Tuesday, August 31, 2010

အချစ်ဦး – မောင်စိန်ဝင်း (ပုတီးကုန်း)

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်