Wednesday, August 26, 2015

MIG 35


MYANMAR NAVY

Supernyi Soe added 5 new photos from August 24.
မြန်မာ့တပ်မတော်ရဲ့ Blue water navy တည်ဆောက်နေမှုနဲ့ UMS Kyansitther ( F-12 )
2014 နှစ်လယ်ပိုင်းအရောက်မှာ F 12 ဆိုတဲ့ stealth နည်းပညာသုံး UMS ကျန်စစ်သား Frigate တစ်စင်း myanmar navy မှာတပ်တော်ဝင်နိုင်ခဲ့တယ်. ပုံမှန်အားဖြင့်တော့ Frigate စစ်သင်းဘောတစင်း ဝင်ရောက်လာတာ မထူးဆန်းပေမယ့် Stealth နည်းပညာနဲ့ အဆင့်မြင့် frigate တစင်းဆိုတဲ့ အချက်ကတော့ ကိုယ်ပိုင် frigate တွေ တည်ဆောက်နိုင်ခြင်းမရှိကြတဲ့ ယိုးဒယား ဘင်းဂလား အပါဝင် ဒေသတွင်းပြိုင်ဘက်များ အတွက်တော့ အထူးတလည် စိတ်ဝင်တစားသတိထား စောင့်ကြည့်ရတော့မယ့် အခြေနေတခု ဖြစ်လာခဲ့ပါတယ်.
နှစ်ပေါင်း ၂၀ ကျော်ရင်းနှီးလာခဲ့တဲ့ project ကြီးဟာ 2008 ခုနှစ်မှာ UMS အောင်ဇေယျ( F11)ဆိုတဲ့ Frigate တစင်းစတင်တပ်တော်ဝင်လာပြီးနောက်ပိုင်း အာရှမှာ လက်တဆုပ်စာသာရှိတဲ့ frigate တည်ဆောက်နိုင်တဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာပြီး နောက် ၄ နှစ်အကြာ 2012 ခုနှစ်အရောက်မှာတော့ F12 ကိုစတင်အသက်သွင်းနိုင်ခဲ့တယ် . အရှိန်ရလာတဲ့ myanmar navy ဟာ F12 ကိုရေချပြီးမကြာခင် 491 လို stealth နည်းပညာသုံး FAC ( fast attack missile craft )တွေ 773 တပင်ရွှေထီးလို light frigate တွေအပြင် UMS ဆင်ဖြူရှင် ( F 14 ) တွေကိုပါ တလဆက် ရေချပြနိုင်ခဲ့တယ်.
( Kyansitther Class Frigate ) F12 ကျန်စစ်သား ဟာ ရေဒါပုံရိပ်ဖမ်းယူနိုင်မှု RCS ( radar cross section ) ကို များစွာလျော့ချပေးနိုင်တဲ့ stealth နည်းပညာသုံး frigate အမျိုးစားဖြစ်ကာ 108m ရှည်လျားပြီး တန်ချိန် 3000 ခန့်ရှိတယ်. ရေမိုင် တနာရီကို ၃၀ ထိ ခုတ်မောင်းနိုင်ကာ မိုင်ပေါင်း ၃၈၀၀ ကျော်ထိခြေဆန့်နိုင်ပြီး ရေပြင်ပိုင်နက်ကို အပြည့်ဝအကာကွယ်ပေးနိုင်မှာဖြစ်တယ်. ရေပြင် ဝေဟင်တွေကို ထောက်လှမ်းနိုင်ဖို့ ဦးပိုင်းမှာ Hull mounted sonar ( HMS ) နဲ့ MK3 L band 2D search radar ကိုတပ်ဆင်ထားပြီး electronic suit နဲ့ weaponry system ပိုင်းတွေမှာ india russia နဲ့ china နည်းပညာတွေပူးတွဲအသုံးပြုထားတယ်.
Air defence အတွက်ကတော့ 30mm AK 630 gun ကိုတပ်ဆင်ထားပြီး အဆင့်မြင့် CIWS system ဖြစ်ကာ ရေယာဉ်ရဲ့ 3 mile အတွင်းဝင်ရောက်လာမယ့် antiship missile တွေ aircraft တွေနဲ့ မည်သည့်အရာမဆို တမိနစ်ကို ကျည်ချက်ပေါင်း ၅၀၀ ကျော်နဲ့ ပစ်ခက်ဖျက်ဆီးနိုင်တယ်. F 12 မှာ AK 630 CIWS ကို 4 နေရာတပ်ဆင်ထားတဲ့အတွက် လုံလောက်တဲ့ defence ရှိတယ်လို့ပြောရမယ် . Counter aircraft အတွက်ကတော့ တာတိုပစ် missile MANPAD 6 စင်းကိုသာတင်ဆောင်ထားတဲ့အတွက် အားရစရာ သိပ်မကောင်းပေမယ့်  Fleet Air Defence Role အတွက်တည်ဆောက်ထားတဲ့ F14 ဆင်ဖြူရှင်မှာတော့ တာလတ်ဝေဟင်ကာကွယ်ရေး missile ဖြစ်တဲ့ China ရဲ့ HQ 7 system ကိုထည့်သွင်းထားနိုင်တယ်လို့ သိရတဲ့အတွက် အားရစရာပဲဖြစ်တယ်.
Main gun အနေနဲ့ကတော့ ပြင်သစ်ရဲ့ super rapid gun ဖြစ်တဲ့ Oto Melara 76mm canon ကိုတပ်ဆင်ထားတယ်. Antishipping missile အနေနဲ့တော့ km 120 ထိ ပစ်ခတ်နိုင်မယ့် C802A 8 စင်းကိုတပ်ဆင်ထားပြီး F14 ဆင်ဖြူရှင်မှာတော့ km 280 လောက်ထိ ပစ်ခတ်ချေမှုန်းနိုင်တဲ့ C 602 အမျိုးစားကို တပ်ဆင်ထားမယ်လို့သိရတယ် .
ရေငုတ်သင်းဘောတိုက်ဖျက်ရေး ASW( antisubmarine warefare ) အတွက်ကတော့ torpedoes ပြွန်တွေ ASW rockets တွေ ASW decoy rockets တွေအပြင် ASW ကိုပြုလုပ်နိုင်မယ့်chopperအဖြစ် china Z9 တွေနဲ့ ရုရှားရဲ့ Kamov 27 ကို တင်ဆောင်တိုက်ပွဲဝင်နိုင်မှာဖြစ်တဲ့အတွက် enemy sub တွေကို ကောင်းမွန်စွာချိန်းခြောက်တုန့်ပြန်နိုင်မှာဖြစ်တယ်.
ယခုလို F12 F14 ကဲ့သို့ Kyansitther class frigate တွေကို ၅ စင်းထုတ်လုပ်ဖို့လျာထားကာ light frigate တွေဖြစ်တဲ့ 771 အနော်ရထာ 772 ဘုရင့်နောင် နဲ့ 773 တပင်ရွှေင်္ထီးအတန်းစား တွေကို 774 775 ထိထုတ်လုပ်နေပီဖြစ်ပြီး 491လို stealth FAC များ5 series အမြန်သွားဒုံးတပ်ယာဉ် FAC များကိုလည်း အသုတ်လိုက်ထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့ myanmar navy ကတော့ ဒေသတွင်းသာမက အာရှအဆင့်ကပါ စောင့်ကြည့်နေရတော့မယ့် အင်အားကြီးရေတပ်ကြီးတခု ဖြစ်လာတော့မှာသေချာနေပါကြောင်း ...

Monday, August 24, 2015

JF 17 BLOCK 2

ပါကစ္စတန်လေတပ်မှ ၂၀၁၅ခုနှစ် ဇွန်လထဲတွင် စတင်ထုတ်ဖော် ပြသခဲ့သော JF-17 Block ll တိုက်လေယာဉ်အား တွေ့မြင်ရစဉ်။
(တပ်ဆင်ထားသည့် လက်နက်များမှာ C-802A သဘောင်္ဖျက်ဒုံး နှစ်လုံး SD-10A မြင်တာလွန်ဒုံး နှစ်လုံး PL-5E ll တာတိုပစ်ဒုံး နှစ်လုံးနှင့် လီတာ ၈၀၀ဆန့် အပိုဆီတိုင်ကီတို့ ဖြစ်သည်)

Thursday, August 20, 2015

တောင်နှင့် မြောက် ကိုရီးယားနိုင်ငံ စစ်တပ်များ တဖက်နှင်တဖက် ဒုံကျည်များ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်




news update 20August 2015

ယနေ့ မနက်ပိုင်းမှ စ၍ တောင်နှင့် မြောက်ကိုရီးယား နိုင်ငံ နယ်စပ် တလျှောက် တားဝေးပစ် ဒုံကျည်များ အဝေးပစ် အမြောက်ကြီး များဖြင့် တဖက်နှင့်တဖက် ပစ်ခတ်နေကြပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖေါ်ပြထားပါသည်။

မြောက်ကိုရီးယား နိုင်ငံဘက်က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄၈နာရီအတွင် မြောက်ကိုရီးယား နိုင်ငံဘက်သို့  ထုတ်လွှင့်နေသည့် အသံချဲစက်များ ပိတ်ပေးရမည်၊ အမေရိကန်တို့ နှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဆိုပါက မြောက်ကိုရီးယား စစ်တပ်များက စစ်ကြေငြာ၍ ဆိုးမြို့  (တောင်ကိုးရီးယားမြို့ တော်) ချီတက် သိမ်းပိုက်မည်ဟု ရာဇသံပေးထားပါသည်။

ယခုအချိန်တွင် နှစ်နိုင်ငံ စစ်တပ်များအား အမြင့်ဆုံး တပ်လှန့် ထားပြီး နိုင်ငံပိုင် မီဒီယာများမှ စစ်ပွဲဖြစ်ပွားနေသည်ကို တိုက်ရိုက် ပြသနေပါသည်။

လက်နက်ကြီး ကျည်ဆံများ တာဝေးပစ်ဒုံကျည်များ နှစ်နိုင်ငံ နယ်စပ်တွင် ဆက်တိုက် ပေါက်ကွဲနေပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ မသိရသေးကြောင်း သတင်းများတွင် ဖော်ပြနေကြပါသည်။

ကိုကား APS. Korea shells North after rocket attack
Social Action for Women - SAW

Friday, August 14, 2015

ချစ်သူတမ်းတ



 ကင်​ဆာ​ဖြစ်​စေ​နိုင်​တဲ့ ​အ​န္တ​ရာယ်​ရှိ ​ဟင်း​တ​ခွက်


ဒေ​သ​ခံ​တွေ​ရဲ့ ​အ​နှစ်​ခြိုက်​ဆုံး ​ရိုး​ရာ​အ​စာ​တစ်​ခု​ဖြစ်​တဲ့ koi plaa ​ငါး​စင်း​ကော
 ထိုင်း​နိုင်​ငံ ​အ​ရှေ့​မြောက်​ပိုင်း​ဒေ​သ​မှာ ​ငါး​စိမ်း​နဲ့​လုပ်​တဲ့ ​ရိုး​ရာ​အ​စာ​တစ်​မျိုး​ကြောင့် ​ဒေ​သ​တွင်း​မှာ ​အ​သည်း​ကင်​ဆာ ​ဖြစ်​ပွား​မှု ​များ​လာ​တာ​ကို ​တွေ့​ရှိ​ရ​ပြီး​တဲ့​နောက်​မှာ ​ဆ​ရာ​ဝန်​တွေ​က ​ဒီ​ဘေး​အ​န္တ​ရယ်​အ​တွက် ​အ​သိ​ပ​ညာ​ပေး​မှု​တွေ ​ကြိုး​စား​ဆောင်​ရွက်​နေ​ကြ​ပါ​တယ်။

ထိုင်း​နိုင်​ငံ​လူ​ဦး​ရေ​ရဲ့ ​သုံး​ပုံ​တစ်​ပုံ​လောက် ​နေ​ထိုင်​ကြ​တဲ့ ​ထိုင်း​နိုင်​ငံ​အ​ရှေ့​မြောက်​ပိုင်း ​ပင်​လယ်​နဲ့​ဝေး​တဲ့ Isaan (​အီ​စံ) ​ကုန်း​ပြင်​မြင့်​ဟာ ​ခြောက်​သွေ့​ပြီး ​အဲ​ဒီ​ဒေ​သ​မှာ​နေ​ထိုင်​သူ ​အ​များ​စု​ဟာ ​လာ​အို​မျိုး​နွယ်​စု​တွေ ​ဖြစ်​ကြ​သ​လို ​ဆင်း​ရဲ​နွမ်း​ပါး​သူ​တွေ​လည်း ​ဖြစ်​ကြ​ပါ​တယ်။ ​လာ​အို​နိုင်​ငံ​က​တော့ ​ရ​ရာ ​အ​ဆင်​ပြေ​တဲ့ ​ဟင်း​ခတ်​အ​မွှေး​အ​ကြိုင်​တွေ​ကို ​ထည့်​သုံး​ပြီး ​ခပ်​စပ်​စပ် ​ချက်​တဲ့ ​ဟင်း​ချက်​နည်း​အ​ဆန်း​တွေ​ကြောင့် ​လူ​သိ​များ​ကြ​ပါ​တယ်။

Isaan ​ဒေ​သ​က ​မြစ်​တွေ ​ကန်​တွေ ​ရှိ​တဲ့​နေ​ရာ​မှာ​ဆို ​ဖမ်း​မိ​တဲ့ ​ငါး​သေး​လေး​တွေ​ကို ​အ​စိမ်း​လိုက်​နုပ်​နုပ်​စင်း၊ ​ဒေ​သ​ထွက် ​ဟင်း​ခတ်​အ​မွှေး​အ​ကြိုင်​တွေ၊ ​သံ​ပု​ရာ​ရည်​နဲ့ ​ခါ​ချဉ်​ကောင်​အ​ရှင်​တွေ​ထည့်​ပြီး ​လက်​နဲ့​ရော​နယ်​ထား​တဲ့ koi plaa ​ခေါ် ​အ​နံ့​စူး​တဲ့ ​ငါး​စင်း​ကော​သုတ် ​တစ်​မျိုး​ဟာ ​ဒေ​သ​ခံ​တွေ​ရဲ့ ​အ​နှစ်​ခြိုက်​ဆုံး ​ရိုး​ရာ​အ​စား​အ​စာ​တစ်​ခု ​ဖြစ်​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ဒီ​ဟင်း​လျာ​ဟာ ​အ​သက်​အ​န္တ​ရာယ် ​ကြီး​မား​လှ​ပါ​တယ်။

ထိုင်း​အ​ရှေ့​မြောက်​ပိုင်း​ဒေ​သ​က ​ဒေ​သ​ခံ​တွေ​အ​ကြား ​အ​သဲ​ကင်​ဆာ​ဖြစ်​ပွား​မှု​နှုန်း ​သိ​သိ​သာ​သာ​မြင့်​တက်​နေ​တာ ​နှစ်​ပေါင်း ​ဆယ်​နှစ်​ကျော်​ကြာ​နေ​ပြီ​ဖြစ်​ပြီး ​အ​မျိုး​သား​တွေ​မှာ​ဆို ​ကင်​ဆာ​ရော​ဂါ ​ဖြစ်​ပွား​သူ​တွေ​ရဲ့ ​တ​ဝက်​ကျော်​က ​အ​သဲ​ကင်​ဆာ ​ဖြစ်​နေ​ကြ​သူ​တွေ​ပါ။

ဒီ​လို ​အ​သဲ​ကင်​ဆာ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ဖြစ်​ပွား​နေ​တာ​ဟာ ​ငါး​စိမ်း​ရဲ့ ​အ​သား​မှာ​ပါ​တဲ့ liver fluke ​လို့​ခေါ်​တဲ့ ​သန်​ကောင်​ပြား ​ကပ်​ပါး​အ​မျိုး​အ​စား​တစ်​ခု​နဲ့ ​ဆက်​နွယ်​နေ​တယ်​ဆို​တာ​ကို ​သိ​ရှိ​နေ​တာ ​အ​ချိန်​အ​တော်​ကြာ​ပြီ ​ဖြစ်​ပါ​တယ်။

ဒါ​ပေ​မယ့် ​အဲ​ဒီ​လို ​ဒေ​သ​ခံ​တွေ​ရဲ့ ​စား​သောက်​ပုံ ​ပြောင်း​လဲ​အောင် ​ငါး​စင်း​ကောkoi plaa ​ကို ​စား​ခါ​နီး​မှာ ​ပိုး​သေ​အောင် ​မီး​နဲ့​ချက်​စား​ဖို့ ​တိုက်​တွန်း​နှိုး​ဆော်​မှု​တွေ​ကို ​ပြီး​ခဲ့​တဲ့ ၁၀ ​နှစ်​လောက်​က​ပဲ ​ကြိုး​စား​လုပ်​ဆောင်​နိုင်​ခဲ့​ကြ​ပါ​တယ်။

အ​ညစ်​အ​ကြေး​စွန့်​ရာ​က​နေ ​ကပ်​ပါး​ပိုး ​ဥ​တွေ ​ရေ​ထဲ​ကို ​ကျ​ရောက်
ကပ်​ပါး​ပိုး ​ပျံ့​ပွား​မှု

ငါး​စား​ရာ​က​နေ ​တ​ဆင့် ​ခ​န္ဓာ​ကိုယ်​ထဲ​ကို ​ကပ်​ပါး​ပိုး​တွယ်​ကပ်​ခံ​ရ​သူ​တွေ ​အ​ညစ်​အ​ကြေး​စွန့်​ရာ​က​နေ ​အဲ​ဒီ​ပိုး​တွေ​ရဲ့ ​ဥ​တွေ​ဟာ ​ရေ​ထဲ​ကို ​ပြန်​လည်​ကျ​ရောက် ​သံ​သ​ရာ​လည်​ကြ​တာ ​ဖြစ်​ပါ​တယ်။

Khon Kaen ​တ​က္က​သိုလ်​ရှိ ​အ​ပူ​ပိုင်း​ဒေ​သ​ရော​ဂါ​ဆိုင်​ရာ ​သု​တေ​သ​န ​ဓာတ်​ခွဲ​ခန်း​က Dr. Banchob Sripa ​က​တော့ ​ဒီ​ကပ်​ပါး​တွေ ​လူ​ခ​န္ဓာ​ကိုယ်​တွင်း ​ကျ​ရောက်​တဲ့ ​ဆက်​စပ်​မှု​ကို ​လေ့​လာ​နေ​တာ ​နှစ်​ပေါင်း ၃၀ ​ကျော်​ရှိ​နေ​ပြီ​လို့ ​ဆို​ပါ​တယ်။

ဒီ​ကပ်​ပါး​ဟာ ​ကြား​ခံ​သက်​ရှိ​ရဲ့ ​ခ​န္ဓာ​ကိုယ်​တွင်း ​တစ်​ရှူး​ကို ​ယောင်​ယမ်း​စေ​တဲ့ ​ဓါ​တု​ပ​စ္စည်း​တ​မျိုး​ကို ​ထုတ်​ပေး​ပါ​တယ်။ ​အဲ​ဒီ ​ယောင်​ယမ်း​ဒဏ်​ရာ​ဟာ ​နှစ်​ပေါင်း​များ​စွာ ​ကြာ​လာ​တဲ့​အ​ခါ ​နာ​တာ​ရှည် ​ဒဏ်​ရာ​ဖြစ်​လာ​ပြီး ​ကင်​ဆာ​ရော​ဂါ​ကို ​ဖြစ်​ပွား​စေ​တာ​လို့​လည်း ​ဆို​ပါ​တယ်။

တ​ချို့​ဒေ​သ​တွေ​မှာ​ဆို ​လူ ၈၀ ​ရာ​ခိုင်​နှုန်း​လောက်​ဟာ ​ဒီ​ကပ်​ပါး​ကြောင့် ​အ​သည်း​ကင်​ဆာ​ဖြစ်​တာ​ကို ​သူ​တို့​အ​ဖွဲ့​က ​လေ့​လာ​တွေ့​ရှိ​ရ​ပြီး ​တ​ချို့​ဆို ၄ ​နှစ်​အ​ရွယ်​အ​ထိ ​ငယ်​ရွယ်​သူ​တွေ​ပင် ​ပါ​ဝင်​ကြ​ကြောင်း၊ ​ဒါ​ပေ​မယ့် ​အ​သက် ၅၀ ​မ​တိုင်​ခင် ​အ​သဲ​ကင်​ဆာ​ဖြစ်​ပွား​သူ ​ရှား​ပါး​ပြီး ​ဖြစ်​လာ​ရင်​လည်း ​လူ​နာ​တွေ​အ​တွက် ​မျှော်​လင့်​ချက် ​အ​နည်း​ငယ်​သာ ​ရှိ​နိုင်​တယ်​လို့ Dr. Banchob Sripa ​က​ပြော​ပါ​တယ်။

သူ​တို့​လေ့​လာ​မှု​တွေ​လုပ်​နေ​တဲ့ ​တ​က္က​သိုလ်​က ​ဆေး​ရုံ​မှာ​တော့ cholangiocarcinoma ​လို့​ခေါ်​တဲ့ ​သည်း​ခြေ​ကင်​ဆာ ​တစ်​မျိုး ​ဖြစ်​ပွား​သူ​ပေါင်း​ဟာ ​တ​နှစ်​ကို ၂ ​ထောင်​လောက် ​ရှိ​ပြီး ​လူ​နာ ၂၀၀ ​ဝန်း​ကျင်​လောက်​ကို​သာ ​ကု​သ​နိုင်​တယ်​လို့ ​ဆို​ပါ​တယ်။ ​သူ​တို့​ရဲ့ ​အ​သည်း​တွင်း​မှာ​ဖြစ်​နေ​တဲ့ ​ကင်​ဆာ​ကျိတ်​ကို ​ဖြတ်​ထုတ် ​ခွဲ​စိတ်​ကု​သ​တဲ့​နည်း​နဲ့ ​ကု​ပေး​နေ​တာ​လို့​လည်း Dr. Sripa ​က​ပြော​ပါ​တယ်။

ကျန်​တဲ့​လူ​နာ​တွေ​ကို​တော့ ​ရော​ဂါ​သက်​သာ​စေ​တဲ့​ဆေး​ပေး ​ကု​သ​နည်း​နဲ့ ​သည်း​ခြေ​ရည်​ပွှန်​ကို ​စစ်​ထုတ်​ပေး​တဲ့ ​နည်း​တွေ​နဲ့ ​ကု​ပေး​တယ်​လို့ ​ဆို​ပါ​တယ်။

အ​ကောင်း​ဆုံး ​ထိ​ရောက်​တဲ့ ​ကု​သ​မှု​က​တော့ ​ကြို​တင်​ကာ​ကွယ်​မှု​ပဲ ​ဖြစ်​ပါ​တယ်။

Dr. Sripa ​နဲ့​အ​ဖွဲ့​ဟာ liver fluke ​သန်​ကောင်​ပြား ​ကပ်​ပါး ​သက်​ရောက်​မှု ​အ​များ​ဆုံး​ဖြစ်​ပွား​ရာ ​ဒေ​သ​ဖြစ်​တဲ့ Khon Kaen ​တောင်​ပိုင်း​က Lawa Lake ​လို့​ခေါ်​တဲ့ ​စို​စွတ်​တဲ့​ဒေ​သ​တ​လျှောက်​ရှိ ​ရွာ​တွေ​အ​တွက် ​ဒေ​သ​အ​ခြေ​စိုက် ​ကျန်း​မာ​ရေး ​ပ​ညာ​ပေး ​သင်​တန်း​တ​ခု​ကို ​ဖွင့်​လှစ်​ထား​တာ​ဖြစ်​ပါ​တယ်။

ပ​ညာ​ပေး ​ဟော​ပြော​တာ​ဟာ ​နောက်​မျိုး​ဆက်​တွေ​ကို ​အ​ထောက်​အ​ကူ ​ဖြစ်​စေ​ပါ​တယ်
ပ​ညာ​ပေး​ခြင်း

ငါး​စိမ်း​စား​တဲ့ ​ဘေး​အ​န္တ​ရာယ်​ကို ​သိ​နိုင်​ဖို့ ​ပ​ညာ​ပေး​ဟော​ပြော​တာ​ဟာ ​နောက်​မျိုး​ဆက်​တွေ​ကို ​အ​ထောက်​အ​ကူ ​ဖြစ်​စေ​ပါ​တယ်။

ဒေ​သ​တွင်း​မှာ ​အ​ဓိ​ရောက်​ဆုံး​ဖြစ်​မယ့် ​နည်း​လမ်း​တွေ​ကို ​သုံး​ပြီး ​ပ​ညာ​ပေး​မှု​တွေ ​စ​တင်​လုပ်​ဆောင်​ခဲ့​ကြ​ပါ​တယ်။ ​ဒေ​သ​တွင်း​က ​အ​များ​ရို​သေ​လေး​စား​တဲ့ ​ရပ်​ရွာ​ခေါင်း​ဆောင်​တွေ​ကို ​စု​ဆောင်း​ပြီး ​ဆွေး​နွေး​ပြော​ဆို​တာ​တွေ​ရှိ​သ​လို ​အ​ရှေ့​မြောက်​ပိုင်း ​ဂီ​တ​နဲ့​ဟာ​သ​နှော ​ပြော​ဆို​တာ​မျိုး​တွေ​နဲ့​လည်း ​အား​ဖြည့် ​ဆောင်​ရွက်​ခဲ့​ကြ​ပါ​တယ်။

ဒါ့​အ​ပြင် ​ကိုယ်​တွင်း​ကပ်​ပါး​ကောင်​တွေ​ရဲ့ ​ဘ​ဝ​စက်​ဝန်း​လည်​ပတ်​ပုံ​နဲ့ ​ပတ်​သက်​တဲ့ ​အ​လွယ်​တ​ကူ​နား​လည်​နိုင်​မယ့် ​အ​ချက်​အ​လက်​တွေ​ကို​လည်း ​သီ​ချင်း​တွေ​အ​ဖြစ် ​ရေး​ဖွဲ့​စပ်​ဆို​ခဲ့​ကြ​ပါ​တယ်။

ကပ်​ပါး ​သား​လောင်း​ကောင်​တွေ​ဟာ ​ငါး​အ​သား​ထဲ​မှာ ​နစ်​မြုပ်​နေ​တာ​ဖြစ်​ပြီး ​စား​သုံး​လိုက်​ပါ​က ​လူ့​အ​သည်း​ထဲ​မှာ ​သက်​ကြီး​ကောင်​တွေ​အ​ဖြစ် ​ကြီး​ထွား​လာ​ပါ​တယ်။

ဒိ​နောက် ​ခ​န္ဓာ​ကိုယ်​တွင်း​ရောက်​တဲ့ ​သက်​ကြီး​ကောင်​တွေ​က ​အု​တဲ့ ​ဥ​တွေ​ဟာ ​ခ​န္ဓ​ကိုယ်​က ​စွန့်​ပစ်​လိုက်​တဲ့ ​အ​ညစ်​အ​ကြေး​တွေ​နဲ့​အ​တူ ​ရေ​ထဲ​ပြန်​လည် ​ရောက်​သွား​ပြီး ​အဲ​ဒီ​ဥ​က ​သား​ပေါက်​တွေ​ကို​စား​တဲ့ ​ခ​ရု​တစ်​မျိုး​ရဲ့ ​ခ​န္ဓာ​ကိုယ်​က​တ​ဆင့် ​ငါး​တွေ​ရဲ့​ကိုယ်​ထဲ ​ဝင်​ရောက်​ကြ​တာ​ဖြစ်​ပါ​တယ်။

Dr. Sripa ​နဲ့​အ​ဖွဲ့​ဟာ ​ဒေ​သ​တွင်း​ရှိ ​ရွာ​က​လူ​တွေ​ကို ​အ​သည်း​ထဲ​မှာ ​ကပ်​ပါး​ပိုး ​ရှိ​မ​ရှိ ​သိ​နိုင်​ဖို့ ​သယ်​ရ​လွယ်​တဲ့ ultrasound ​စက်​အ​သေး​စား​နဲ့ ​ရွာ​တွေ​ကို ​လိုက်​လံ ​စစ်​ဆေး​ပေး​ပါ​တယ်။

အ​သက်​ကြီး​သူ​အ​တော်​များ​များ​မှာ ​ကပ်​ပါး​ပိုး​သက်​ရောက်​မှု​ရှိ​နေ​တာ ​အံ့​ဩ​စ​ရာ​ကောင်း​လောက်​အောင် ​တွေ့​ရှိ​ရ​ပြီး ​ဒီ​အ​ချက်​က ​ဒေ​သ​ခံ​တွေ​ဟာ ​ငါး​စိမ်း​ဆက်​စား​နေ​သေး​တယ်​ဆို​တာ​ကို ​ပြ​သ​နေ​ပါ​တယ်။

တ​ခါ​တ​လေ​တော့ ​ချက်​စား​တယ်၊ ​ဒါ​ပေ​မယ့် ​တ​ခါ​တ​လေ​တော့ ​မေ့​သွား​တယ် ​ဆို​ပြီး ​အ​သက် ၆၁ ​နှစ်​အ​ရွယ် Jongluck Laonongkwa ​ဆို​သူ ​အ​မျိုး​သား​ကြီး​က ​ပြော​ပါ​တယ်။ ​သူ​ရဲ့ ​အ​သည်း​မှာ​တော့ ​ကပ်​ပါး​ကောင်​တွေ​က ​ဖိ​စီး​နေ​ပြီ ​ဖြစ်​ပါ​တယ်။

အ​သည်း​ကင်​ဆာ​က ​အ​သက်​ကြီး​ပိုင်း​ကျ​မှ ​ဖြစ်​ပေါ်​တာ​များ
ကပ်​ပါး ​တွယ်​ကပ်​မှု​ဟာ ​အ​သက်​ငယ်​ချိန်​မှာ ​စ​တင်​ပြန့်​ပွား​ပေ​မယ့် ​အ​သည်း​ကင်​ဆာ​က ​အ​သက်​ကြီး​ပိုင်း​ကျ​မှ ​ဖြစ်​ပေါ်​တာ ​များ​ပါ​တယ်။

အ​သည်း​ကင်​ဆာ​ဖြစ်​ရ​တဲ့ ​အ​ကြောင်း​ရင်း​တွေ​ကို ​ဒေ​သ​ခံ ၆၀ ​ရာ​ခိုင်​နှုန်း​လောက်​က​တော့ ​နား​လည်​ပြီ​လို့ ​ထင်​ပါ​တယ်၊ ​အ​သည်း​ကပ်​ပါး​ကို​လည်း ​သ​တိ​ထား​မိ​ကြ​ပါ​ပြီ ​ဆို​ပြီး Dr. Sripa ​က ​ပြော​ပါ​တယ်။

ဒါ​ပေ​မယ့် ၁၀ ​ရာ​ခိုင်​နှုန်း​လောက်​က​တော့ ​ငါး​စိမ်း​ကို ​ဆက်​စား​နေ​ကြ​ဆဲ​ဖြစ်​ပြီး ​သူ​တို့​တွေ​ဟာ ​မ​ပြောင်း​လဲ​နိုင်​ကြ​ဘူး၊ ​ဒါ​ကြောင့် ​ကျ​နော်​တို့​အ​နေ​နဲ့ ​ပတ်​ဝန်း​ကျင်​ကို ​ပြောင်း​လဲ​ပေး​သင့်​တယ်၊ ​ငါး​တွေ​ကို ​ရော​ဂါ​ကူး​စက်​မှု​နည်း​အောင်၊ ​ပို​မို​သန့်​ရှင်း​အောင် ​လုပ်​ရ​မယ်​လို့​လည်း ​ဆို​ပါ​တယ်။

ဒါ့​အ​ပြင် ​ကပ်​ပါး​ပိုး ​ဥ​အ​ရေ​အ​တွက်​လျော့​နည်း​သွား​စေ​ဖို့ ​လူ​တွေ ​အိမ်​သာ​သုံး​ကြ​ဖို့​နဲ့ ​ရေ​ကန်​ထဲ​ကို ​အ​ညစ်​အ​ကြေး​မ​စွန့်​ကြ​ဖို့ ​ပ​ညာ​ပေး​အ​စီ​အ​စဉ်​ရဲ့ ​အ​ခန်း​က​ဏ္ဍ​တစ်​ခု​အ​နေ​နဲ့ ​အ​လေး​ထား ​လုပ်​ဆောင်​နေ​ကြ​ပါ​တယ်။

အ​ခု​လို ​စည်း​ရုံး​လှုံ​ဆော်​မှု​တွေ ​လုပ်​နေ​တဲ့​ရွာ​တွေ​မှာ ​ကပ်​ပါး​ကြောင့် ​ရော​ဂါ​ဖြစ်​ပွား​မှု​နှုန်း ​အ​တော်​ကျ​ဆင်း​လာ​ပြီး ​တ​ချို့​နေ​ရာ​မှာ​ဆို ၁၀ ​ရာ​ခိုင်​နှုန်း​အောက်​ထိ ​ကျ​ဆင်း​လာ​ပါ​တယ်။

အ​သည်း​ကင်​ဆာ​ဖြစ်​ပွား​မှု​နှုန်း ​ကျ​ဆင်း​အောင် ​ပို​မို​အ​ချိန်​ပေး​လုပ်​ဆောင်​ရ​မှာ​ဖြစ်​ပေ​မယ့် ​လူ​ငယ်​တွေ​ရဲ့ ​စိတ်​နေ​သ​ဘော​ထား ​ပြောင်း​လဲ​လာ​မှု​က ​အား​တက်​ဖို့​ကောင်း​လာ​ပါ​တယ်။

အ​သက် ၇၁ ​နှစ်​အ​ရွယ် Kamphan Sapsombat ​ဆို​သူ ​အ​ဖိုး​အို​ဟာ ​ခွဲ​စိတ်​လို့​မ​ရ​နိုင်​တော့​တဲ့ ​ကင်​ဆာ​ကျိတ်​ကြောင့် ​ဆေး​ရုံ​မှာ ​တက်​ရောက်​ကု​သ​နေ​ရ​ပါ​တယ်။ ​သည်း​ခြေ​ရည်​ပွှန် ​ပိတ်​တဲ့​လ​က္ခ​ဏာ​အ​ဖြစ် ​သူ့​ရဲ့​အ​သား​အ​ရောင်​နဲ့ ​မျက်​လုံး​တွေ​ဟာ ​အ​ဝါ​ရောင်​အ​ဖြစ် ​ပြောင်း​လဲ​နေ​ပါ​ပြီ။

သူ့​ရဲ့​သ​မီး​ဖြစ်​သူ Rattana ​က ​သူ့​အ​ဖေ​ဟာ ​ငါး​ကို ​အ​စိမ်း​စား​လာ​တာ ​တ​သက်​လုံး​ပါ​ပဲ​လို့ ​ပြော​ဆို​ခဲ့​ပြီး ​ကျန်​တဲ့​သူ​တို့​မိ​သား​စု​တွေ​က​တော့ ​မ​ကြာ​သေး​ခင် ​နှစ်​တွေ​အ​တွင်း​က​ပဲ ​ငါး​စိမ်း​စား​တာ ​ရပ်​လိုက်​ပြီ​လို့ ​ပြော​ပါ​တယ်။

သူ့​အ​ဖေ​ရဲ့​ဘ​ဝ​လို ​အ​ဆုံး​သတ်​ရ​မယ့် ​အ​သက်​ဘေး​အ​န္တ​ရာယ်​ကို ​သူ​တို့ ​ကောင်း​ကောင်း​ကြီး ​နား​လည်​ခဲ့​ကြ​ဖြစ်​ပါ​တယ်။

(​အ​ရှေ့​တောင်​အာ​ရှ ​သ​တင်း​ထောက် Jonathan Head ​ရေး​သား​တဲ့ Deadly dish: the dinner that can give you cancer ​ဆောင်း​ပါး​ကို ​ဆီ​လျှော်​အောင် ​ပြန်​ဆို​တင်​ပြ​ထား​တာ ​ဖြစ်​ပါ​တယ်။)

BBC Burmese



တီယန်ကျင်းပေါက်ကွဲမှုအပြီး လူထောင်ပေါင်းများစွာ ယာယီတဲတွေမှာ အိပ်စက်ခဲ့ရ


ပေါက်​ကွဲ​မှု ​ဖြစ်​ပေါ်​ရာ ​ကုန်​လှောင်​ရုံ​ကို ​ဓာ​တု ​ကျွမ်း​ကျင်​သူ ​အ​ဖွဲ့​တွေ ​ကို ​စေ​လွှတ်​ထား။ 
 တရုတ် နိုင်ငံ ဆိပ်ကမ်းမြို့ တိယန်ကျင်း ရဲ့ စက်မှုဇုံ ဝင်း ကြီး တစ်ခုလုံး ပျက်စီး သွားစေခဲ့တဲ့ မှာ ကြီးမားတဲ့ ပေါက်ကွဲမှု ကြီး ၂ ခု ဖြစ်ပေါ် ခဲ့အပြီး မှာ အခုဆိုရင် လူပေါင်း သုံးထောင့် ငါးရာကျော် ဟာ ယာယီ ကယ်ဆယ်ရေး တဲတွေ မှာ ည အချိန် ကို ဖြတ်သန်း ကျော်လွန် ခဲ့ရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေနဲ့ ဓာတ်ငွေ့တွေ သိုလှောင်ရာ ကုန်လှောင်ရုံ မှာ မီးသတ်သမားတွေ ဟာဆက်လက် မီး ငြိမ်းသတ် နေရဆဲ ဖြစ်ပြီး၊ အဲဒီ့ နေရာ ကို ဓာတု ကျွမ်းကျင်သူ အဖွဲ့တွေ ကိုလည်း စေလွှတ် ထားပါတယ်။

ပေါက်ကွဲ မှုတွေ ကြောင့် အနည်းဆုံး လူ ငါးဆယ် သေဆုံး ခဲ့ရပြီး ဒဏ်ရာရသူတွေ လည်း ရာနဲ့ ချီပြီး ရှိ နေတဲ့ အတွက် အနီးအနား က ဆေးရုံတွေ မှာ လူနာ တွေ အားလုံးကို နိုင်နင်း အောင် ကုသ ပေးဖို့ အခက်တွေ့ နေရပါတယ်။

ဘာ့ကြောင့် အခုလို ပေါက်ကွဲ ခဲ့ရ သလဲ ဆိုတဲ့ အကြောင်းရင်းခံ ကို ဖော်ထုတ် မယ် ဆိုပြီး တရုတ် သမ္မတ ရှီကျင်းပင် က ပြောထားပါတယ်။

BBC Burmese

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်