တီယန်ကျင်းပေါက်ကွဲမှုအပြီး လူထောင်ပေါင်းများစွာ ယာယီတဲတွေမှာ အိပ်စက်ခဲ့ရ
![]() |
ပေါက်ကွဲမှု ဖြစ်ပေါ်ရာ ကုန်လှောင်ရုံကို ဓာတု ကျွမ်းကျင်သူ အဖွဲ့တွေ ကို စေလွှတ်ထား။ |
ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေနဲ့ ဓာတ်ငွေ့တွေ သိုလှောင်ရာ ကုန်လှောင်ရုံ မှာ မီးသတ်သမားတွေ ဟာဆက်လက် မီး ငြိမ်းသတ် နေရဆဲ ဖြစ်ပြီး၊ အဲဒီ့ နေရာ ကို ဓာတု ကျွမ်းကျင်သူ အဖွဲ့တွေ ကိုလည်း စေလွှတ် ထားပါတယ်။
ပေါက်ကွဲ မှုတွေ ကြောင့် အနည်းဆုံး လူ ငါးဆယ် သေဆုံး ခဲ့ရပြီး ဒဏ်ရာရသူတွေ လည်း ရာနဲ့ ချီပြီး ရှိ နေတဲ့ အတွက် အနီးအနား က ဆေးရုံတွေ မှာ လူနာ တွေ အားလုံးကို နိုင်နင်း အောင် ကုသ ပေးဖို့ အခက်တွေ့ နေရပါတယ်။
ဘာ့ကြောင့် အခုလို ပေါက်ကွဲ ခဲ့ရ သလဲ ဆိုတဲ့ အကြောင်းရင်းခံ ကို ဖော်ထုတ် မယ် ဆိုပြီး တရုတ် သမ္မတ ရှီကျင်းပင် က ပြောထားပါတယ်။
BBC Burmese
No comments:
Post a Comment