသည်။ ရှေ့ဘက်တွင် အမြောက်အတု တစ်လက်ကို တပ်ဆင်လိုက်သည့်အခါ သမားရိုးကျ တင့်ကားတစ်စီးသဖွယ် ဖြစ်သွားသည်။
ယာဉ်၏ ရှေ့ဘက်ပိုင်းကို အားဖြည့် သံချပ်ကာများ တပ်ဆင်ကာ တစ်ဖက်မှ ပစ်ခတ်မည့် တင့်ကားဖျက် ဒုံးကျည်များ၏ ဒဏ်ကို ခံနိုင်အောင် ပံ့ပိုးထားသည်။ Pereh တင့်ကား၏ ဓာတ်ပုံကို အများပြည်သူ ရှေ့မှောက်သို့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် စတင် ပြသခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ အစ္စရေး စစ်တပ်က မထုတ်ပြန်ခဲ့ချေ။
Perehသည် ပြီးခဲ့သည့် ၂၅ နှစ်မျှ ကာလအတွင်း အစ္စရေး ကြုံခဲ့သည့် အဓိက စစ်ရေးလှုပ်ရှားမှုတိုင်းတွင် ပါဝင် အမှုထမ်းခဲ့သည့် မဟာဗျူဟာ စစ်လက်နက် တစ်ခုလည်း ဖြစ်ခဲ့ကြောင်း သိရှိရသည်။
Source ; 7day journal
Monday, July 13, 2015
မလေးတွင် တရုတ်နှင့်ကုလား ပြသာနာ ဖြစ်နေ၍ မြန်မာတို့သတိထားနေစေလို။
---------------------------------------------------
မလေးရှားရှိ Low Yat ဟုခေါ်သော ဈေးရုံကြီးတခုတွင် မလေးလူမျိုး မွတ်ဆလင် ဘာသာဝင် လူငယ်ကဖုန်း ဆိုင်မှ Mobile Phone တလုံးခိုးယူမှုကို ဝိုင်းဝန်းဖမ်းဆီးပြီး ကျူးလွန်သူအား ရဲအားလွဲအပ် ပေးခဲ့ခြင်းအပေါ် မလေး လူများစု မွတ်ဆလင်ဘာသာဝင် များမှ မကျေနပ်၍ လူမျိုး ရေးပြသာနာ တရပ်ဖန်တီးသည်ဟုသိ ရသည်။
ယခုဖြစ်ပွားနေသော အခြေအနေ၌ လူမျိုး ခြား၊ဘာသာခြား တရုတ်လူမျိုးဆိုင်များ ကို ဖျက်ဆီးလုယက်နေကြောင်း သတင်းရပါ သည်။ သို့ရာတွင် လုယက်လိုသောအ ခြေ ခံသဘောကြောင့် တခြားဘာသာခြား လူမျိုးခြား မြန်မာများကိုလဲ လုယက်နိုင် သဖြင့် မြန်မာတို့အထူးသတိထား နေထိုင် ရန် မလေးရောက် မြန်မာများကို သတိ ပေးပန်ကြား ပါတယ်ခင်ဗျာ။
မလေးရောက် မြန်မာအားလုံး ဘေးကင်း ရန်ဆုမွန်ကောင်း တောင်းလိုက်ပါ တယ်ခင်ဗျာ။
အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်