Monday, May 2, 2011


Gtalk Shortcut များ

• CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
• ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
• ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
• ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
• ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။

Others
• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ 32767 characters ထိ
ကန့်သတ်ထားပါတယ်။
• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
• Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

Gtalk နဲ့ ဟန်းဖုန်းကိုခေါ်ကြမယ်

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။


ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို
အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ
အတွက်တော့ဝမ်းနည်းပါတယ်

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။

1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။@nyinaymin

galways idel

Gtalk မှာ တစ်ခါတစ်ရံ တစ်ဦးတည်းအပေါ် အာရုံစူးစိုက်ပြီး chat နေချိန်မျိုးမှာ တစ်ခြား online fri. ၀င်လာတတ်ပါတယ်။ ပြန်မဖြေရင်လည်း တစ်မျိုးတစ်မည် အထင်ခံရမယ်။ ပြန်ဖြေနေရရင်လည်း အာရုံလွင့်တော့မယ်။ ဒါဆို အနားမှာမရှိဘူးလို့ ပြောပေးမယ့် galways idel ကိုတင်ထားကြရအောင်။

galways idel ကို ဒီမှာ
download & install လုပ်ပေါ့။
ပြီးရင် taskbar မှ gtalk icon ပေါ် right click လုပ်ပြီး always idle ရွေးထားပေါ့။ မလိုအပ်တော့ရင် normal or never ပြန်ပြောင်းထားနိုင်ပါတယ်။
galways idel က သင့်ကိုယ်စား လှည့်စားပေးဘို့ plug in ထည့်ထားလိုက်ပါလား...

Gtalk မှာ အရုပ်မျိုးစုံနဲ. ချက်ချင်ရင်တော့

My Theme.exe ပါ။ သူက ဂျီတော့ မှာ အရုပ်မျိုးစုံနဲ. ချက်လို.ရပါတယ်။
လုပ်ရမှာကတော့။ ဆော့ဝဲကို ဒေါင်းလော့လုပ်ပြီး ကလစ်နှစ်ချက်နှိပ်ပြီး Run ပေးပါ။ ပြီးရင် Gtalk Box ကိုဖွင့်ပြီး Settings ထဲကိုဝင်၊ ပြီးရင်
Appearance ထဲကို ထပ်ဝင်ပါ။ ညာဘက်ချမ်းမှာ Chat Theme ဘေးနားကမျှားလေးကို ဖွင့်ပြီး My Theme ဆိုတာကိုရွေးပေးပါ။ ပြီးရင်တော့ OK ပေါ့။ ပြီးရင် ဂျီတော့ Sign In ၀င်လို.ရသွားပါပြီ။ ပြီးရင် စမ်းသက်တဲ့ အနေနဲ.
သူငယ်ချင်းတစ်ယောက်ဆီကို :hi ဆိုပြီးစမ်းခေါ်ကြည့်ပါ။
ရေးရမယ့် Help ဖိုင်ကို လိုတာတို. Background ချိန်းချင်တာတို.ဆိုရင်တော့.၊
Start => Programs files => Dash => My Theme ရဲ့ အောက်မှာ ရှိပါတယ်။

လိုချင်ရင်တော့ ဒီမှာဒေါင်းလော့လုပ်ပါ။  @komyat

gtalk ကိုတစ်ခုထက်ပိုသုံးကြမယ်

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။


ဂျီတောအိုင်ကွန်လေးကို Right Click လုပ်ပြီး Properties
ဝင်လိုက်ပါ..ပြီးရင်နောက်ဆုံးကstartmanu ဆိုတဲ့စာသားလေးကို
ဖျက်လိုက်ပြီးအဲဒီနေရာမှာ nomutex လို့ထည့်ပေးပြီးEnterခေါက်လိုက်
ယုံပါပဲခင်ဗျာ. ပြီးရင်တော့သင်ကျေနပ်နေပါလိမ့်မယ်ဗျာ
အဆင်ပြေကြပါစေ

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ

မင်္ဂလာပါဗျာ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို

ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

(ဟီး Gtalk မှာညာတဲ့သူတွေတော့မုန်းတော့မှာဘဲ)

ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ



Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ


သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို့ သိရပြီပေါ့ဗျာ

အဆင်ပြေကြပါစေ  @komyat

G talk ကို Run box ကနေဖွင့်ကြည့်ရအောင်

ဂျီတော့ ကို program ကနေမဖွင့်ပဲ Run box ကနေ
ဖွင့်ချင်တယ်ဆိုရင်...G talk shortcut ကို desktop ပေါ်ရောက်အောင်အရင်ပို့
ပါပြီးရင်rename လုပ်ပါ။ gt လို့ နာမည်ပေးလိုက်။ပြီးရင် အဲဒီ shortcut ကို cut လုပ်။
ပြီးရင် C:\window\system32 ထဲကို paste လုပ်လိုက်ပါ။
ဒါဆိုရင် run box ကနေ gt လို့ ရိုက်ထည့်ကြည့်ပါက Gtalk တက်လာပါလိမ့်မယ်။။
နာမည်က ကြိုက်တာပေးလို့ရပါတယ်။။
အော်နောက်ပြီး Gtalk မှမဟုတ်ပါဘူး။တစ်ခြားကိုယ်ခေါ်ခြင်တာတွေလဲ အဲဒီ system32ထဲမှာ
ထည့်ထားပြီး run box ကနေခေါ်လို့ရပါတယ်။system32 ထဲမှာရှိသမျှ အားလုံး ကို run box ကနေ အဲဒီနာမည်အတိုင်းရိုက်ခေါ်လို့ရပါတယ်။

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်