Wednesday, August 26, 2015
MYANMAR NAVY
Supernyi Soe added 5 new photos from August 24.
မြန်မာ့တပ်မတော်ရဲ့ Blue water navy တည်ဆောက်နေမှုနဲ့ UMS Kyansitther ( F-12 )2014 နှစ်လယ်ပိုင်းအရောက်မှာ F 12 ဆိုတဲ့ stealth နည်းပညာသုံး UMS ကျန်စစ်သား Frigate တစ်စင်း myanmar navy မှာတပ်တော်ဝင်နိုင်ခဲ့တယ်. ပုံမှန်အားဖြင့်တော့ Frigate စစ်သင်းဘောတစင်း ဝင်ရောက်လာတာ မထူးဆန်းပေမယ့် Stealth နည်းပညာနဲ့ အဆင့်မြင့် frigate တစင်းဆိုတဲ့ အချက်ကတော့ ကိုယ်ပိုင် frigate တွေ တည်ဆောက်နိုင်ခြင်းမရှိကြတဲ့ ယိုးဒယား ဘင်းဂလား အပါဝင် ဒေသတွင်းပြိုင်ဘက်များ အတွက်တော့ အထူးတလည် စိတ်ဝင်တစားသတိထား စောင့်ကြည့်ရတော့မယ့် အခြေနေတခု ဖြစ်လာခဲ့ပါတယ်.
နှစ်ပေါင်း ၂၀ ကျော်ရင်းနှီးလာခဲ့တဲ့ project ကြီးဟာ 2008 ခုနှစ်မှာ UMS အောင်ဇေယျ( F11)ဆိုတဲ့ Frigate တစင်းစတင်တပ်တော်ဝင်လာပြီးနောက်ပိုင်း အာရှမှာ လက်တဆုပ်စာသာရှိတဲ့ frigate တည်ဆောက်နိုင်တဲ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်လာပြီး နောက် ၄ နှစ်အကြာ 2012 ခုနှစ်အရောက်မှာတော့ F12 ကိုစတင်အသက်သွင်းနိုင်ခဲ့တယ် . အရှိန်ရလာတဲ့ myanmar navy ဟာ F12 ကိုရေချပြီးမကြာခင် 491 လို stealth နည်းပညာသုံး FAC ( fast attack missile craft )တွေ 773 တပင်ရွှေထီးလို light frigate တွေအပြင် UMS ဆင်ဖြူရှင် ( F 14 ) တွေကိုပါ တလဆက် ရေချပြနိုင်ခဲ့တယ်.
( Kyansitther Class Frigate ) F12 ကျန်စစ်သား ဟာ ရေဒါပုံရိပ်ဖမ်းယူနိုင်မှု RCS ( radar cross section ) ကို များစွာလျော့ချပေးနိုင်တဲ့ stealth နည်းပညာသုံး frigate အမျိုးစားဖြစ်ကာ 108m ရှည်လျားပြီး တန်ချိန် 3000 ခန့်ရှိတယ်. ရေမိုင် တနာရီကို ၃၀ ထိ ခုတ်မောင်းနိုင်ကာ မိုင်ပေါင်း ၃၈၀၀ ကျော်ထိခြေဆန့်နိုင်ပြီး ရေပြင်ပိုင်နက်ကို အပြည့်ဝအကာကွယ်ပေးနိုင်မှာဖြစ်တယ်. ရေပြင် ဝေဟင်တွေကို ထောက်လှမ်းနိုင်ဖို့ ဦးပိုင်းမှာ Hull mounted sonar ( HMS ) နဲ့ MK3 L band 2D search radar ကိုတပ်ဆင်ထားပြီး electronic suit နဲ့ weaponry system ပိုင်းတွေမှာ india russia နဲ့ china နည်းပညာတွေပူးတွဲအသုံးပြုထားတယ်.
Air defence အတွက်ကတော့ 30mm AK 630 gun ကိုတပ်ဆင်ထားပြီး အဆင့်မြင့် CIWS system ဖြစ်ကာ ရေယာဉ်ရဲ့ 3 mile အတွင်းဝင်ရောက်လာမယ့် antiship missile တွေ aircraft တွေနဲ့ မည်သည့်အရာမဆို တမိနစ်ကို ကျည်ချက်ပေါင်း ၅၀၀ ကျော်နဲ့ ပစ်ခက်ဖျက်ဆီးနိုင်တယ်. F 12 မှာ AK 630 CIWS ကို 4 နေရာတပ်ဆင်ထားတဲ့အတွက် လုံလောက်တဲ့ defence ရှိတယ်လို့ပြောရမယ် . Counter aircraft အတွက်ကတော့ တာတိုပစ် missile MANPAD 6 စင်းကိုသာတင်ဆောင်ထားတဲ့အတွက် အားရစရာ သိပ်မကောင်းပေမယ့်  Fleet Air Defence Role အတွက်တည်ဆောက်ထားတဲ့ F14 ဆင်ဖြူရှင်မှာတော့ တာလတ်ဝေဟင်ကာကွယ်ရေး missile ဖြစ်တဲ့ China ရဲ့ HQ 7 system ကိုထည့်သွင်းထားနိုင်တယ်လို့ သိရတဲ့အတွက် အားရစရာပဲဖြစ်တယ်.
Main gun အနေနဲ့ကတော့ ပြင်သစ်ရဲ့ super rapid gun ဖြစ်တဲ့ Oto Melara 76mm canon ကိုတပ်ဆင်ထားတယ်. Antishipping missile အနေနဲ့တော့ km 120 ထိ ပစ်ခတ်နိုင်မယ့် C802A 8 စင်းကိုတပ်ဆင်ထားပြီး F14 ဆင်ဖြူရှင်မှာတော့ km 280 လောက်ထိ ပစ်ခတ်ချေမှုန်းနိုင်တဲ့ C 602 အမျိုးစားကို တပ်ဆင်ထားမယ်လို့သိရတယ် .
ရေငုတ်သင်းဘောတိုက်ဖျက်ရေး ASW( antisubmarine warefare ) အတွက်ကတော့ torpedoes ပြွန်တွေ ASW rockets တွေ ASW decoy rockets တွေအပြင် ASW ကိုပြုလုပ်နိုင်မယ့်chopperအဖြစ် china Z9 တွေနဲ့ ရုရှားရဲ့ Kamov 27 ကို တင်ဆောင်တိုက်ပွဲဝင်နိုင်မှာဖြစ်တဲ့အတွက် enemy sub တွေကို ကောင်းမွန်စွာချိန်းခြောက်တုန့်ပြန်နိုင်မှာဖြစ်တယ်.
ယခုလို F12 F14 ကဲ့သို့ Kyansitther class frigate တွေကို ၅ စင်းထုတ်လုပ်ဖို့လျာထားကာ light frigate တွေဖြစ်တဲ့ 771 အနော်ရထာ 772 ဘုရင့်နောင် နဲ့ 773 တပင်ရွှေင်္ထီးအတန်းစား တွေကို 774 775 ထိထုတ်လုပ်နေပီဖြစ်ပြီး 491လို stealth FAC များ5 series အမြန်သွားဒုံးတပ်ယာဉ် FAC များကိုလည်း အသုတ်လိုက်ထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့ myanmar navy ကတော့ ဒေသတွင်းသာမက အာရှအဆင့်ကပါ စောင့်ကြည့်နေရတော့မယ့် အင်အားကြီးရေတပ်ကြီးတခု ဖြစ်လာတော့မှာသေချာနေပါကြောင်း ...
Monday, August 24, 2015
JF 17 BLOCK 2
ပါကစ္စတန်လေတပ်မှ ၂၀၁၅ခုနှစ် ဇွန်လထဲတွင် စတင်ထုတ်ဖော် ပြသခဲ့သော JF-17 Block ll တိုက်လေယာဉ်အား တွေ့မြင်ရစဉ်။
(တပ်ဆင်ထားသည့် လက်နက်များမှာ C-802A သဘောင်္ဖျက်ဒုံး နှစ်လုံး SD-10A မြင်တာလွန်ဒုံး နှစ်လုံး PL-5E ll တာတိုပစ်ဒုံး နှစ်လုံးနှင့် လီတာ ၈၀၀ဆန့် အပိုဆီတိုင်ကီတို့ ဖြစ်သည်)
(တပ်ဆင်ထားသည့် လက်နက်များမှာ C-802A သဘောင်္ဖျက်ဒုံး နှစ်လုံး SD-10A မြင်တာလွန်ဒုံး နှစ်လုံး PL-5E ll တာတိုပစ်ဒုံး နှစ်လုံးနှင့် လီတာ ၈၀၀ဆန့် အပိုဆီတိုင်ကီတို့ ဖြစ်သည်)
Thursday, August 20, 2015
တောင်နှင့် မြောက် ကိုရီးယားနိုင်ငံ စစ်တပ်များ တဖက်နှင်တဖက် ဒုံကျည်များ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်
news update 20August 2015
ယနေ့ မနက်ပိုင်းမှ စ၍ တောင်နှင့် မြောက်ကိုရီးယား နိုင်ငံ နယ်စပ် တလျှောက် တားဝေးပစ် ဒုံကျည်များ အဝေးပစ် အမြောက်ကြီး များဖြင့် တဖက်နှင့်တဖက် ပစ်ခတ်နေကြပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖေါ်ပြထားပါသည်။
မြောက်ကိုရီးယား နိုင်ငံဘက်က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄၈နာရီအတွင် မြောက်ကိုရီးယား နိုင်ငံဘက်သို့  ထုတ်လွှင့်နေသည့် အသံချဲစက်များ ပိတ်ပေးရမည်၊ အမေရိကန်တို့ နှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဆိုပါက မြောက်ကိုရီးယား စစ်တပ်များက စစ်ကြေငြာ၍ ဆိုးမြို့  (တောင်ကိုးရီးယားမြို့ တော်) ချီတက် သိမ်းပိုက်မည်ဟု ရာဇသံပေးထားပါသည်။
ယခုအချိန်တွင် နှစ်နိုင်ငံ စစ်တပ်များအား အမြင့်ဆုံး တပ်လှန့် ထားပြီး နိုင်ငံပိုင် မီဒီယာများမှ စစ်ပွဲဖြစ်ပွားနေသည်ကို တိုက်ရိုက် ပြသနေပါသည်။
လက်နက်ကြီး ကျည်ဆံများ တာဝေးပစ်ဒုံကျည်များ နှစ်နိုင်ငံ နယ်စပ်တွင် ဆက်တိုက် ပေါက်ကွဲနေပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ မသိရသေးကြောင်း သတင်းများတွင် ဖော်ပြနေကြပါသည်။
ကိုကား APS. Korea shells North after rocket attack
Social Action for Women - SAW
Friday, August 14, 2015
ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ ဟင်းတခွက်
ဒေသခံတွေရဲ့ အနှစ်ခြိုက်ဆုံး ရိုးရာအစာတစ်ခုဖြစ်တဲ့ koi plaa ငါးစင်းကော |
ထိုင်းနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက် နေထိုင်ကြတဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ပင်လယ်နဲ့ဝေးတဲ့ Isaan (အီစံ) ကုန်းပြင်မြင့်ဟာ ခြောက်သွေ့ပြီး အဲဒီဒေသမှာနေထိုင်သူ အများစုဟာ လာအိုမျိုးနွယ်စုတွေ ဖြစ်ကြသလို ဆင်းရဲနွမ်းပါးသူတွေလည်း ဖြစ်ကြပါတယ်။ လာအိုနိုင်ငံကတော့ ရရာ အဆင်ပြေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်သုံးပြီး ခပ်စပ်စပ် ချက်တဲ့ ဟင်းချက်နည်းအဆန်းတွေကြောင့် လူသိများကြပါတယ်။
Isaan ဒေသက မြစ်တွေ ကန်တွေ ရှိတဲ့နေရာမှာဆို ဖမ်းမိတဲ့ ငါးသေးလေးတွေကို အစိမ်းလိုက်နုပ်နုပ်စင်း၊ ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်တွေ၊ သံပုရာရည်နဲ့ ခါချဉ်ကောင်အရှင်တွေထည့်ပြီး လက်နဲ့ရောနယ်ထားတဲ့ koi plaa ခေါ် အနံ့စူးတဲ့ ငါးစင်းကောသုတ် တစ်မျိုးဟာ ဒေသခံတွေရဲ့ အနှစ်ခြိုက်ဆုံး ရိုးရာအစားအစာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟင်းလျာဟာ အသက်အန္တရာယ် ကြီးမားလှပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းဒေသက ဒေသခံတွေအကြား အသဲကင်ဆာဖြစ်ပွားမှုနှုန်း သိသိသာသာမြင့်တက်နေတာ နှစ်ပေါင်း ဆယ်နှစ်ကျော်ကြာနေပြီဖြစ်ပြီး အမျိုးသားတွေမှာဆို ကင်ဆာရောဂါ ဖြစ်ပွားသူတွေရဲ့ တဝက်ကျော်က အသဲကင်ဆာ ဖြစ်နေကြသူတွေပါ။
ဒီလို အသဲကင်ဆာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာဟာ ငါးစိမ်းရဲ့ အသားမှာပါတဲ့ liver fluke လို့ခေါ်တဲ့ သန်ကောင်ပြား ကပ်ပါးအမျိုးအစားတစ်ခုနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သိရှိနေတာ အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို ဒေသခံတွေရဲ့ စားသောက်ပုံ ပြောင်းလဲအောင် ငါးစင်းကောkoi plaa ကို စားခါနီးမှာ ပိုးသေအောင် မီးနဲ့ချက်စားဖို့ တိုက်တွန်းနှိုးဆော်မှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကပဲ ကြိုးစားလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
အညစ်အကြေးစွန့်ရာကနေ ကပ်ပါးပိုး ဥတွေ ရေထဲကို ကျရောက် |
ငါးစားရာကနေ တဆင့် ခန္ဓာကိုယ်ထဲကို ကပ်ပါးပိုးတွယ်ကပ်ခံရသူတွေ အညစ်အကြေးစွန့်ရာကနေ အဲဒီပိုးတွေရဲ့ ဥတွေဟာ ရေထဲကို ပြန်လည်ကျရောက် သံသရာလည်ကြတာ ဖြစ်ပါတယ်။
Khon Kaen တက္ကသိုလ်ရှိ အပူပိုင်းဒေသရောဂါဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းက Dr. Banchob Sripa ကတော့ ဒီကပ်ပါးတွေ လူခန္ဓာကိုယ်တွင်း ကျရောက်တဲ့ ဆက်စပ်မှုကို လေ့လာနေတာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။
ဒီကပ်ပါးဟာ ကြားခံသက်ရှိရဲ့ ခန္ဓာကိုယ်တွင်း တစ်ရှူးကို ယောင်ယမ်းစေတဲ့ ဓါတုပစ္စည်းတမျိုးကို ထုတ်ပေးပါတယ်။ အဲဒီ ယောင်ယမ်းဒဏ်ရာဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ နာတာရှည် ဒဏ်ရာဖြစ်လာပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေတာလို့လည်း ဆိုပါတယ်။
တချို့ဒေသတွေမှာဆို လူ ၈၀ ရာခိုင်နှုန်းလောက်ဟာ ဒီကပ်ပါးကြောင့် အသည်းကင်ဆာဖြစ်တာကို သူတို့အဖွဲ့က လေ့လာတွေ့ရှိရပြီး တချို့ဆို ၄ နှစ်အရွယ်အထိ ငယ်ရွယ်သူတွေပင် ပါဝင်ကြကြောင်း၊ ဒါပေမယ့် အသက် ၅၀ မတိုင်ခင် အသဲကင်ဆာဖြစ်ပွားသူ ရှားပါးပြီး ဖြစ်လာရင်လည်း လူနာတွေအတွက် မျှော်လင့်ချက် အနည်းငယ်သာ ရှိနိုင်တယ်လို့ Dr. Banchob Sripa ကပြောပါတယ်။
သူတို့လေ့လာမှုတွေလုပ်နေတဲ့ တက္ကသိုလ်က ဆေးရုံမှာတော့ cholangiocarcinoma လို့ခေါ်တဲ့ သည်းခြေကင်ဆာ တစ်မျိုး ဖြစ်ပွားသူပေါင်းဟာ တနှစ်ကို ၂ ထောင်လောက် ရှိပြီး လူနာ ၂၀၀ ဝန်းကျင်လောက်ကိုသာ ကုသနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အသည်းတွင်းမှာဖြစ်နေတဲ့ ကင်ဆာကျိတ်ကို ဖြတ်ထုတ် ခွဲစိတ်ကုသတဲ့နည်းနဲ့ ကုပေးနေတာလို့လည်း Dr. Sripa ကပြောပါတယ်။
ကျန်တဲ့လူနာတွေကိုတော့ ရောဂါသက်သာစေတဲ့ဆေးပေး ကုသနည်းနဲ့ သည်းခြေရည်ပွှန်ကို စစ်ထုတ်ပေးတဲ့ နည်းတွေနဲ့ ကုပေးတယ်လို့ ဆိုပါတယ်။
အကောင်းဆုံး ထိရောက်တဲ့ ကုသမှုကတော့ ကြိုတင်ကာကွယ်မှုပဲ ဖြစ်ပါတယ်။
Dr. Sripa နဲ့အဖွဲ့ဟာ liver fluke သန်ကောင်ပြား ကပ်ပါး သက်ရောက်မှု အများဆုံးဖြစ်ပွားရာ ဒေသဖြစ်တဲ့ Khon Kaen တောင်ပိုင်းက Lawa Lake လို့ခေါ်တဲ့ စိုစွတ်တဲ့ဒေသတလျှောက်ရှိ ရွာတွေအတွက် ဒေသအခြေစိုက် ကျန်းမာရေး ပညာပေး သင်တန်းတခုကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ပညာပေး ဟောပြောတာဟာ နောက်မျိုးဆက်တွေကို အထောက်အကူ ဖြစ်စေပါတယ် |
ငါးစိမ်းစားတဲ့ ဘေးအန္တရာယ်ကို သိနိုင်ဖို့ ပညာပေးဟောပြောတာဟာ နောက်မျိုးဆက်တွေကို အထောက်အကူ ဖြစ်စေပါတယ်။
ဒေသတွင်းမှာ အဓိရောက်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီး ပညာပေးမှုတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေသတွင်းက အများရိုသေလေးစားတဲ့ ရပ်ရွာခေါင်းဆောင်တွေကို စုဆောင်းပြီး ဆွေးနွေးပြောဆိုတာတွေရှိသလို အရှေ့မြောက်ပိုင်း ဂီတနဲ့ဟာသနှော ပြောဆိုတာမျိုးတွေနဲ့လည်း အားဖြည့် ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါ့အပြင် ကိုယ်တွင်းကပ်ပါးကောင်တွေရဲ့ ဘဝစက်ဝန်းလည်ပတ်ပုံနဲ့ ပတ်သက်တဲ့ အလွယ်တကူနားလည်နိုင်မယ့် အချက်အလက်တွေကိုလည်း သီချင်းတွေအဖြစ် ရေးဖွဲ့စပ်ဆိုခဲ့ကြပါတယ်။
ကပ်ပါး သားလောင်းကောင်တွေဟာ ငါးအသားထဲမှာ နစ်မြုပ်နေတာဖြစ်ပြီး စားသုံးလိုက်ပါက လူ့အသည်းထဲမှာ သက်ကြီးကောင်တွေအဖြစ် ကြီးထွားလာပါတယ်။
ဒိနောက် ခန္ဓာကိုယ်တွင်းရောက်တဲ့ သက်ကြီးကောင်တွေက အုတဲ့ ဥတွေဟာ ခန္ဓကိုယ်က စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေနဲ့အတူ ရေထဲပြန်လည် ရောက်သွားပြီး အဲဒီဥက သားပေါက်တွေကိုစားတဲ့ ခရုတစ်မျိုးရဲ့ ခန္ဓာကိုယ်ကတဆင့် ငါးတွေရဲ့ကိုယ်ထဲ ဝင်ရောက်ကြတာဖြစ်ပါတယ်။
Dr. Sripa နဲ့အဖွဲ့ဟာ ဒေသတွင်းရှိ ရွာကလူတွေကို အသည်းထဲမှာ ကပ်ပါးပိုး ရှိမရှိ သိနိုင်ဖို့ သယ်ရလွယ်တဲ့ ultrasound စက်အသေးစားနဲ့ ရွာတွေကို လိုက်လံ စစ်ဆေးပေးပါတယ်။
အသက်ကြီးသူအတော်များများမှာ ကပ်ပါးပိုးသက်ရောက်မှုရှိနေတာ အံ့ဩစရာကောင်းလောက်အောင် တွေ့ရှိရပြီး ဒီအချက်က ဒေသခံတွေဟာ ငါးစိမ်းဆက်စားနေသေးတယ်ဆိုတာကို ပြသနေပါတယ်။
တခါတလေတော့ ချက်စားတယ်၊ ဒါပေမယ့် တခါတလေတော့ မေ့သွားတယ် ဆိုပြီး အသက် ၆၁ နှစ်အရွယ် Jongluck Laonongkwa ဆိုသူ အမျိုးသားကြီးက ပြောပါတယ်။ သူရဲ့ အသည်းမှာတော့ ကပ်ပါးကောင်တွေက ဖိစီးနေပြီ ဖြစ်ပါတယ်။
အသည်းကင်ဆာက အသက်ကြီးပိုင်းကျမှ ဖြစ်ပေါ်တာများ |
အသည်းကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဒေသခံ ၆၀ ရာခိုင်နှုန်းလောက်ကတော့ နားလည်ပြီလို့ ထင်ပါတယ်၊ အသည်းကပ်ပါးကိုလည်း သတိထားမိကြပါပြီ ဆိုပြီး Dr. Sripa က ပြောပါတယ်။
ဒါပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ကတော့ ငါးစိမ်းကို ဆက်စားနေကြဆဲဖြစ်ပြီး သူတို့တွေဟာ မပြောင်းလဲနိုင်ကြဘူး၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးသင့်တယ်၊ ငါးတွေကို ရောဂါကူးစက်မှုနည်းအောင်၊ ပိုမိုသန့်ရှင်းအောင် လုပ်ရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကပ်ပါးပိုး ဥအရေအတွက်လျော့နည်းသွားစေဖို့ လူတွေ အိမ်သာသုံးကြဖို့နဲ့ ရေကန်ထဲကို အညစ်အကြေးမစွန့်ကြဖို့ ပညာပေးအစီအစဉ်ရဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ အလေးထား လုပ်ဆောင်နေကြပါတယ်။
အခုလို စည်းရုံးလှုံဆော်မှုတွေ လုပ်နေတဲ့ရွာတွေမှာ ကပ်ပါးကြောင့် ရောဂါဖြစ်ပွားမှုနှုန်း အတော်ကျဆင်းလာပြီး တချို့နေရာမှာဆို ၁၀ ရာခိုင်နှုန်းအောက်ထိ ကျဆင်းလာပါတယ်။
အသည်းကင်ဆာဖြစ်ပွားမှုနှုန်း ကျဆင်းအောင် ပိုမိုအချိန်ပေးလုပ်ဆောင်ရမှာဖြစ်ပေမယ့် လူငယ်တွေရဲ့ စိတ်နေသဘောထား ပြောင်းလဲလာမှုက အားတက်ဖို့ကောင်းလာပါတယ်။
အသက် ၇၁ နှစ်အရွယ် Kamphan Sapsombat ဆိုသူ အဖိုးအိုဟာ ခွဲစိတ်လို့မရနိုင်တော့တဲ့ ကင်ဆာကျိတ်ကြောင့် ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။ သည်းခြေရည်ပွှန် ပိတ်တဲ့လက္ခဏာအဖြစ် သူ့ရဲ့အသားအရောင်နဲ့ မျက်လုံးတွေဟာ အဝါရောင်အဖြစ် ပြောင်းလဲနေပါပြီ။
သူ့ရဲ့သမီးဖြစ်သူ Rattana က သူ့အဖေဟာ ငါးကို အစိမ်းစားလာတာ တသက်လုံးပါပဲလို့ ပြောဆိုခဲ့ပြီး ကျန်တဲ့သူတို့မိသားစုတွေကတော့ မကြာသေးခင် နှစ်တွေအတွင်းကပဲ ငါးစိမ်းစားတာ ရပ်လိုက်ပြီလို့ ပြောပါတယ်။
သူ့အဖေရဲ့ဘဝလို အဆုံးသတ်ရမယ့် အသက်ဘေးအန္တရာယ်ကို သူတို့ ကောင်းကောင်းကြီး နားလည်ခဲ့ကြဖြစ်ပါတယ်။
(အရှေ့တောင်အာရှ သတင်းထောက် Jonathan Head ရေးသားတဲ့ Deadly dish: the dinner that can give you cancer ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုတင်ပြထားတာ ဖြစ်ပါတယ်။)
BBC Burmese
တီယန်ကျင်းပေါက်ကွဲမှုအပြီး လူထောင်ပေါင်းများစွာ ယာယီတဲတွေမှာ အိပ်စက်ခဲ့ရ
ပေါက်ကွဲမှု ဖြစ်ပေါ်ရာ ကုန်လှောင်ရုံကို ဓာတု ကျွမ်းကျင်သူ အဖွဲ့တွေ ကို စေလွှတ်ထား။ |
ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေနဲ့ ဓာတ်ငွေ့တွေ သိုလှောင်ရာ ကုန်လှောင်ရုံ မှာ မီးသတ်သမားတွေ ဟာဆက်လက် မီး ငြိမ်းသတ် နေရဆဲ ဖြစ်ပြီး၊ အဲဒီ့ နေရာ ကို ဓာတု ကျွမ်းကျင်သူ အဖွဲ့တွေ ကိုလည်း စေလွှတ် ထားပါတယ်။
ပေါက်ကွဲ မှုတွေ ကြောင့် အနည်းဆုံး လူ ငါးဆယ် သေဆုံး ခဲ့ရပြီး ဒဏ်ရာရသူတွေ လည်း ရာနဲ့ ချီပြီး ရှိ နေတဲ့ အတွက် အနီးအနား က ဆေးရုံတွေ မှာ လူနာ တွေ အားလုံးကို နိုင်နင်း အောင် ကုသ ပေးဖို့ အခက်တွေ့ နေရပါတယ်။
ဘာ့ကြောင့် အခုလို ပေါက်ကွဲ ခဲ့ရ သလဲ ဆိုတဲ့ အကြောင်းရင်းခံ ကို ဖော်ထုတ် မယ် ဆိုပြီး တရုတ် သမ္မတ ရှီကျင်းပင် က ပြောထားပါတယ်။
BBC Burmese
Subscribe to:
Posts (Atom)