(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ၀ဘ်ဆိုက်တွေက လက်မခံခြင်း (၀ဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ၀ဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ
ဖိုင်ဖြေနည်း
(၁) ပုံ-၁ အတိုင်း ဖိုင်တစ်ဖိုင်ကို Download လုပ်ပြီးလို့ရလာတာနဲ့ ဘာနဲ့ဆုံးလဲ ကြည့်ရပါမယ် . rar နဲ့ ဆုံးလား .001, .002, 003 နဲ့ ဆုံးလားဆိုတာကို သေချာကြည့်ပါ . အခု .rar နဲ့ ဆုံးအတွက်အတွက်ကြောင့် win rar (သို့မဟုတ်) win zip နဲ့ ဖြေပါမယ် . ကျွန်တော်ကတော့ win rar နဲ့ ဖြေပြလိုက်ပါတယ် . Guest user အနေနဲ့ တင်ထားတဲ့ဖိုင်ဆိုရင် တစ်ပတ်ကြာလို့မှ Download လုပ်မယ့်သူမရှိရင် ပယ်ဖျက်ပစ်ပါတယ် . Free registered user အနေနဲ့ဆိုရင်တော့ အောက်မှာ ရေးပြထားပါတယ် . ဖတ်ကြည့်ပါ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဒါ့ကြောင့်မို့ Download လုပ်တဲ့သူလဲ အဆင်ပြေအောင် ၊ server မှာလဲ ရေရှည်ရှိနေအောင်လို့ ဖိုင်ဆိုက်ကို 50 လောက်အထိပဲ အများဆုံးထားပြီး တင်ပေးတာပါ .
How long are my files kept?
* Guest users, 7 days after last download
* Free registered users:
.... 90 days after last download for files below 100MB
.... 30 days after last download for files above 100MB
.... 14 days after last download for files above 200MB
(၂) ပုံ-၂ ပါအတိုင်း ကိုဖြေမယ့် ဖိုင်နံပါတ်(၁) (သို့) ဖိုင်တစ်ဖိုင်ဖိုင်ကို rightclick ထောက်ပြီး extract here ကို နှိပ်ပါမယ် .
(၃) ပုံ-၃ ပါအတိုင်း ဖိုင်တွေဖြေနေတာကို တွေ့ရမှာပါ ..
(၄) အားလုံးပြီးဆုံးသွားရင်တော့ ပုံ-၄ အတိုင်း ဖိုင်ဖြေထားပြီးသား အသစ်တစ်ဖိုင် ထပ်ပေါ်လာတာကို တွေ့ရမှာပါ . ကျွန်တော်တို့လိုချင်တာ အဲ့ဒီ့အသစ်ထပ်ပြီး ပေါ်လာတဲ့ ဖိုင်ကိုပါ . သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .
အထက်က ပုံကိုသိပ်နားမလည်ရင် movie နဲ့ပါ ဖိုင်ဖြေပြထားပါတယ် . အောက်မှာ movie ရှင်းပြချက် ဖိုင်ကို Download လုပ်လိုက်ပါ . တစ်ခုပြောပြပါဦးမယ် . ကျွန်တော် အခုလို အပင်ပန်းခံပြီး ရှင်းပြနေတာ . သင်ပြနေတာ ကျွန်တော် တော်လို့ တတ်လို့ မဟုတ်ပါဘူး . ကျွန်တော့်တုန်းက အပင်ပန်းခံခဲ့ရသလို အပင်ပန်းမခံ စေချင်လို့ပါ . ကျွန်တော့်ဆိုရင် ကွန်ပျူတာ စပြီး စာရိုက်သင်ခါစက "ဒ" ကို pagemaker မှာ ရိုက်မရလို့ ကျွန်တော့်ဆရာမှာမေးတာ သူကချက်ခြင်းမဖြေပဲ လဖက်ရည်ဆိုင် သွားလိုက် အအေးဆိုင်သွားလိုက်နဲ့ လုပ်နေတာပါ . သူသွားတဲ့နောက်ကို လိုက်နေရတာပါ . ဒါကျွန်တော် ဟာသပြောတာ မဟုတ်ပါဘူး . တစ်ချို့တွေဆိုရင် . ကျွန်တော် တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ ပြောပြပေးတာကို . ဆဲသွားတဲ့လူတွေက ရှိပါသေးတယ် . ကျွန်တော်တို့ မြန်မာတွေမှာ မကောင်းတဲ့ တစ်ချက်က အဲ့ဒါပဲဗျ . အလကားရတဲ့ အရာကို တန်ဖိုးမထားတတ်ကြဘူး . . ပိုက်ဆံပေးပြီး သင်ရမှ ကောင်းတယ်ထင်ကြတာ .
Download ifile.it ၊ Download multiupload
No comments:
Post a Comment