

ပြည်တွင်းလေတပ်အတွက်ဝယ်ယူထားသော JF-17အကြောင်း
၁၉၉၉-ခုနှစ်မှာတော့ ချန်ဒူးကုမ္ပဏီဟာ Super-7 Project ကို FC-1/ JF-17အဖြစ်
၎င်းတစ်ဦးတည်း
်လုပ်ဆောင်ခဲ့ပြီး ၎င်းနှစ်မှပင် တရုတ်နဲ့
ပါကစ္စတန်တို့ဟာ တစ်ဘက်ကို ၅၀% နှင့် ပူးပေါင်းဆောင်ရွက်ရန်
သဘောတူခဲ့ကြပါတယ်။ ရုရှား မီကိုယန်ကုမ္ပဏီကလည်း ထောက်ပံ့မှုအချို့
ပြုလုပ်ပေးခဲ့ပါတယ်။
ပထမဆုံး ရှေ့ပြေးပုံစံဖြစ်တဲ့ FC-1 ဟာ
၂၀၀၃-ခုနှစ်မေလမှာ ပွဲထွက်လာခဲ့ပါတယ်။ ၂၀၀၅-ခုနှစ်အထိ စမ်းသပ်မှုအကြိမ်ကြိမ်
လုပ်ဆောင်ခဲ့ပြီးစမ်းသပ်ပုံစံ ၃-စီးထုတ်လုပ်ခဲ့ကာ ၂၀၀၆-ခုနှစ်
ဇွန်လမှာတော့ ထုတ်လုပ်ရေးကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ စတင်ထုတ်လုပ်ချိန်
(၂၀၀၉)ခုနှစ်တွင် တစ်နှစ်လျှင် (၁၅)စီးနှုန်းဖြင့် ထုတ်လုပ်ခဲ့ပြီး၊
နောက်ပိုင်းတွင် တစ်နှစ်လျှင် (၃၀)စီးနှုန်းထုတ်လုပ်နိုင်ရန်
ကြိုးစားလျှက်ရှိပါတယ်။ ပါကစ္စတန်လေယာဉ်ထုတ်လုပ်ရေးစက်ရုံ (PAC) က
လေယာဉ်ကိုယ်ထည်၏ ၅၈% ကိုထုတ်လုပ်ပေးလျှက်ရှိပြီး၊ လေယာဉ်အင်ဂျင်ကိုတော့
တရုတ်ပြည်မှ ပြုလုပ်တပ်ဆင်ပေးပါတယ်။
၂၀၀၇-ခုနှစ်၊ မတ်လတွင် ပထမဆုံး
JF-17 (၂)စီးကို ပါကစ္စတန်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ ၂၀၀၈-ခုနှစ်တွင်
နောက်ထပ် (၆)စီး ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။ မူလထုတ်လုပ်သည့် (၅၀)စီးကို
Block-I အဖြစ်သတ်မှတ်ပြီး၊ ဒုတိယအသုတ်ဖြစ်သည့် အစီး (၅၀) ကိုမူ
အနည်းငယ်အဆင့်မြှင့်တင်ခဲ့ပြီး Block-II အဖြစ်ဆက်လက်ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ပါကစ္စတန်လေတပ်အနေဖြင့် စုစုပေါင်း (၂၅၀)စီး မှာယူထားပြီး၊ ၂၀၁၂-ခုနှစ်အထိ
ပထမအသုတ် Block-I အစီး (၅၀) လက်ခံရရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်ထုတ်လုပ်မည့်
Block-II အစီး (၅၀)ကို ၂၀၁၃-ခုနှစ်အတွင်း စတင်ထုတ်လုပ်ပြီး၊ ၂၀၁၄-ခုနှစ်
မေလ နှင့် ဇွန်လအတွင်း စတင်လက်ခံရရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
၂၀၁၆-ခုနှစ်တွင်တော့ Block-III ကို စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
FC-1/JF-17 ကို ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ အီဂျစ်နှင့် နိုက်ဂျီးရီးယား
နိုင်ငံတို့မှ ၎င်းတို့၏ F-5, Dassault Mirage III-5, Shenyang J-6,
MIG-21/F-7, Nanchang Q-5 / A-5 များနေရာတွင် အစားထိုးရန်အတွက် ဝယ်ယူရန်
စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါတယ်။
ရေဒါ
-----
တရုတ်နိုင်ငံထုတ် KLJ-7E M-PESA ရေဒါကိုတပ်ဆင်ထားပြီး 3m2 အရွယ်ရှိ
ပစ်မှတ်ကို ၇၅-ကီလိုမီတာထိလည်းကောင်း၊ 5m2 အရွယ်ရှိ ပစ်မှတ်ကို
၈၅-ကီလိုမီတာထိလည်းကောင်း ထောက်လှမ်းရှာဖွေနိုင်သည်။ ပစ်မှတ် (၄၀)ကို
ထောက်လှမ်းနိုင်ပြီး၊ ၎င်းတို့ထဲမှာ (၁၀)ခုကို ခြေရာခံကာ၊ ပစ်မှတ် (၂)ခုကို
တစ်ပြိုင်တည်း တိုက်ခိုက်နိုင်ပါတယ်။
လေယာဉ်မောင်ခန်းနှင့် ပျံသန်းရေးစနစ်များ
JF-17 တွင် (MIL-STD-1553B) Multi-Bus System ကိုအခြေခံထားသည့် mission
computer (၂)လုံး ပါဝင်ပြီး၊ စနစ်၏အဓိကအပိုင်းဖြစ်သည့် 32-bit Weapon &
Mission management Computer (WMMC) ဟာ mission computations, flight
management, reconfiguration / redundancy management and in-flight system
self-test စသည့် လုပ်ဆောင်ချက်များကို
လျှင်မြန်စွာလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
လမ်းညွှန်စနစ်များ
(Navigation) -- INS နှင့် GPS လမ်းညွှန်စနစ်များ [Hybrid inertial
navigation system (INS) and global positioning system (GPS)]
ဆက်သွယ်ရေးစနစ် (Communications) -- အီလက်ထရွန်နစ်တန်ပြန်နှောက်ယှက်မှုကို
ခံနိုင်ရည်ရှိသည့် Data-Link Channel (၂)ခု ပါဝင်ပါတယ် [Independent data
link with two Independent wide-band radios with anti-jamming
capabilities]
အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များ (Electronic warfare (EW)) -- Self production jammer, missile approach
warning system, radar warning receiver (RWR), chaff & flare dispenser
ရန်သူမိတ်ဆွေခွဲခြားစနစ် (Identification of Friend and foe (IFF)) --
မြင်ကွင်းလွန်အခြေအနေတွင်ပင် ရန်သူမိတ်ဆွေခွဲခြားနိုင်သည့်စနစ် (IFF
interrogator for target verification at the BVR range)
‘Glass’ cockpit -- (၆" x ၈") Multifunction Colour Displays (MFD) (၃)ခု နှင့်
built-in symbol generation capability ပါဝင်သည့် smart Heads-Up Display
(H built-in symbol generation capability ပါဝင်သည့် smart Heads-Up
Display (HUD) တပ်ဆင်ထားပါပြီး HOTAS စနစ်လည်း ပါဝင်ပါတယ်။
ပစ်မှတ်လမ်းညွှန်စနစ် (Targeting System) -- Laser Designator and Targeting
Pod (LDTP) ကိုချိတ်ဆွဲ၍ နေ့/ည ရာသီမရွေးတိုက်ပွဲဝင်နိုင်ပါတယ်။
လက်နက်တပ်ဆင်နိုင်မှု
-----------------------
လေယာဉ်တွင် လက်နက်ပစ်စင်များအဖြစ် ကိုယ်ထည်အောက်တွင် (၁)နေရာ၊
တောင်ပံနှစ်ဖက်အောက်တွင် (၂)ခုစီ (၄)နေရာ နှင့် တောင်ပံထိပ်နှစ်ဘက်တွင်
(၁)ခုစီ (၂)နေရာ၊ စုစုပေါင်း လက်နက်ပစ်စင် (၇)နေရာ ရှိပြီး၊
လက်နက်အလေးချိန် (၃၇၀၀)ကီလိုဂရမ် ထိသယ်ဆောင်နိုင်စွမ်းရှိပါတယ်။ GSh-23
၂၃-မမ ပြောင်းနှစ်လက်တွဲစက်အမြောက်တစ်လက်တပ်ဆင်ထားပြီး၊ GSh-30 ၃၀-မမ
ပြောင်းနှစ်လက်တွဲစက်အမြောက်ကိုလည်း ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။
JF-17 တွင် တရုတ်နိုင်ငံထုတ် PL-12/SD-10 Active Radar Homing
တာလတ်မြင်ကွင်းလွန်ဝေဟင်ပစ်ဒုံးပျံ (၄)လုံးထိတပ်ဆင်ပစ်ခတ်နိုင်ပါတယ်။
တောင်ပံနှစ်ဖက်ထိပ်နဲ့ တောင်ပံအောက်အစွန်(၂)နေရာတွင် တာတိုဝေဟင်ပစ်ဒုံးပျံ
(၆)လုံးထိ သယ်ဆောင်နိုင်ပါတယ်။ တာတိုဝေဟင်ပစ်ဒုံးပျံများအဖြစ် AIM-9P,
PL-5, PL-7, PL-8, PL-9 တို့ကိုတပ်ဆင်နိုင်စွမ်းရှိပါတယ်။
မြေပြင်တိုက်ခိုက်ရေးအတွက် လေဆာပဲ့ထိန်းဗုံးများကို
သယ်ဆောင်ကြဲချနိုင်ပြီး၊ C-802 သင်္ဘောဖျက်ဒုံးပျံ (၃) လုံးကိုလည်း
သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ သမားရိုးကျဗုံးများနှင့်
ဒုံးပစ်လောင်ချာများလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။
အင်ဂျင်
--------
င်္FC-1/JF-17 တွင် ရုရှားထုတ် MIG-29 တွင်အသုံးပြုလျှက်ရှိသည့် RD-33
အင်ဂျင်မှ ဆင်းသက်လာသည့် Kilmov RD-93 တာဘိုဖန်အင်ဂျင်တစ်လုံး
တပ်ဆင်ထားပါတယ်။ နောက်ပိုင်းတွင် RD-93 ကိုအခြေခံတည်ဆောက်ထားသည့် တရုတ်ထုတ်
WS-13 အင်ဂျင်ဖြင့် အစားထိုး တပ်ဆင်မယ်လို့ သိရှိရပါတယ်။ JF-17 Block-II
---------------
JF-17 Block-II တွင် datalink communication ပါဝင်လာပြီး၊
မြေပြင်ထိန်းချုပ်စခန်းများ၊ ဝေဟင်ကြိုတင်သတိပေးလေယာဉ်များနှင့်
အခြားအမျိုးအစားတူ datalink တပ်ဆင်ထားသည့် လေယာဉ်များနှင့် ချိတ်ဆက်ကာ
သတင်းအချက်အလက် ဖလှယ်နိုင်သည့်အတွက် situation awareness
ကိုပိုမိုကောင်းမွန်စေပါတယ်။ ထို့ပြင် စွမ်းဆောင်ရည်မြင့် AESA ရေဒါ၊
ဝေဟင်ဆီဖြည့်စနစ်နှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးကိရိယာများ ထပ်မံဖြည့်စွက်
ထည့်သွင်းမယ်လို့ သိရှိရပါတယ်။
မူလလေယာဉ်၏ ဦးခေါင်းမှာ AESA
ရေဒါအား ထည့်သွင်းရန် နေရာမလုံလောက်သည့်အတွက် လေယာဉ်ဦးခေါင်းကို
ပုံစံပြောင်းခြင်း၊ ရေဒါဖြတ်ပိုင်းပုံရိပ် လျော့ချနိုင်ရန် Airframe
အားပုံစံပြောင်းခြင်းတို့ကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ရေဒါလှိုင်းစုပ်ဆေး
(Radar Absorbing Material) သုတ်လိမ်းခြင်း၊ ရေဒါပုံရိပ်ပြန်မှုနည်းပါသည့်
Cockpit Glass ကိုတပ်ဆင်ခြင်းနှင့် လေယာဉ်ကိုယ်ထည်ကို ပေါင်းစပ်သတ္ထု
(Composite Material) ဖြင့်တည်ဆောက်ခြင်းတို့ကိုလည်း ထပ်မံပြုလုပ်မှာ
ဖြစ်ပါတယ်။
A-Darter Missile နှင့် HMS ကို
ဘရာဇီး/တောင်အာဖရိကနိုင်ငံများနှင့် ညှိနှိုင်းလျှက်ရှိပြီး၊
တရုတ်နိုင်ငံထုတ် HMS ကိုလည်း တပ်ဆင်အသုံးပြုမယ်လို့ သိရှိရပါတယ်။ IRST
ကိုလည်း တပ်ဆင်မှာဖြစ်ပါတယ်။
ပါကစ္စတန်လေတပ်မှ Air Chief Marshall
Rao Qamar Suleiman က အမေရိကန်နှင့် ဥရောပတို့၏ တိုက်လေယာဉ်များကဲ့သို့
ရေဒါ၊ ဝေဟင်စီးချင်းထိုးစွမ်းရည်၊ မြင်ကွင်းလွန်တိုက်ပွဲဝင်စွမ်းရည်များ
ပြည့်စုံပြီး အဆိုပါတိုက်လေယာဉ်များ၏ သုံးချိုးတစ်ချိုးမျှသော
ဈေးနှုန်းဖြင့်ရရှိနိုင်တာ JF-17 ဖြစ်ပါတယ်လို့ ဆိုပါတယ်။
အသေးစိတ်အချက်အလက်များ
-------------------------------
Block-I/Block-II
လေယာဉ်မှူး - (၁)ဦး
အလျား - ၁၄-မီတာ / ၁၄.၉-မီတာ
တောင်ပံအလျား - ၈.၅-မီတာ / ၉.၄-မီတာ
တောင်ပံဧရိယာ - ၂၄.၄ စတုရန်းမီတာ
အမြင့် - ၅.၁-မီတာ / ၄.၇-မီတာ
လေယာဉ်သက်သက်အလေးချိန် - ၆၄၁၁-ကီလိုဂရမ် / ၆၅၈၆-ကီလိုဂရမ်
ပုံမှန်ပျံတက်အလေးချိန် - ၉၁၀၀-ကီလိုဂရမ် (တောင်ပံနှစ်ဖက်ထိပ်ဒုံးများမပါ)
အများဆုံးပျံတက်နိုင်သည့် အလေးချိန် - ၁၂၇၀၀-ကီလိုဂရမ်
်
ကိုယ်တွင်းလောင်စာဆီ သယ်ဆောင်နိုင်မှု - ၂၃၀၀-ကီလိုဂရမ်
ဝေဟင်ဆီဖြည့်စနစ် - မပါဝင်
လက်နက်သယ်ဆောင်နိုင်မှု - ၃၇၀၀-ကီလိုဂရမ် / ၃၄၀၀-ကီလိုဂရမ်
အမြန်နှုန်း - အသံထက် (၁.၆)ဆ အမြန်နှုန်း
အမြင့်ဆုံး တက်ရောက်နိုင်သည့်အမြင့်ပေ - ၁၆၇၀၀-မီတာ / ၁၆၉၁၆-မီတာ
အဝေးဆုံးသွားရောက်နိုင်သည့် အကွာအဝေး - ၃၀၀၀-ကီလိုမီတာ / ၃၄၈၁-ကီလိုမီတာ
စစ်ဆင်နိုင်မှုအကွာအဝေး - ၁၃၅၀-ကီလိုမီတာ
လေထဲတွင် အကြာဆုံးနေနိုင်မှု - ၃.၅-နာရီ
G Limit - -3g ~ +8g
လက်နက်ပစ်လွှတ်စင် - ၇-ခု
Thrust - 0.79 / 0.95
ပျံတက်နှုန်း - 249 m/s
ပျံတက်နိုင်ရန် ပြေးလမ်းလိုအပ်ချက် - ၄၅၀-မီတာ
ဆင်းသက်နိုင်ရန် ပြေးလမ်းလိုအပ်ချက် - ၇၅၀-မီတာ
တန်ဖိုး - အမေရိကန်ဒေါ်လာ ၁၅ ~ ၂၀ သန်း / ၂၀
Credit : ko mm.