Thursday, July 9, 2015

HQ-9 ဒုံးပျံစနစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် တစ်ခုတည်းသော တိုက်ချင်းပစ်ဒုံးပျံကာကွယ်ရေး နှင့် ရေဒါပျောက် လေယာဉ်များကို ချေမှုန်းနိုင်သော ဒုံးပျံစနစ်ပါ။ ဒါ့အပြင် အီလက်ထောနစ်နှောက်ယှက်မှု များဖြင့် မတားဆီးနိုင်သော Antjamming & antiradiation စနစ်များအပါအဝင် ကိုယ်ပိုင်ရေဒါလမ်းညွန် စနစ်ပါဝင်သော ဒုံးပျံများ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံက နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့သော တရုတ်နိုင်ငံ ကာကွယ်ရေး စက်ရုံများထံမှ စနစ်၁၂ခုထိ နည်းပညာပူးပေါင်းထုတ်လုပ်ရန် ကမ်းလှမ်းခံခဲ့ပြီး နာမည်ကြီးခဲ့သော စနစ်လဲဖြစ်ပါတယ်။ HQ-9 သို့မဟုတ် မီးလျံနီ လို့ နာမည်တွင်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ရုရှားနိုင်ငံရဲ့ S-300 အမေရိကန်ရဲ့ MIM-104 Patriot တို့ကို လေ့လာကာ ၁၉၉၀ပြည့်လွန်တွင် CPMIEC ကုမ္မနီမှ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၀ပြည့်လွန် နှစ်များဆီက တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ရုရှားနိုင်ငံမှ S-300P နှင့် S-300V အမျိုးအစားများကို ဝယ်ယူအသုံးပြုခဲ့ပြီး၊ စနစ်များတွင် တွဲဖက်ကာ ပြည်တွင်းဖြစ် ဒုံးပျံများအသုံးပြုနိုင်ရေး စတင်ကြိုးပမ်းရာမှ ကိုယ်ပိုင် စနစ်တစ်ခု ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment

အင်တာနက်မြန်နှုန်းစမ်းရန်နှင့်အချိန်