Tuesday, August 31, 2010

ညို – မောင်စိန်ဝင်း (ပုတီးကုန်း)

ဟိုး …. တောင်ထိပ်မှာ
မိုးရိပ်ညိုညို့၊ မှိုင်းရီဆို့လျှင်၊
ပိုလို့တမ်းတ၊ သတိရလျက်၊
ဖြေပြေခက်လို့ ….
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို …. ။

ဒါပါပဲကွယ် …
ပုံပြင်ရယ်ထား၊ အိပ်မက်များလို၊
မေ့သွားနိုင်ရိုး၊ အဖြစ်မျိုးလား၊
မြတ်နိုးနှောင်ရစ်၊ သောကမြစ်လျှံ၊
ချစ်ခြင်းဆင်းရဲ၊ မိုးသားမည်းညို၊
ပြိုမည်အုံးအုံး၊ မိုးထစ်ခြုံးပြီ ….
နှလုံးသားတောင်ထိပ်က …
အလွမ်းမိုးရိပ်တွေပါ ညို။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်