Monday, May 2, 2011

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာသိဖို့ 

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/


ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။

ကိုယ့် Gmail ကိုသူများသုံးတယ်ထင်ရင်

ကိုယ့်ရဲ့ Gmail ကိုတခြားသူခိုးပြီးသုံးနေတယ်ထင်ရင်စစ်လို့ ရပါတယ်ဒီနည်းလေးကိုစမ်း
ကြည့်ပြီးစစ်ဆေးကြည့်ပါမူလရေးသားသူကတော့ ကိုThurein ပါ

Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။
အောက်ကပုံကို ကြည့်ပါ။




ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက
ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်
ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား
ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက
ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က
ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း
ပြောင်းပစ်လိုက်တော့ပေါ့။


ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့်
Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button
ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့
Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ
Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

ကဲဗျာ အခုပဲ စာဖတ်သူရဲ့ Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့
Last Account Activity ကို ကြည့်လိုက်ပါဦး။  @komyat

Gtalk ကို google site မသုံးပဲ တခြား siteတွေ က check ချင်ရင်


http://www.meebo.com/


http://www.koolim.com/

http://www.ebuddy.com/


https://imo.im/



http://aidebate.com/tada/



တွေကနေအသစ်လေးတွေစမ်းကြည့်ပြီးကျေနပ်ကြပါစေ


ဂျီတော့ခ် (ဂျီမေးလ်) အဟက်မခံရအောင်(၁)

ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။

1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည် ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊
ထိုနည်းနဲ့ဆိုရင်ကိုယ့်ရဲ့ ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး။ @komyat

ဘယ်သူတွေငါ့ကို Block ထားလည်း

ဒီတစ်ခါကျွန်တော်ဖော်ပြချင်တဲ့အကြောင်းလေး ကတော့ မိမိ ကို ဘယ် သူက Block ထားတာလည်းဆိုတာကို ကြည့်တဲ့နည်းလေး ပဲဖြစ်ပါတယ်..
အရင်ဆုံး Gtalk ကိုသွားပါ ...အဲဒီ့မှာ offline ဖြစ်နေသူတစ်ဥိးကို chat နေကျ အတိုင်း ကလစ်နှိပ်လိုက်ပါ၊ ပြီးရင်send voicemail ကို ကလစ်တချက်နှိပ်လိုက်ပါ. .... call သံကို ကြားပြီး မိန်ကလေးတစ်ဦးအသံနဲ့ The best .....ဆိုပြီးအသံနဲ့ ပေါ်လာရင် အဲဒီ့ လူဟာကိုယ့်ကို Block ထားတဲ့သူမဟူတ်ပါဘူး.... တစ်ကယ်လို့ အဲဒီ့လိုအသံမပေါ်ပဲ ခဏလေးနဲ့ ပြုတ်ကျသွားတယ်ဆိုရင်တော့ ဒီလူဟာ ကိုယ့်ကို Block ထားတဲ့သူပါ...ကဲစမ်းသပ် ကြည့်လိုက်ကြပါအုံး သူငယ်ချင်းတို့.....








@komyat

gtalk avatar လေးတွေပါ။

Gtalk သုံးတဲ့မြန်မာတွေအတွက်ခပ်မိုက်မိုက် gtalk avatar လေးတွေပါ
မိတ်ဆွေတို့ ကြိုက်ကြမှာပါနော်




Gtalk Shortcut များ

• CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
• ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
• ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
• ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
• ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။

Others
• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ 32767 characters ထိ
ကန့်သတ်ထားပါတယ်။
• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
• Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်