Thursday, December 24, 2015
Upload ​တင်​နည်း ​နှင့် Downlaod Link ​ချ​ပေး​နည်း
မ​င်္ဂ​လာ​ပါ  ​ကျွန်​တော် ​သည်​နေ့ ​တော့ Upload  ​တင်​နည်း  ​တင်​ထား​သော ​ဒေါင်း​လင့်​အား ​ဘ​လော့​မှာ Downlaod  Link  ​ချ​ပေး​နည်း  ​လေး​ကို ​ရေး​ဖြစ်​ပါ​တယ်.. ​ဒါ​လေး​က​လည်း ​ကျွန်​တော် ​ရဲ့ ​ညီ​လေး ​အ​ဆို​တော်    ​နောင်​ရဲ​ထွဋ်    ​အ​တွက် ​တောင်း​ဆို​ထား​လို့  ​ခု​လို​အ​သေး​စိတ် ​ရေး​သား​တင်​ပေး​လို​က​တာ​ပါ..
ဘ​လော့​ကာ​တွေ​အ​တွက်​တော့  ​အား​လုံး​သိ​ထား​သော​နည်း​ပ​ညာ​ဖြစ်​တဲ့​အ​တွက်  ​ကျော်​သွား​လိုက်​ပါ​နော်..
 ပ​ထ​မ​ဆုံး  ​မိ​မိ​တို့  Upload  ​တင်​လို​သော ​ဆိုဒ်​မှာ ​အ​ကောင့်​တ​ခု ​လုပ်​ထား​ဖို့​လို​ပါ​လိမ့်​မယ်  ​အဲ​တာ​က​တော့ ​ပြော​မ​ပြ​တော့​ပါ​ဘူး​နော် ​ဆိုဒ်​တ​ခု​မှာ Singup  ​လုပ်​တာ​တော့ ​အဲ​လောက် ​ခက်​ခဲ​မယ်​မ​ထင်​လို့​ပါ... ​တင်​နိုင်​သော​ဆိုဒ်း​တွေ ​က​တော့ ​များ​ပါ​တယ်  ​ဒါ​ပေ​မယ့် ​ကျွန်​တော် ​က​တော့  
ယ​ခု ​န​မူ​နာ​အ​နေ​နဲ့  Mediafire.com  ​နဲ့​ဘဲ ​န​မူ​နာ​ပြ​လိုက်​ပါ​တယ်​နော်...
ပ​ထ​မ​ဆုံး www.mediafire.com  ​ကို​သွား​ပြီး ​အ​ကောင့်​တ​ခု​လုပ်​လိုက်​ပါ​နော်။ ​အ​ကောင့်​တ​ခု​ရ​တာ​နဲ့ ​စ​လို့​ရ​ပါ​ပြီ..​နော် ​အောက်​မှာ ​ပုံ​လေး​တွေ​နဲ့ ​ပြ​ထား​ပါ​တယ်..​စ​မယ်​နော်..
အ​ကောင့်​ဝင်​လိုက်​တာ​နဲ့....
Upload   ​တင်​နိုင်​သော ​ဆိုဒ်​များ
================
စ​တဲ့ ​ဆိုဒ်​တွေ ​မ​က​ဘဲ ​များ​ကြီး​ရှိ​ပါ​တယ် ​နှစ်​သက်​ရာ​က​နေ ​တင်​နိုင်​ပါ​တယ်..
ပ​ထ​မ​ဆုံး​အ​နေ​နဲ့  ​တွေ့​ကြ​ရ​မှာ​က​တော့...
 အ​ပေါ်​က​ပုံ​တိုင်း​ကျ​လာ​မယ် ​က​လစ်​လိုက်​ပါ..​ဒါ​ဆို ​မိ​မိ​တို့ ​ကွန်​ပျူ ​တာ​ဖိုင် ​ကျ​လာ​မယ်​နော်  ​မိ​မိ​တို့ ​တင်​လို​တဲ့  ​အ​ကြောင်း​ရာ​ရှိ​တဲ့ ​သိမ်း​ထား​တဲ့  ​ဖိုင်​ကို ​အ​ရောက်​သွား​လိုက်​ပါ​နော်...
ရောက်​တာ​နဲ့ ​တင်​လို​သော ​အ​ကြောင်း​အ​ရာ​ကို ​တ​ချက်​က​လစ်​ပါ  ​နောက် ​အောက်​က Open  ​ဆို​တာ​ဆက်​ကလ်​စ​လိုက်​ပါ.. ​အ​ကြောင်း​အ​ရာ​ကို  Double  ​က​လစ်​လိုက်​လည်း​ရ​ပါ​တယ်​နော်..
အ​ပေါ်​က​ပုံ​မှာ​လို  Upload  ​ပေး​ဖို့ ​အ​သင့်​အ​နေ​ထား​ဖြစ်​နေ​ပါ​ပြီ ​အဲ​လို​ဖြစ်​တာ​နဲ့ ​အောက်​နား​က Begin Uplaod  ​ဆို​တာ​က​လစ်​ပေး​လိုက်​ရုံ​ပါ​ဘဲ​နော်...
 သည်​အ​ဆင့်​မှာ​တော့ ​မိ​မိ​တို့ ​တင်​တဲ့ ​အ​ကြောင်း​အ​ရာ​ပေါ်​မူ​တည်​ပြီး ​အ​ချိန်​စောင့်​ရ​ပါ​မယ်  ​ဥ​ပ​မာ ​ဆော့​ဝဲလ် ​ဆိုဒ်​ကြီး​တာ​တွေ​ဆို ​အ​ချိန်​ကြာ​ပါ​မယ်  mp3..ebook  ​တွေ​က​တော့ ​ခ​ဏ​တာ​နဲ့ ​ပြီး​ပါ​မယ်..​ပြီး​တာ​နဲ့ ​နောက်​က Copy Link ​ဆို​တာ​က​လစ်​ပြီး ​ဒေါင်း​လင့်​ကို ​ယူ​နိုင်​ပါ​တယ်..
နောက်​တ​ဆင့် ​ယူ​နည်း​လည်း​ပြ​လိုက်​ပါ​မယ်...​နော်
 နောက်​ထပ်  ​မိ​မိ​တို့​တင်​ထား​တဲ့ ​အ​ကြောင်း​ရာ​ကို  ​မိ​မိ​တို့ ​ဘ​လော့​မှာ  ​သူ​များ​အ​သုံး​ပြု​နိုင်​အောင် ​တင်​ပေး​နည်း​လေး​ကို​ဆက်​ပြ​ပါ​မယ်...
ဘ​လော့​မှာ  Downlaod Link  ​ချ​ပေး​နည်း ( ​ဘ​လော့​ကာ​ဆိုင်​ရာ )
ပ​ထ​မ​ဆုံး ​မိ​မိ​တို့​ဘ​လော့​ရဲ့  post ​တင်​ဖို့ ​အ​နေ​ထား​ကို ​သွား​လိုက်​ပါ​နော်..
 အ​ပေါ်​က​တိုင်း ​ရောက်​တာ​နဲ့  ​မိ​မိ​တို့  ​ဒေါင်း​လင့် ​ချ​ပေး​လို​သော ​အ​ကြောင်း​ရာ ​ရဲ့ ​လင့်​ကို ​တင်​ပေး​ကြ​မယ်​ဗျာ... ​တင်​တာ​က​လည်း ၂  ​နည်း​ရှိ​ပါ​တယ်.. 
နံ​ပါတ်(၁)  ​စာ​သား ​နဲ့ ​ဒေါင်း​လင့်​ပေး​နည်း
နံ​ပါတ် (၂)  ​ပုံ​လေး​တွေ​နဲ့ ​ဒေါင်း​လင့်​ပေး​နည်း
 ဆို​ပြီး​ပေါ့..​ကြိုက်​တာ​နဲ့  ​ပေး​ပါ...​လုပ်​ဆောင်​ချက်​က​တော့ ​တူ​တူ​ဘဲ​ဖြစ်​ပါ​တယ်...​နော်  ​ကျ​နော် ​စာ​သား​လေး​နဲ့ ​ပြ​သ​ထား​ပါ​တယ်.... ​ပုံ​မှာ​ပြ​ထား​သ​လို​ပေါ့   ​သည်​မှာ    ​ဒေါင်း​ရန်  ​ဆို​တာ​လေး​မှာ
သည်​မှာ   ​ဆို​တာ​လေး​ထဲ​ကို ​မိ​မိ​တို့  ​ဒေါင်း​လင့်​ကို ​ဖွက်​ထား​ရ​မှာ​ဖြစ်​ပါ​တယ်..​အဲ​အ​တွ့်
သည်​မှာ   ​ဆို​တာ​လေး​ကို  Select  ​ လုပ်​ပေး​လိုက်​ပါ  ​ပြီး​တာ​နဲ့ ​အ​ပေါ်​ဘား​က  link   ​ဆို​တာ​ကို ​က​လစ်​လိုက်​ပါ​နော်... ​ဘော်​က​လေး​တ​ခု​ကျ​လာ​မှာ​ဖြစ်​ပါ​တယ်...
 ခု​လို ​ကျ​လာ​တဲ့ ​ဘော်​က​လေး​မှာ ​အ​ကွက်​လေး  ၂​ခု ​ရှိ​ပါ​တယ်..​အ​ပေါ်​က​တော့ ​မိ​မိ​တို့ ​စော​စော​က​ရေး​သား​ခဲ့​တဲ့  ​သည်​မှာ   ​ဆို​တာ​လေး​ရဲ့ ​နေ​ရာ​ဖြစ်​ပါ​တယ်...  ​သည်​နေ​ရာ​မှာ ​ပုံ​နဲ့ ​တင်​တဲ့ ​သူ​တွေ​အ​တွက်  ​အ​ပေါ်​အ​ကွက်​လေး​က ​ဘာ​မှ ​မ​ပေါ်​ဘဲ ​ဖြစ်​နေ​မယ်  ​ပုံ​နဲ့​မို့​ပေါ့...
အို​ကေ  ​အောက်​က Web Adress ​ဆို​တာ​ထဲ​မှာ​ဘဲ  ​မိ​မိ​တို့  ​ဒေါင်း​စေ​ခြင်​သော  ​လင့်​အ​မှန်​ကို
 ထည့်​ပေး​လိုက်​ပါ​နော်.. ​စော​စော​က  Upload  ​တင်​တုန်း​က ​နေ​ရာ​မှာ  ​လင့်​ကို ​ကော်​ပီ ​သွား​ယူ​လိုက်​ပါ ​သည်​မှာ ​ထည့်​ပေး​လိုက်​ပါ... ​အဲ​လို​နဲ့  ​ပို့စ်​ထဲ​က ​သည်​မှာ   ​ဆို​တာ​လေး​က ​ပုံ​မှန်​စာ​သား​မ​ဟုတ်​တော့​ဘဲ
လင့်​အ​ဖြစ် ​ပြောင်း​လည်း​နေ​ပါ​ပြီ...​နော်....​ဒါ​ဆို ​သ​ဘော​ပေါက်​ရော​ပေါ့....​ဟူးး​မော​ထာာေိေိ
 မှတ်​ချက်   ။      ။  ​ပုံ​နဲ့ ​ဒေါင်း​လင့်​ပေး ​တာ​လည်း ​တူ​တူ​ပါ​ဘဲ ​ကြိုက်​တဲ့ ​ပုံ​ထည့်​ပါ... ​ပြီး​တာ​နဲ့  ​အဲ​ပုံ​ကို ​က​လစ်​ပါ.. ​နောက် ​အ​ပေါ်​က link ​က​လစ်​ပါ..​တူ​တူ​ပါ​ဘဲ​ဗျာ..
အ​စ​စ​အ​ဆင်​ပြေ​ပါ​စေ​လို့  ​ဆု​တောင်း​လို​က​ပါ​တယ် ​မ​ရှင်း​တာ​များ​ရှိ​ပါ​က  ​ချက်​ဘောက်​မှာ ​အော်​ခဲ့​ပါ​နော်...
စာ​အုပ်​အ​ဖြစ် ​ဒေါင်း​ယူ​လို​ပါ​က
( OR )
ဘ​လော့​ခ​ရီး​သည်
Wednesday, December 23, 2015
သမ္မတ၏အမျိုးသမီးကိုယ်ရံတော်
-------------------
ရေးသားသူ- အေးသူစံ
(မျိုးချစ်တို့ရေ....2013ခုနှစ်ကသတင်းလေးကိုဖတ်ပြီးဒေါ်ဇာဇာအောင်ကိုချီးမွမ်းလိုက်ကြပါအုံး)
ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။
ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတအနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။
နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအစဉ်အဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။
ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်းကပင် အသစ်အဆန်းဖြစ်နေသည်။
အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေးအရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ လုံခြုံရေးအရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလိုလို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။
ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်နိုင်သည့် ဒေါ်ဇာဇာအောင်၏အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသော နားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ ၀ါသနာပါသည်။ မိဘများက မပြည့်စုံသော်လည်း သူတို့မောင်နှမခုနစ်ယောက်လုံးကို ပညာကြိုးစားသင်ယူစေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သားများ ပြန်လည်ခေါ်ယူသည့်အခါ ၀င်လျှောက်ဖြစ်သည်။
ဝါသနာနှင့်အလုပ် တစ်ထပ်တည်းကျသည့်အတွက် သင်တန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည်။ တပ်ဖွဲ့ဝင်တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။
ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု ၄င်းကယုံကြည်သည်။
“မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာရင်တော့ သေဖို့အဆင်သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။
နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀ ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။
“နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ်ရမယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”
ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ်လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။
“သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်းတက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်းလည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြောကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။
အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက်လာသော သတင်းထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။
“ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီးမားမား အသက်အန္တရာယ်ဘေး နီးကပ်တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည် အနီးကပ်အန္တရာယ်ပြုမည့်သူများ ပေါ်ပေါက်နိုင်ခြေနည်းသော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။
“မသင်္ကာစရာဆိုလည်း ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသဖွယ် နွေးထွေးစွာ ဆက်ဆံခံရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်ကပြောသည်။
လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်းထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။
“သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်းမ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။
လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ်တဲ့နှလုံးသား ၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသလောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။
လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့်အတွက် ပျော်ရာမှာမနေရ တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင်ထားသည်။
အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင်ကိုမူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများမှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်သက်ပါသည်။
သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင် ဖြေကြားပါသည်။
“သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”
ဓာတ်ပုံ- အေးသူစံ
Thursday, September 24, 2015
PAW OOO
ခေါတ်သစ် ပေါ်ဦး အမေး၊ အဖြေ
**********************
မင်းကြီး ။ ဟဲ့… ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ
ပေါ်ဦး ။ ပုပ္ပါးက မယ်တော်ရုပ်ကြီးပါဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ ဒေါင်းမြှီးလေးပါ ပါတယ်ဘုရား
-----------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး နိုဗယ်ဆုရှင် ဥရောပသွား
ဘာပြော သတုန်းဟဲ့
ပေါ်ဦး ။ ဘားမား ပဲခေါ်ဆို အမြဲပြောတယ်ဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ စီးပွားရေး ပိတ်ဆို့ထားဖို့လေးနဲ့ပါဘုရား
-------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး… အသားထဲ ဘာအသားအ
ကောင်းဆုံးလဲ
ပေါ်ဦး ။ မဲနေတဲ့ အမဲသားပါဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ၅၉(စ) ပယ်ဖျက်ရေး ကလေး နဲ့ပါဘုရား
------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး… ရိုးရိုးမဲ မနိုင်ရင် ဘာကောင်း
သလဲ
ပေါ်ဦး ။ လမ်းပေါ်ထွက်တာ ကောင်းတယ်ဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ၈၈ တွေနဲ့ ပေါင်းတာပေါ့ဘုရား
-------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး… အတိုက်အခံ အရည်အချင်း
ဆိုတာဘာလဲ
ပေါ်ဦး ။ ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်ရပါမယ်ဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ အနောက်အားကိုးရပါမယ်ဘုရား
--------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး ဒီခေါတ် ဘာအလုပ်ကောင်း
သလဲ
ပေါ်ဦး ။ ဒေါင်းအမတ်ပါ ဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ထောက်ပံ့ကြေးတွေနဲ့ပါဘုရား
---------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး လက်ရှိပေါ်ပြူလာ အဖြစ်ဆုံးက
ဘာသတင်းတုန်းဟဲ့
ပေါ်ဦး ။ ခေါင်းလောင်း ဆယ်တာပါဘုရား
မင်းကြီး ။ ဟဲ့… သူချည်းသာလော
ပေါ်ဦး ။ အစိုးရက အာရုံလွှဲတာနဲ့ပါ ဘုရား
------------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး လက်ရှိ အကောင်းဆုံးကြွေး
ကြော်သံတွေ ဘာတွေလဲဟဲ့
ပေါ်ဦး ။ လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်ပါဘုရား
မင်းကြီး ။ ဟဲ့… သူ့ချည်းသာလော
ပေါ်ဦး ။ သံဃာတွေကိုဆဲဆိုရင်း၊ အစိုးရကိုအပုပ်ချရင်း
နဲ့ပါဘုရား
--------------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး အကောင်းဆုံး စားပေါက်က
ဘာရှိတုန်းဟဲ့
ပေါ်ဦး ။ မြို့သစ်တည်တာပါဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ဆွေမျိုးပေါက်ဖေါ် တွေနဲ့ပါဘုရား
-----------------------------------
မင်းကြီး ။ ဟဲ့… ပေါ်ဦး ပြောစမတ်ပြုရတဲ့ လူထုထောက်
ခံပွဲကြီးက ဘာတုန်း
ပေါ်ဦး ။ ၄၃၆ ပြင်ဆင်ရေး ပွဲကြီးပါဘုရား
မင်းကြီး ။ ဟဲ့…သူ့ချည်းသာလော
ပေါ်ဦး ။ ၁၀ နှစ်အောက်ကလေးတွေနဲ့ ကုလားတွေနဲ့ပါ
ဘုရား
မင်းကြီး။ ။ ဟဲ့ ပေါ်ဦး အခု သမ္မတဖြစ်ချင်နေတာ မိန်းမလား ယောက်ျားလား
ပေါ်ဦး။ ။ မိန်းမပါဘုရား
မင်းကြီး။ ။ ဟဲ့ သူ့ချည်သာလော
ပေါ်ဦး။ ။ ခိုးဝင်ကုလားတွေကို တရားဝင်နိုင်ငံသားဖြစ်ရေး မျိုးစောင့်ဥပဒေ ဖျက်သိမ်းရေး ပုဒ်မ၅၉ စ ကို ဖျက်သိမ်းရေးတို့နဲ့ ပါ ဘုရား
ကိုအေးချမ်းမင်း
Wednesday, August 26, 2015
MIG 35
MYANMAR NAVY
Supernyi Soe added 5 new photos from August 24.
မြန်မာ့တပ်မတော်ရဲ့ Blue water navy တည်ဆောက်နေမှုနဲ့ UMS Kyansitther ( F-12 )
2014 နှစ်လယ်ပိုင်းအရောက်မှာ F 12 ဆိုတဲ့ stealth နည်းပညာသုံး UMS ကျန်စစ်သား Frigate တစ်စင်း myanmar navy မှာတပ်တော်ဝင်နိုင်ခဲ့တယ်. ပုံမှန်အားဖြင့်တော့ Frigate စစ်သင်းဘောတစင်း ဝင်ရောက်လာတာ မထူးဆန်းပေမယ့် Stealth နည်းပညာနဲ့ အဆင့်မြင့် frigate တစင်းဆိုတဲ့ အချက်ကတော့ ကိုယ်ပိုင် frigate တွေ တည်ဆောက်နိုင်ခြင်းမရှိကြတဲ့ ယိုးဒယား ဘင်းဂလား အပါဝင် ဒေသတွင်းပြိုင်ဘက်များ အတွက်တော့ အထူးတလည် စိတ်ဝင်တစားသတိထား စောင့်ကြည့်ရတော့မယ့် အခြေနေတခု ဖြစ်လာခဲ့ပါတယ်.
နှစ်ပေါင်း ၂၀ ကျော်ရင်းနှီးလာခဲ့တဲ့ project ကြီးဟာ 2008 ခုနှစ်မှာ UMS အောင်ဇေယျ( F11)ဆိုတဲ့ Frigate တစင်းစတင်တပ်တော်ဝင်လာပြီးနောက်ပိုင်း အာရှမှာ လက်တဆုပ်စာသာရှိတဲ့ frigate တည်ဆောက်နိုင်တဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာပြီး နောက် ၄ နှစ်အကြာ 2012 ခုနှစ်အရောက်မှာတော့ F12 ကိုစတင်အသက်သွင်းနိုင်ခဲ့တယ် . အရှိန်ရလာတဲ့ myanmar navy ဟာ F12 ကိုရေချပြီးမကြာခင် 491 လို stealth နည်းပညာသုံး FAC ( fast attack missile craft )တွေ 773 တပင်ရွှေထီးလို light frigate တွေအပြင် UMS ဆင်ဖြူရှင် ( F 14 ) တွေကိုပါ တလဆက် ရေချပြနိုင်ခဲ့တယ်.
( Kyansitther Class Frigate ) F12 ကျန်စစ်သား ဟာ ရေဒါပုံရိပ်ဖမ်းယူနိုင်မှု RCS ( radar cross section ) ကို များစွာလျော့ချပေးနိုင်တဲ့ stealth နည်းပညာသုံး frigate အမျိုးစားဖြစ်ကာ 108m ရှည်လျားပြီး တန်ချိန် 3000 ခန့်ရှိတယ်. ရေမိုင် တနာရီကို ၃၀ ထိ ခုတ်မောင်းနိုင်ကာ မိုင်ပေါင်း ၃၈၀၀ ကျော်ထိခြေဆန့်နိုင်ပြီး ရေပြင်ပိုင်နက်ကို အပြည့်ဝအကာကွယ်ပေးနိုင်မှာဖြစ်တယ်. ရေပြင် ဝေဟင်တွေကို ထောက်လှမ်းနိုင်ဖို့ ဦးပိုင်းမှာ Hull mounted sonar ( HMS ) နဲ့ MK3 L band 2D search radar ကိုတပ်ဆင်ထားပြီး electronic suit နဲ့ weaponry system ပိုင်းတွေမှာ india russia နဲ့ china နည်းပညာတွေပူးတွဲအသုံးပြုထားတယ်.
Air defence အတွက်ကတော့ 30mm AK 630 gun ကိုတပ်ဆင်ထားပြီး အဆင့်မြင့် CIWS system ဖြစ်ကာ ရေယာဉ်ရဲ့ 3 mile အတွင်းဝင်ရောက်လာမယ့် antiship missile တွေ aircraft တွေနဲ့ မည်သည့်အရာမဆို တမိနစ်ကို ကျည်ချက်ပေါင်း ၅၀၀ ကျော်နဲ့ ပစ်ခက်ဖျက်ဆီးနိုင်တယ်. F 12 မှာ AK 630 CIWS ကို 4 နေရာတပ်ဆင်ထားတဲ့အတွက် လုံလောက်တဲ့ defence ရှိတယ်လို့ပြောရမယ် . Counter aircraft အတွက်ကတော့ တာတိုပစ် missile MANPAD 6 စင်းကိုသာတင်ဆောင်ထားတဲ့အတွက် အားရစရာ သိပ်မကောင်းပေမယ့်  Fleet Air Defence Role အတွက်တည်ဆောက်ထားတဲ့ F14 ဆင်ဖြူရှင်မှာတော့ တာလတ်ဝေဟင်ကာကွယ်ရေး missile ဖြစ်တဲ့ China ရဲ့ HQ 7 system ကိုထည့်သွင်းထားနိုင်တယ်လို့ သိရတဲ့အတွက် အားရစရာပဲဖြစ်တယ်.
Main gun အနေနဲ့ကတော့ ပြင်သစ်ရဲ့ super rapid gun ဖြစ်တဲ့ Oto Melara 76mm canon ကိုတပ်ဆင်ထားတယ်. Antishipping missile အနေနဲ့တော့ km 120 ထိ ပစ်ခတ်နိုင်မယ့် C802A 8 စင်းကိုတပ်ဆင်ထားပြီး F14 ဆင်ဖြူရှင်မှာတော့ km 280 လောက်ထိ ပစ်ခတ်ချေမှုန်းနိုင်တဲ့ C 602 အမျိုးစားကို တပ်ဆင်ထားမယ်လို့သိရတယ် .
ရေငုတ်သင်းဘောတိုက်ဖျက်ရေး ASW( antisubmarine warefare ) အတွက်ကတော့ torpedoes ပြွန်တွေ ASW rockets တွေ ASW decoy rockets တွေအပြင် ASW ကိုပြုလုပ်နိုင်မယ့်chopperအဖြစ် china Z9 တွေနဲ့ ရုရှားရဲ့ Kamov 27 ကို တင်ဆောင်တိုက်ပွဲဝင်နိုင်မှာဖြစ်တဲ့အတွက် enemy sub တွေကို ကောင်းမွန်စွာချိန်းခြောက်တုန့်ပြန်နိုင်မှာဖြစ်တယ်.
ယခုလို F12 F14 ကဲ့သို့ Kyansitther class frigate တွေကို ၅ စင်းထုတ်လုပ်ဖို့လျာထားကာ light frigate တွေဖြစ်တဲ့ 771 အနော်ရထာ 772 ဘုရင့်နောင် နဲ့ 773 တပင်ရွှေင်္ထီးအတန်းစား တွေကို 774 775 ထိထုတ်လုပ်နေပီဖြစ်ပြီး 491လို stealth FAC များ5 series အမြန်သွားဒုံးတပ်ယာဉ် FAC များကိုလည်း အသုတ်လိုက်ထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့ myanmar navy ကတော့ ဒေသတွင်းသာမက အာရှအဆင့်ကပါ စောင့်ကြည့်နေရတော့မယ့် အင်အားကြီးရေတပ်ကြီးတခု ဖြစ်လာတော့မှာသေချာနေပါကြောင်း ...
Monday, August 24, 2015
JF 17 BLOCK 2
ပါကစ္စတန်လေတပ်မှ ၂၀၁၅ခုနှစ် ဇွန်လထဲတွင် စတင်ထုတ်ဖော် ပြသခဲ့သော JF-17 Block ll တိုက်လေယာဉ်အား တွေ့မြင်ရစဉ်။
(တပ်ဆင်ထားသည့် လက်နက်များမှာ C-802A သဘောင်္ဖျက်ဒုံး နှစ်လုံး SD-10A မြင်တာလွန်ဒုံး နှစ်လုံး PL-5E ll တာတိုပစ်ဒုံး နှစ်လုံးနှင့် လီတာ ၈၀၀ဆန့် အပိုဆီတိုင်ကီတို့ ဖြစ်သည်)
အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်