ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း)
အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊ စူးရဲဖြာကျ၊
ဘဝနေပူ၊ စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။
ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊ မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။
သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊ ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊ သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
No comments:
Post a Comment