Thursday, May 5, 2011

Showing newest posts with label File ပြန်ဖြေမည့် နည်းလမ်းများ. Show older posts
Showing newest posts with label File ပြန်ဖြေမည့် နည်းလမ်းများ. Show older posts

Sunday, January 24, 2010

ဒါကတော့ အခုနောက်ပိုင်း လူသုံးများလာတဲ့ ဖိုင်ခွဲတဲ့ program တစ်ခုပါ . win rar တို့ win zip တို့နဲ့ ဖိုင်ခွဲလို့ရတာပဲ . ပြန်ဆက်လို့ ရတာပဲလို့ အတွန့်တက်လာ နိုင်ပါတယ် . ဘာ့ကြောင့် သူ့ကိုမှ သုံးရတာလဲဆိုရင် win rar တို့ win zip တို့နဲ့ ဖိုင်အကြီးကြီး (ဥပမာ DVD တစ်ချပ်ကို) 50 MB စီရှိတဲ့ ဖိုင်လေးတွေ ပြန်ခွဲထုတ် ချင်တယ်ဆိုရင်တော့ hjsplit နဲ့မှ မဟုတ်ရင် file ပြန်ပြီး ဖြည်တဲ့အချိန်ကျရင် error တွေ တက်တတ်ပါတယ် . Download လုပ်တုန်းက လုပ်ပြီးခါမှ error တက်နေရင် ရင်ကျိုးရချည်ရဲ့ မဟုတ်ဘူးလား . အခု ဒီကောင်လေးက ဘာ error မှ မဖြစ်ဘဲနှင့် အကောင်းဆုံး ခွဲ/ဆက် အလုပ်ကို လုပ်ပေးနိုင်ပါတယ် . သူ့ကို Install လုပ်စရာမလိုပါဘူး . သူ့ကို အသုံးပြုနည်းကို အရင်က ရေးခဲ့ပြီးပါပြီ . သူနဲ့ ဖိုင်တွေကို ခွဲထုတ်ရင် နောက်ဆုံးက 001, 002,003 အဲ့လိုမျိုး ဆုံးပါတယ် . အဲ့တော့ အကြမ်းဖျင်း သိထားရမှာက .rar နဲ့ဆုံးရင် win rar နဲ့ ဖိုင်ခွဲထားတယ်၊ .zip နဲ့ ဆုံးရင် win zip နဲ့ ဖိုင်ခွဲထားတာ၊ အဲ 001, 002,003 နဲ့ ဆုံးနေတဲ့ ဖိုင်တွေကို မြင်ရင် ဘာမှမတွေးနဲ့ အဲ့ဒါ hjsplit နဲ့ ဖိုင်ခွဲထားတာ အဲ့တော့ hj split နဲ့ပဲ ပြန်ဆက်လို့ရမယ်လို့ သိလိုက်ရင် အိုကေသွားပါပြီ .

Download ifile.it | Download mediafire | Download rapidshare

Tuesday, December 1, 2009

win rar ဖြင့် ဖိုင်ဖြေနည်း

Khine Pan Sone : အစ်ကိုရေ ဖိုင်တွေက ဘယ်လိုဖြေရမှာလဲ မသိဘူး . ms 2003 က Download လုပ်ပြီးပါပြီ . ဘယ်လိုဆက်လုပ်ရမှာလဲ ပြောပြပေးပါဦး .

ကျွန်တော် ဒါကို လွယ်လို့မရေးတာပါ . တော်တော်များများက ဖိုင်ဖြေနည်းကို မသိကြဘူး ဖြစ်နေတယ် . အဲ့ဒါကြောင့် ရေးလိုက်တာပါ . လွယ်ပါတယ် . ဖိုင်ဘာ့ကြောင့် အများကြီးခွဲပြီး တင်ရသလဲလို့ မေးချင်တဲ့ သူများအတွက် တစ်ခါတည်း ဖြေပေးပါ့မယ် . ဖိုင်တစ်ဖိုင်ကို 250 MB ရှိကြတယ်စိုပါစို့ဗျာ . အဲ့ဖိုင်ကို မခွဲပဲနဲ့ 250 MB တစ်ဖိုင်တည်း hosting site မှာ upload လုပ်ပြီး တင်လိုက်မယ်ဗျာ . တင်တဲ့သူဖက်က speed ကောင်းရင်တော့ အိုကေမယ် . အဲ့လိုတင်လိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေဖြစ်လာမလဲ
(၁) Download လုပ်တဲ့သူဖက်မှ အချိန်ကြာမြင့်စွာ Download လုပ်ယူရခြင်း
(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ၀ဘ်ဆိုက်တွေက လက်မခံခြင်း (၀ဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ၀ဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ


ဖိုင်ဖြေနည်း
(၁) ပုံ-၁ အတိုင်း ဖိုင်တစ်ဖိုင်ကို Download လုပ်ပြီးလို့ရလာတာနဲ့ ဘာနဲ့ဆုံးလဲ ကြည့်ရပါမယ် . rar နဲ့ ဆုံးလား .001, .002, 003 နဲ့ ဆုံးလားဆိုတာကို သေချာကြည့်ပါ . အခု .rar နဲ့ ဆုံးအတွက်အတွက်ကြောင့် win rar (သို့မဟုတ်) win zip နဲ့ ဖြေပါမယ် . ကျွန်တော်ကတော့ win rar နဲ့ ဖြေပြလိုက်ပါတယ် . Guest user အနေနဲ့ တင်ထားတဲ့ဖိုင်ဆိုရင် တစ်ပတ်ကြာလို့မှ Download လုပ်မယ့်သူမရှိရင် ပယ်ဖျက်ပစ်ပါတယ် . Free registered user အနေနဲ့ဆိုရင်တော့ အောက်မှာ ရေးပြထားပါတယ် . ဖတ်ကြည့်ပါ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဒါ့ကြောင့်မို့ Download လုပ်တဲ့သူလဲ အဆင်ပြေအောင် ၊ server မှာလဲ ရေရှည်ရှိနေအောင်လို့ ဖိုင်ဆိုက်ကို 50 လောက်အထိပဲ အများဆုံးထားပြီး တင်ပေးတာပါ .

How long are my files kept?
* Guest users, 7 days after last download
* Free registered users:
.... 90 days after last download for files below 100MB
.... 30 days after last download for files above 100MB
.... 14 days after last download for files above 200MB

(၂) ပုံ-၂ ပါအတိုင်း ကိုဖြေမယ့် ဖိုင်နံပါတ်(၁) (သို့) ဖိုင်တစ်ဖိုင်ဖိုင်ကို rightclick ထောက်ပြီး extract here ကို နှိပ်ပါမယ် .

(၃) ပုံ-၃ ပါအတိုင်း ဖိုင်တွေဖြေနေတာကို တွေ့ရမှာပါ ..

(၄) အားလုံးပြီးဆုံးသွားရင်တော့ ပုံ-၄ အတိုင်း ဖိုင်ဖြေထားပြီးသား အသစ်တစ်ဖိုင် ထပ်ပေါ်လာတာကို တွေ့ရမှာပါ . ကျွန်တော်တို့လိုချင်တာ အဲ့ဒီ့အသစ်ထပ်ပြီး ပေါ်လာတဲ့ ဖိုင်ကိုပါ . သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .



အထက်က ပုံကိုသိပ်နားမလည်ရင် movie နဲ့ပါ ဖိုင်ဖြေပြထားပါတယ် . အောက်မှာ movie ရှင်းပြချက် ဖိုင်ကို Download လုပ်လိုက်ပါ . တစ်ခုပြောပြပါဦးမယ် . ကျွန်တော် အခုလို အပင်ပန်းခံပြီး ရှင်းပြနေတာ . သင်ပြနေတာ ကျွန်တော် တော်လို့ တတ်လို့ မဟုတ်ပါဘူး . ကျွန်တော့်တုန်းက အပင်ပန်းခံခဲ့ရသလို အပင်ပန်းမခံ စေချင်လို့ပါ . ကျွန်တော့်ဆိုရင် ကွန်ပျူတာ စပြီး စာရိုက်သင်ခါစက "ဒ" ကို pagemaker မှာ ရိုက်မရလို့ ကျွန်တော့်ဆရာမှာမေးတာ သူကချက်ခြင်းမဖြေပဲ လဖက်ရည်ဆိုင် သွားလိုက် အအေးဆိုင်သွားလိုက်နဲ့ လုပ်နေတာပါ . သူသွားတဲ့နောက်ကို လိုက်နေရတာပါ . ဒါကျွန်တော် ဟာသပြောတာ မဟုတ်ပါဘူး . တစ်ချို့တွေဆိုရင် . ကျွန်တော် တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ ပြောပြပေးတာကို . ဆဲသွားတဲ့လူတွေက ရှိပါသေးတယ် . ကျွန်တော်တို့ မြန်မာတွေမှာ မကောင်းတဲ့ တစ်ချက်က အဲ့ဒါပဲဗျ . အလကားရတဲ့ အရာကို တန်ဖိုးမထားတတ်ကြဘူး . . ပိုက်ဆံပေးပြီး သင်ရမှ ကောင်းတယ်ထင်ကြတာ .

Download ifile.itDownload multiupload

Monday, November 2, 2009

window 7 DVD တစ်ချပ်ရလာဖို့ ဖိုင်ဖြေနည်း .

ဖိုင်တွေကို ပြန်မဖြေခင် Download လုပ်ထားတဲ့ဖိုင်တွေဟာ တစ်နေရာတည်းမှာ ရှိနေရပါမယ် . တစ်ဖိုင်ကို တစ်နေရာစီ ထားထားလို့မရပါဘူး . folder တစ်ခုတည်ဆောက်ပြီး အဲ့ဒီ့ထဲမှာ (47)ပိုင်းလုံး ထည့်ထားဖို့ လိုပါတယ် .

  • Download လုပ်ထားတဲ့ ဖိုင်တွေအားလုံးကို စစ်လိုက်ပါ . အားလုံးပေါင်း (47) ဖိုင်ရှိရပါ့မယ် .
  • ရလာတဲ့ဖိုင်တွေကို select all (ctrl+a) ပေးပြီး right click >> properties နှိပ်လိုက်ပါ . (2.14 GB) ရှိရပါ့မယ် . မရှိရင် မရပါဘူး . မရှိရင် ဖိုင်တစ်ဖိုင်ဖိုင်ဟာ download လုပ်နေရင်းနဲ့ ပြုတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ် . (2.14 GB) မရှိရင် တစ်ဖိုင်ချင်းစီကို right click ထောက်ပြီး လိုက်ကြည့်ပါ . (part-1) ကနေ (part-46) အထိ တစ်ဖိုင်ကို (47.6 MB) စီရှိရပါ့မယ် . မရှိတဲ့ဖိုင်ရှိရင် အဲ့ဒီ့ အပိုင်းကို ပြန်ပြီး download လုပ်ပါ .
ဖိုင်ပြန်ဖြေဖို့ နှင့် DVD တစ်ချပ်ရလာဖို့ ဘာတွေလိုအပ်လဲ
  1. လိုအပ်တာက winrar လိုမယ် . Nero version 8 နှင့် အထက်လိုအပ်ပါတယ် . winrar မရှိရင် ဒီမှာ download လုပ်ယူနိုင်ပြီး nero 8 မရှိရင်တော့ ဒီမှာ ယူနိုင်ပါတယ် .အဲ့ဒီ့ နှစ်ခုစလုံးကို download လုပ်ပြီးတာနဲ့ install လုပ်ထားလိုက်ပါ .
  2. အပေါ်က အားလုံးအိုကေပြီဆိုရင်တော့ part(1) ကို right click ထောက်ပြီး extract here ကို နှိပ်လိုက်ပါ iso file တစ်ဖိုင်ရလာပါလိမ့်မယ် .ရလာတဲ့ iso ဖိုင်ကို double click နှိပ်လိုက်တာနဲ့ . nero နဲ့ burn မှာလားလို့ မေးလာပါလိမ့်မယ် . burn ကို နှိပ်လိုက်ပါ . DVD room က DVD ထည့်ဖို့အတွက် . ထွက်လာပါလိမ့်မယ် . ဘာမှမရှိတဲ့ DVD တစ်ချပ်ကို ထည့်ပေးလိုက်ပါ . သူ့ဟာသူ burn နေပါလိမ့်မယ် .

ရှင်းပြထားတဲ့ movie file က အောက်မှာပါ .
Download mediafireDownload ifile.it
ဆက်လက်ဖတ်ရှု့ရန် ...

Monday, July 20, 2009

HJSplit ဖြင့် ဖိုင်ဖြေနည်း ..

ကဲ ပထမဦးဆုံး Program ကို အရင် Download လုပ်လိုက်ပါဦး . အရင်က ဒီပို့စ်မှာ တင်ထားပေး ပါတယ် . Download လုပ်ပြီးတာနဲ့ အောက်ကပုံအတိုင်း ကိုဖြေမယ့်ဖိုင်တွေကို တစ်နေရာတည်းမှာ စုထားလိုက်ပါ .. ပုံနှင့် တစ်ပုံချင်းစီ ပြထားပါတယ် . ပုံသေးနေရင် ကလစ် နှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ် ..


ပုံ(၁)


ပုံ(၂)

ပုံ(၃)

ပုံ(၄)

Saturday, July 11, 2009

Win Rar

WinRAR is a 32-bit Windows version of RAR Archiver, an archiver and archive manager. RAR files can usually compress content by 8 percent to 15 percent more than ZIP files can.
ကဲ အင်တာနက်သုံးတဲ့သူတိုင်းရဲ့ မသိမဖြစ် Win Rar လာပါပြီ ..


Download MegauploadDownload RapidshareDownload 4shared

Download 7-Zip 4.6

7-Zip is a file archiver with the high compression ratio. The program supports 7z, ZIP, CAB, RAR, ARJ, LZH, CHM, GZIP, BZIP2, Z, TAR, CPIO, RPM and DEB formats. Compression ratio in the new 7z format is 30-50% better than ratio in ZIP format.
နောက်ထပ် ဖိုင်ခွဲနည်းတစ်နည်းပါ .. ကျွန်တော်ပြောခဲ့တဲ့ 7zip ပါ .. မရှိသေးရင် Download လုပ်ထားကြပါ ..

Download MegauploadDownload RapidshareDownload MediafireDownload 4shared

HJSplit 2.3

It splits files of any type and size. Does not need to be installed. Just click on hjsplit.exe and the program starts. HJSplit ဆိုတာဘာလဲဆိုရင် သူကလဲ ဖိုင်တွေကို win rar လို မျိုး ပါပဲ ဖိုင်တွေကို အပိုင်းပိုင်းခွဲထုတ်လို့ရတယ် ပြီးရင် ပြန်ဆက်လို့လဲရတယ် . hosting ဆိုက်တွေမှာ ဖိုင်တင်တဲ့အခါ လိုင်းကောင်းတဲ့သူတွေအတွက် တစ်ခါတည်းနှင့် 100 MB ကိုတင်လို့ရပေမယ့် .. Download လုပ်တဲ့ မြန်မာပြည်ကလို အင်တာနက် speed နှေးတဲ့နေရာမျိုးကနေဆိုရင် 100MB ကို မနည်း Download လုပ်ရမယ် . ဒီကြားထဲ Downloader တွေနဲ့ ကြားကန်ပြီး Download လုပ်တာဆိုရင် နဲနဲသက်သာဦးမယ် . Browser ကပေးတဲ့ Downloader နဲ့သာဆိုရင် မချောင်ဘူး . ပြုတ်ကျသွားလိုက် အသစ်က ပြန်စလိုက်နဲ့ 100 MB ကို ဘယ်နှစ်ရက်လောက် Download လုပ်ရမလဲမသိဘူးလေ . အဲတင်တဲ့သူက 100 MB ကို 5 ပိုင်းခွဲတင်ပေးလိုက်မယ်ဆိုရင် .. တင်တဲ့သူအတွက် အလုပ်နဲနဲ ရှုပ်ပေမယ့် .. Download လုပ်ရတဲ့သူအတွက် ပိုပြီးအဆင်ပြေတာပေါ့ .. အခု HJSplit က အဲလို ဖိုင်တွေကို ခွဲထုတ်ပေးတဲ့ software ပါပဲ .. HJ နဲ့ ခွဲထားတဲ့ ဖိုင်တွေကို HJSplit program နဲ့သာလျှင် ပြန်ဆက်လို့ရပါတယ် .. နောက်တစ်ခုက HJ နဲ့ခွဲထားလား မခွဲထားလား သိချင်တယ်ဆိုရင် ရလာတဲ့ File Format ရဲ့နောက်ပိုင်းမှာ 001,002,003 ... အဲ့လိုမျိုး အဆုံးသတ်ပါတယ် .. Rar နဲ့ဖိုင်ခွဲလို့ရှိရင် Format ရဲ့နောက်ဆုံးမှာ .rar .. win zip နဲ့ ဆိုရင် .zip အဲ့လို အဆုံးသတ်ပါတယ် .. သဘောပေါက်မယ်လို့ထင်ပါတယ် ..
Download 4sharedDownload MediafireDownload MegauploadDownload Rapidshare

No comments:

Post a Comment

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်