Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။
ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။
ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။
အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။
အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။
gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။
လုပ်ကြည့်ကြည့်ပါ။
country code တွေ ခံစရာမလိုပါဘူး။
095217892 ဆိုတာနဲ့ရပါပြီး။
ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။
Saturday, May 21, 2011
Gtalk chat window ထဲမှာပဲ Youtube Video ကြည့်မယ်....
ကျွန်တော်လဲဘလော့လုပ်ထားပြီးမရေးပဲလိုက်ပဲဖတ်နေဖြစ်တာကြာပြီဆိုတော့
ဘလော့ကိုမျက်စိလည်လမ်းမှားပြီးတစ်ခါတစ်လေရောက်လာတဲ့သူတွေ
လောက်ပဲလာလာဖတ်ကြတယ်...ဟားဟား....အခုတော့မရေးတာလဲကြာပြီဆိုတော့
ပြီးတော့မြန်မာစစ်အဆိုးရ(အစိုးရမဟုတ်)က Ban ထားတဲ့ဗွီဒီယိုဟို့စတင်းဆိုက်
တစ်ခုဖြစ်တဲ့ www.youtube.com ကဗွီဒီယိုတွေ
ကိုမြန်မာပြည်ကသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Gtalk Chat window ထဲမှာပဲတစ်ခါ
ထဲပြလိုက်လို့ရတဲ့ဆော့ဖ်ဝဲလေးကိုတွေ့မိလို့ပို့စ်လေးတစ်ခုလဲဖြစ်အောင်ပြန်ပြီး
မျှလိုက်ပါတယ်ဗျာ...အဲဒီဆော့ဖ်ဝဲကဂျီတော့ရဲ့ဘက်ဂရောင်းပုံတွေဘာတွေကအစ
ကိုယ့်ပုံကိုပြောင်းချင်တာပြောင်းလို့ရပါတယ်...တစ်ချို့သူတွေလက်ရှိသုံးနေတဲ့
Mytheme လိုဆော့ဖ်ဝဲမျိုးပါပဲ...ဒါပေမယ့်အဲဒီ Mytheme ကတော့ဘက်ဂရောင်းပုံ
တွေကိုကိုယ်ပြောင်းချင်တဲ့ပုံပြောင်းဖို့အတွက်အဆင်သင့်မပေးထားဘူး...
Advance level မှပဲရမယ်...လိုအပ်တဲ့ကုဒ်တွေကိုကွန်ပျူတာထဲမှာ
အဆင့်ဆင့်သွားရှာပြီးပြင်မှရတယ်ဆိုတော့သိတ်အလုပ်မဖြစ်ဘူး....
ဒါပေမယ့်အခုတော့ smileys,radio channels,TV news channel,
google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲ
မှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ....
၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာ
winrar ဆော့ဖ်ဝဲရှိဖို့တော့လိုအပ်ပါတယ်။
မရှိခဲ့လျှင်တော့ဒီမှာဒေါင်းလုပ်အရင်
လုပ်ဖို့လိုအပ်ပါမယ်...ပြီးလျှင်တော့
ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကိုဒီမှာအရင်ဒေါင်းလုပ်လုပ်ရပါမယ်။ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်
၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်....ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်...
ဒါဆိုရင်တော့အင်စတောလုပ်သည့်ဖြစ်စဉ်ပြီးဆုံးပြီဖြစ်ပါတယ်။
ပြီးလျှင်တတိယအဆင့်အနေနှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအား
အရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်
appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကို
ရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။
Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ....
ှStart--->Program-->Gtheme--->change background သို့သွား၍လိုချင်သည့်ပုံကို
ရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။
မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။
Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင်
google video အား sravi:gvideo: < Google Video Link Here in this Bracket>
Utube video ဆိုလျှင် sravi:utube:
ဟုမိမိပြချင်သည့်သူအား၎င်းနှင့်ချက်နေသည့်ဝင်းဒိုးလေးထဲတွင်ရေးထည့်ပေးလိုက်လျှင်
ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထား
လျှင်ကြည့်လို့ရပြီဖြစ်ပါတယ်။အထက်က youtube video link နေရာမှာ
ဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brown ရဲ့ with you
ဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်...လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်....
ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်....
Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့
အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အား
ဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်
လမ်းညွှန်ပြထားပါတယ်။
ပုံတွေဘာတွေတော့မဖော်ပြနိုင်တော့တာနားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်..
အဲဒီအတွက်တော့မူရင်းဝဘ်ဆိုက်မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်...
ပို့စ်အောက်ခြေအဆုံးနားတွင်မူရင်းဝဘ်ဆိုက်အား Credit ပေးဖော်ပြထားပါတယ်...
Credit = Mr Ravi Sharma
အထက်ပါပို့စ်အားMr Ravi Sharma's weblog မှသင့်တော်သလိုကြိုးစား၍လက်တွေ့နှင့်ယှဉ်ပြီးရေးသားထားပါသည်။
Thank you so much for your Gtheme version 2.0 , Mr Ravi Sharma
ဒုက္ခအမျိုးမျိုးပေးတဲ့စစ်အစိုးရဗျာ...ပို့စ်တွေရေးပြီးမှပဲကျွန်တော်
ပြန် Share ထားတဲ့ Gtheme version 2.0 ကိုတင်ထားတဲ့ File hosting site (www.fileden.com)ကို
...ဒီအတွက်တော့အဲဒီဆော့ဖ်ဝဲကိုမူရင်း
Mr Ravi Sharma ရဲ့ weblog မှာပဲသွားဒေါင်းလုပ်ဆွဲယူလိုက်ကြပါ...။ @kozaw

Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……
လုပ်နည်းတွေက အများကြီးပဲ ..အလွယ်ဆုံးနည်းကို ပြောပြမယ် ….
service@gtalk2voip.com ကို ကိုယ့် Gtalkထဲကို Add လိုက်ပါ ….
ကိုယ်နဲ့ ပြောချင်တဲ့ သူတွေလဲ
service@gtalk2voip.com ကို အကုန်လိုက် Add ပါ … ပြီးရင် …Master
လုပ်မည့် သူရဲ့ အလုပ်ကို အရင်ပြောမယ် … Master လုပ်မည့်သူက …
service@gtalk2voip.com ကို ချက်ဘောက်ထုတ်ပြီး .. conf လို ရိုက်
..ပြီးရင် Enter ခေါက် .. ။ ဒီလိုလေး
Answer လိုက်ပါ … ။
ပေးတဲ့ နေရာမှာ ထပ်ဖြည့်ပေးစရာရှိတယ် ..ဘာလဲဆိုတော့ … code ရဲ့
ရှေ့မှာ …. join/ ဆိုတာလေး ထည့်ပေးရမယ် …. ။ အပေါ်က ပုံထဲက code ကို
ဥပမာပြမယ် …ဒီလိုလေး … join/ FPDMJCD0IC19YAD2 အထူးသတိပြုရမှာက join/
ပြီးရင် Spacebar တစ်ချက်ကို ခြားပေးရမယ် … မခြားလို့ မရဘူးနော် ….
ခြားပြီးမှာ code ကို ဆက်ရေး ….. အဲဒါကို တစ်ဖက် ကိုယ်နဲ့
ပြောမည့်သူကိုပေးလိုက် …. တစ်ဖက်လူက ဘာလုပ်ရမလဲဆို ….(
အရမ်းပင်ပန်းတယ် … လျှာထုတ်ပြလိုက်မယ် လျှာထုတ်ပြလိုက်မယ်
လျှာထုတ်ပြလိုက်မယ်) Master လုပ်တဲ့ သူက ပေးတဲ့ code လေးကို
service@gtalk2voip.com ချက်ဘောက်မှာ ထည့်ပြီး ( copy , paste )
ပေးပြီး Enter ခေါက်လိုက် ….
Thursday, May 19, 2011
How to find Run Box
၁) Start မှ All Program မှ Accessories ကို ဖွင့်ပါ။
၂) Run ဆိုတာကို တွေ့ရပါလိမ့်မယ်။
နောက်တစ်နည်းကတော့ Start ကို နှိပ်လိုက်ရင် All Program အောက်က Search box ရှိပါတယ်။ အဲဒီမှာ Run လို့ ရိုက်လိုက်ရင် ဖွင့်ပါတယ်။ အဆင်ပြေပါစေ။
မောင်စေတနာ
Gtalk တွင် Music Name ဖော်နည်း
မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်ချင်တယ်လို့ မေးလာတဲ့ စာဖတ်သူအတွက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ သီချင်းကို Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ Window Media Player ဘယ် Version နဲ့ အဆင်ပြေမလဲတော့ သေချာမသိပါဘူး။
မိမိ အသုံးပြုနေတဲ့ Window Media Player က Version 11 ပါ။ ကျန်တဲ့ Version တွေမှာ လုပ်လို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကြိုတင်ပြောကြားထားခြင်း ဖြစ်ပါတယ်။ လုပ်နည်းကတော့
(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။
မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာပါလိမ့်မည်။ အဆင်ပြေပါစေ။

Priority Inbox from Gmail
Priority Inbox ဆိုပြီး Gmail ရဲ့ ၀န်ဆောင်မှု အသစ်ကို စတင်ပေးထားတာ တစ်ပတ်ပင် ပြည့်ပါပြီ။ အသုံးဝင်ကတော့ မိမိတို့ဆီ ရောက်ရှိလာတဲ့ မေးလ်တွေ အပေါ် ခွဲခြမ်း စိတ်ဖြာပေးတာပါ။ အရေးကြီး၊ အရေးမကြီးနဲ့ မဖတ်ရသေး စတာတွေကို မြင်သာ ထင်သာအောင် ခွဲခြားပေးထားပါတယ်။

မိမိရဲ့ မေးလ်တွေမှာပဲ အရေးကြီးတယ်ဆိုပြီး Star လုပ်ထားတာတွေကိုလည်း တစ်ခါတည်း ခွဲခြားပေးထားပါတယ်။ ခွဲခြားပေးထားလို့ အချိန်မရွေး လွယ်ကူစွာ ပြန်လည် ဖွင့်ကြည့်နိုင်ပါတယ်။ အကောင်းဆုံး မဟုတ်တောင် သုံးစွဲဖို့ သင့်လျော်ပါတယ်။ အပန်းမကြီးတဲ့ အရာလေး တစ်ခုပါ။ သုံးချင်သူများက Setting ဘယ်ဘက်မှာ New Priority Inbox ဆိုတဲ့ စာတန်းလေးကိုသာ ကလစ်လိုက်ရုံပါ။ Google Cheer !
မောင်စေတနာ
Change Folder Background
Window XP ရဲ့ Folder နောက်ခံတွေ ပြောင်းချင်တဲ့ စာဖတ်သူရဲ့ မေးမြန်းချက်မှာ မိမိသိတဲ့အတွက် ဖြေကြားပေးလိုက်ပါတယ်။ အရင်ဦး မိမိသုံးချင်တဲ့ Folder ကို ဖွင့်ထားပါ။ ဥပမာ- All Data အမည်ရှိ folder တစ်ခုကို ဖွင့်ထားတယ် ဆိုပါတော့။

၁) Control Panel ထဲက folder option ကို ဖွင့်ပါ။ View tab ကို သွားပါ။
၂) show hidden files and folders ကို ရွေးပေးပါ။ apply ။ Ok လုပ်ပါ။
၃) Notepad ကို ဖွင့်ပြီး အောက်က ကုဒ်တွေကို Copy ကူးယူပြီး ထည့်လိုက်ပါ။
၎) desktop.ini အမည်နဲ့ Save လုပ်ပါ။
(အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိသုံးချင်တဲ့ ပုံလမ်းကြောင်းကို ပြောင်းလဲရမှာပါ)
၅) ပုံက .bmp အမျိုးအစား ဖြစ်ရပါမယ်။
၆) ခုနက ပြောထားတဲ့ folder ထဲမှာ မိမိနောက်ခံပြောင်းချင်တဲ့ desktop.ini ဖိုင်ရော ဓာတ်ပုံပါ ရှိနေရမှာပါ။
၇) ပိတ်ပြီး ပြန်ဖွင့်ရင် folder Background ပြောင်းနေပါလိမ့်မယ်။
နောက်တစ်ခုကတော့ software ကို အသုံးပြုပြီး Change တာပါ။ Download လုပ်ယူပါ။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ရင်း။
၂) show hidden files and folders ကို ရွေးပေးပါ။ apply ။ Ok လုပ်ပါ။
၃) Notepad ကို ဖွင့်ပြီး အောက်က ကုဒ်တွေကို Copy ကူးယူပြီး ထည့်လိုက်ပါ။
[ExtShellFolderViews]
{BE098140-A513-11D0-A3A4-00C04FD706EC}={BE098140-A513-11D0-A3A4-00C04FD706EC}
[{BE098140-A513-11D0-A3A4-00C04FD706EC}]
IconArea_Image=C:\Windows\Greenstone.bmp၄) desktop.ini အမည်နဲ့ Save လုပ်ပါ။
(အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိသုံးချင်တဲ့ ပုံလမ်းကြောင်းကို ပြောင်းလဲရမှာပါ)
၅) ပုံက .bmp အမျိုးအစား ဖြစ်ရပါမယ်။
၆) ခုနက ပြောထားတဲ့ folder ထဲမှာ မိမိနောက်ခံပြောင်းချင်တဲ့ desktop.ini ဖိုင်ရော ဓာတ်ပုံပါ ရှိနေရမှာပါ။
၇) ပိတ်ပြီး ပြန်ဖွင့်ရင် folder Background ပြောင်းနေပါလိမ့်မယ်။
နောက်တစ်ခုကတော့ software ကို အသုံးပြုပြီး Change တာပါ။ Download လုပ်ယူပါ။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ရင်း။
မောင်စေတနာ
Subscribe to:
Posts (Atom)