Showing posts with label နည်းစနစ်. Show all posts
Showing posts with label နည်းစနစ်. Show all posts

Saturday, December 3, 2011



အွန်လိုင်းကို အသုံးအပြုနေကြတဲ့ မိတ်ဆွေတွေအားလုံးမှာ အနည်းဆုံး ကိုယ်ပိုင် password တစ်ခုကတော့ရှိရမှာပေါ့။
email password ကစပြီး ဒီထက်အရေးကြီးတဲ့ passwordတွေလည်းရှိကြမှာပါ..။
အွန်လိုင်းအသုံးပြုသူတိုင်းဟာ password နဲ့ကင်းလို့မှမရတာပဲကိုး။
အခုကျွန်တော်လင့်ပေးမဲ့ ဆိုက်လေးက မိတ်ဆွေရဲ့ ကိုယ်ပိုင် password တွေက လုံခြုံမှုရှိလားမရှိဘူးလား ပြောင်းလဲပစ်ဖြစ်ဖို့လိုသလားဆိုတာကိုစစ်ဆေးပေးပါလိမ့်မယ်။
ထုံးစံအတိုင်း စိမ်းရင်တော့ ကောင်းတယ်ပေါ့ဗျာ။
အနီများရင်တော့ password ပြောင်းပေတော့ပေါ့ဗျာ။

အဲဒါလေးကတော့....ဒီကနေသွားပေတော့


Link  ..  ( http://www.passwordmeter.com/ )

မဖြစ်မနေ စမ်းကြည့်သင့်တဲ့ အရာလေးပါ...။

Thursday, May 19, 2011

How to find Run Box

ဒီလ ဒီရက်တွေက ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတာနဲ့ ဘလော့ကို လှည့်မကြည့်နိုင်ခဲ့ဘူး။ စာဖတ်သူများကိုလဲ အားနာပါရဲ့။ Window 7 မှာ Run Box မတွေ့ဘူးဆိုတဲ့ User များအတွက် ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ကြည့်ပါ။

၁) Start မှ All Program မှ Accessories ကို ဖွင့်ပါ။
၂) Run ဆိုတာကို တွေ့ရပါလိမ့်မယ်။

နောက်တစ်နည်းကတော့ Start ကို နှိပ်လိုက်ရင် All Program အောက်က Search box ရှိပါတယ်။ အဲဒီမှာ Run လို့ ရိုက်လိုက်ရင် ဖွင့်ပါတယ်။ အဆင်ပြေပါစေ။


မောင်စေတနာ

Change Folder Background

Window XP ရဲ့ Folder နောက်ခံတွေ ပြောင်းချင်တဲ့ စာဖတ်သူရဲ့ မေးမြန်းချက်မှာ မိမိသိတဲ့အတွက် ဖြေကြားပေးလိုက်ပါတယ်။ အရင်ဦး မိမိသုံးချင်တဲ့ Folder ကို ဖွင့်ထားပါ။ ဥပမာ- All Data အမည်ရှိ folder တစ်ခုကို ဖွင့်ထားတယ် ဆိုပါတော့။

၁) Control Panel ထဲက folder option ကို ဖွင့်ပါ။ View tab ကို သွားပါ။
၂) show hidden files and folders ကို ရွေးပေးပါ။ apply ။ Ok လုပ်ပါ။
၃) Notepad ကို ဖွင့်ပြီး အောက်က ကုဒ်တွေကို Copy ကူးယူပြီး ထည့်လိုက်ပါ။

[ExtShellFolderViews]
{BE098140-A513-11D0-A3A4-00C04FD706EC}={BE098140-A513-11D0-A3A4-00C04FD706EC}
[{BE098140-A513-11D0-A3A4-00C04FD706EC}]
IconArea_Image=C:\Windows\Greenstone.bmp

၎) desktop.ini အမည်နဲ့ Save လုပ်ပါ။
(အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိသုံးချင်တဲ့ ပုံလမ်းကြောင်းကို ပြောင်းလဲရမှာပါ)
၅) ပုံက .bmp အမျိုးအစား ဖြစ်ရပါမယ်။
၆) ခုနက ပြောထားတဲ့ folder ထဲမှာ မိမိနောက်ခံပြောင်းချင်တဲ့ desktop.ini ဖိုင်ရော ဓာတ်ပုံပါ ရှိနေရမှာပါ။
၇) ပိတ်ပြီး ပြန်ဖွင့်ရင် folder Background ပြောင်းနေပါလိမ့်မယ်။

နောက်တစ်ခုကတော့ software ကို အသုံးပြုပြီး Change တာပါ။ Download လုပ်ယူပါ။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ရင်း။

မောင်စေတနာ

Window 7 အတွက် Zawgyi


Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

Picasa 3.6 အသုံးဝင်မှု


Google ပေး ဆော့ဝဲလ်ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်လေးတစ်ခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။

၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ပို့ချင်သည့် ပုံများကို Upload လုပ်စရာမလိုသည့်အတွက် လျင်မြန်မှုက ပြောမပြနိုင်အောင်ပင်)
၃) Print ထုတ်ရာတွင် အထူးကောင်းမွန်ခြင်း၊
၎) Export လုပ်နိုင်ခြင်း၊
၅) Blog ကို တန်းတင်နိုင်ခြင်း၊
၆) Collage ခေါ် ပုံများကို ဖြတ်ညှပ်ကပ်လုပ်နိုခြင်း၊
၇) Movie လုပ်နိုင်ခြင်းနှင့် Youtube ကို တင်နိုင်ခြင်း၊
၈) Goolge Earth တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊

မိမိ အကြိုက်ဆုံးကတော့ စက်ထဲမှာ ရှိသမျှ ပုံများကို တစ်စုတစ်စည်းတည်း ရှာဖွေ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါတယ်။ ပုံကိုလဲ အကြီးချဲ့ ကြည့်စရာ မလိုပဲ ကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် အရေးတယူ ရေးသားလိုက်ရပါတယ်။ သုံးရင်း သုံးရင်း သုံးရမည့် နည်းလမ်းများကို သိလာပါလိမ့်မယ်။ စိတ်ဝင်စားရင် Picasa 3.6 ဒေါင်းယူပါ။

မောင်စေတနာ

System Care

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။


Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

Flag Animation


အလံတွေ လေထဲလွှင့်နေသလို လုပ်တဲ့ ဆော့ဝဲလ်ကို လိုချင်လို့ ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ အင်တာနက်ကလဲ ကောင်းကောင်း မရတာနဲ့ Photoshop မှာ လုပ်ကြည့်သေးတယ်။ ထင်သလောက် ကောင်းမွန်စွာ မရရှိဘူး။ adobe premiere တို့နဲ့ လုပ်နည်းတွေတော့ တွေ့တယ်။ ဒီထက် ကောင်းကောင်း မွန်မွန် ဖြစ်ပေမယ့် ကိုယ့်က မလုပ်တတ်တော့ ခက်ပြန်။

ဒါပေမယ့် သည်းကြီးမဲကြီး ရှာလိုက်တာ တွေ့တယ်။ Trail Version ဖြစ်နေလို့ ဒုက္ခရောက်ရပြန်တယ်။ အခုတော့ အဆင်ပြေသွားပြီ။ Crack ဖိုင်ကို သီးခြားရှာပြီး သုံးလိုက်တယ်။ စာဖတ်သူများလဲ လိုအပ်လို့ရှိရင် သုံးစွဲနိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Install လုပ်ပြီး မသုံးပဲ အရင်ဦးစွာ ပိတ်ထားပါ။ Folder ထဲမှာ ပါတဲ့ Patch file လေးကို C: အောက်က Program Files ထဲက Pegtop ဆိုတဲ့ ဖိုင်ထဲကို Past ချပြီး Run လိုက်ပါ။ ပြီးရင် Patch Bottom ကို Click လိုက်ရင် အမြဲတမ်းသုံးစွဲနိုင်ပါတယ်။

မောင်စေတနာ

gtalk account ဖျက်လိုပါက

၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

Saturday, May 14, 2011

သူများစက်ကို ၀င်ကြည့်မယ်

ကျွန်တော်ဒီနေ့ Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူပုံလေး တင်ပြချင်ပါတယ်။ Team viewer တို့လို အသုံးပြူနိုင်တဲ့ Tools လေးပါ။ မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ။ ကျတော်လည်းမသိပါဘူး ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ပြောပြလို့ ကျွန်တော်လည်းပြန်လည် ဝေမျှလိုက်တာပါ။ WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ။ အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး။

လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ။


၂။ BOX လေးတစ်ခု ကျလာပါလိမ့်မည်။ ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ။


၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ။


၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (BOX ကိုမပိတ်လိုက်ပါနှင့်။)

၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ။

ကည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ။
၂။ ကြည့်လို့ ပြူပြင်လို့ရသွားပါပြီ။ @moehtetmyint

Cmd ကနေ ဆိုဒ်တွေကို Block မယ်

ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။

လုပ်နည်း

1. Start >> Cmd ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။ Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. notepad C:/Windows/System32/drivers/etc/hosts ကို Cmd (Commmand Prompt ) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။


3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့ facebook နဲ့ပြထားပါတယ်။

4. Save ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။

တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို ပြန်ဖျက်ပေးလိုက်ပါ။ ဒါဆိုပြန်ဝင်လို့ ရပါပြီ။ @moehtetmyint

Thursday, May 5, 2011

PC ကို Screen saver နဲ့ ဘယ်လို Lock ချခဲ့မလဲ

screen saver နဲ့ lock ချလို့ရပါတယ် . ။ ကိုကအပြင်ခဏသွားချင်ရင် screen ကို password ပေးပြီး lock ချသွားလို့ ရပါတယ် .. ကဲဒေါင်းချင်ရင် အောက်မှာ ဒေါင်းလော့လုပ်လိုက်ပါ .. ကိုက ကိစ္စတစ်ခုရှိလို့ အပြင်ကိုသွားချင်တယ် . Download ကလဲ လုပ်ထားတယ် မပြီးသေးဘူး . ဒုက္ခပဲဆိုပြီး ညည်းနေတဲ့ သူငယ်ချင်းများအတွက်ပါ . သူ့ဟာသူ download လုပ်နေပါလိမ့်မယ် . တစ်ချို့ screen locker တွေဟာ Lock တော့ချပေးတယ် . ဒါပေမယ့် အင်တာနက်ကို ရပ်ထားလိုက်တယ် . ဒါလေးကတော့ အဆင်ပြေပါတယ် .

Download mediafireDownload ifile.it

လုပ်နည်း
  • (၁) Download လုပ်ထားတဲ့ file ကို install လုပ်လိုက်ပါ .
  • (၂) ပြီးတာနဲ့ start Bar က ညာဖက်မှာ x ပုံစံလေးနဲ့ icon လေးကို တွေ့ရပါလိမ့်မယ် .
  • (၃) Rightclick နှိပ်ပြီး setpassword ကိုပေးလိုက်ပါ .
  • (၄) ကိုပေးချင်တဲ့ Password ကိုပေးလိုက်ပါ .
  • (၅) ပြီးတာနဲ့ ကိုအပြင်ကိုသွားချင်တယ်ဆိုရင်တော့ အခုနက X icon လေးကို တစ်ချက်ကလစ်လိုက် တာနဲ့ lock ကျသွားလိမ့်မယ် . ကဲ အဆင်ပြေကြပါစေဗျာ ..

@nyinaymin

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်