Saturday, May 14, 2011

Windows xp မြန်မြန်သုံးမယ် - (၂)

Original writer ~ သံလုံငယ်

လက်ရှိအသုံးပြုနေတဲ့ ၀င်းဒိုးကို (အခုမှ တင်လိုက်တာပဲဖြစ်ဖြစ်၊ သုံးတာကြာနေပြီပဲဖြစ်ဖြစ်) မလိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဖြုတ်ပစ်ပြီး မိမိကွန်မျူတာကို performance တိုးလာအောင် လုပ်ကြည့်တာပါ။ တကယ်မြန်လား မမြန်လား ကိုယ်တိုင်စမ်းသပ်ကြည့်ပေးပါဦး။ အခုလုပ်မှာက မလိုအပ်တဲ့ လုပ်ဆောင်မှု တွေ ကို disable လုပ်ထားပြီး RAM စားသက်သာအောင် လုပ်တာဖြစ်လို့ အန္တရာယ်ကင်းပါတယ်။










၁။  အောက်က registry ဖိုင်နှစ်ခုကို run ပေးပါ။ windows ရဲ့ ပုံမှန်လုပ်နေတဲ့ အလုပ်တွေကို safe ဖြစ်တဲ့ အမြန်ဆုံး Value ပြောင်းပေးဖို့ပါ။ (rar ဖိုင်နဲ့ ချုံ့ထားတာပါ။ ဖြည်လိုက်ရင် reg ဖိုင်ရလိမ့်မယ်။ Double-click နှိပ်ပေးလိုက်ပါ)


Download link ~  Tweak Windows XP 
Download link ~  Restore Default Settings

၂။  Desktop ပေါ်မှာ Right-click လုပ်ပြီး Properties ကို နှိပ်ပေးပါ။ ပြီးရင် Appearance tab ထဲက Effects uncheck လုပ်ပေးပါ။ (uncheck လုပ်ရမှာတွေကို အနီနဲ့ပြပြီး check လုပ်ရမှာတွေကို အပြာနဲ့ပြပါ့မယ်)


a.) Use the following transition effect for menus & tooltips.
b.) Show shadows under menus.
ကိုနှိပ်ပါ။ အောက်မှာ ရေးပေးထားတဲ့ functions နှစ်ခုကို












၃။ My Computer မှာ Right-click လုပ်ပြီး Properties ကိုနှိပ်ပါ။ (Shortcut key ... Win+Pause/Break )
Advanced tab ထဲမှာ Performance section အောက်က Settings ကိုနှိပ်လိုက်ပါ။
Visual Effects tab ထဲက မလိုအပ်တာတွေ Disable လုပ်ပစ်မှာဖြစ်ပါတယ်။ Custom ကိုနှိပ်ပြီး အောက်က ငါးခု ထားခဲ့ပါ။ ကျန်တာ disable ပေးလိုက်ပါ။

a.) Show window contents while dragging
b.) Smooth edges of screen fonts
c.) Use common tasks in folders
d.) Use drop shadows on icon labels on the desktop
e.) Use visual styles on windows and buttons




၎။ Tools - Folder Options က View tab click ပါ။ အောက်ပါ Options များကို ဖြုတ်ပေးပါ။

a.) Automatically search for network folders & printers.
b.) Display file size information in folder tips.
c.) Display simple folder view in Explorer's Folders list.
d.) Show encrypted or compressed NTFS files in color.
e.) Show pop-up description for folder and desktop icons.
f.) Use simple file sharing.

























၅။  RUN ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး။ Start up ထဲက မလိုအပ်တာတွေ Disable ပေးလိုက်ပါ။ ကျနော်ကတော့ Disable All ပဲ ပေးလိုက်တယ်။ Kaspersky လို Anti တွေက သူ့ဘာ သာ ပြန် check လုပ်ပေးပေမယ့် NOD 32 လိုကောင်တွေက ကိုယ်ပြန်ဖွင့်ပေးမှ Start up ပြန်ဖြစ်ပါ တယ်။ VGA driver တွေကိုလည်း disable ပေးလိုက်တာ ပိုကောင်းပါတယ်။ (၀င်းဒိုးအတွက် လိုအပ် တဲ့ driver က System 32 ထဲရောက်ပြီးသားပါ။ Start up ထဲပါနေတာက သူ့ရဲ့ အခြား performance တွေဖြစ်ပါတယ် ) Disable All ပေးလိုက်လို့ ပြဿနာ တက်သွားမှာ မရှိပါဘူး။


၆။ Control Panel ထဲက Sound & Audio Devices ကိုဖွင့်ပါ(or type mmsys.cpl in RUN)။ Sounds tab ထဲမှာ No Sounds ပေးလိုက်ပါ .. Sound Scheme section ထဲမှာ ရှိပါတယ်။ အားလုံးမဖြုတ်ချင်ဘူး အသံလေးတွေ Alert လေးတွေ ကြိုက်တယ်ဆိုရင်တော့ ထားနိုင်ပါတယ်။ ဒါပေမယ့် အောက်က လေးခုကိုတော့ No sound ပေးထားသင့်တယ်။
Exit Windows, Start Windows, Windows Logoff, Windows Logon
(ကျနော်ပြောခဲ့သလိုပေါ့ ... အသံပါမှ ကြိုက်တယ်ဆိုရင်တော့ ထားနိုင်ပါတယ်။ မိမိအဆင်ပြေဖို့က အဓိကပါ။ အရမ်းကြီး လေးသွားတာမှ မဟုတ်တာလေ)





အားလုံးအဆင်ပြေလွယ်ကူမယ်ထင်ပါတယ်။ အခုမှ စဖတ်တဲ့လူတွေလည်း ကျနော်ပြောတဲ့နေရာတွေ ရှာတွေ့ကြမယ်ထင်ပါတယ်။ အဆင်ပြေကြပါစေ ..

No comments:

Post a Comment

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်